* PSG အသင်းရဲ့ နည်းပြ တူချယ်ကတော့ ရီးရဲမက်ဒရစ်နဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ တိုက်စစ်မှုး ကာဗာနီဟာ အသင်းမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့သလို၊ ကစားသမားဟာ အသင်းကနေ ထွက်ခွာသွားဖို့လဲ ဆန္ဒမရှိဘူးလို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

* ရီးရဲ နောက်တန်းကစားသမား မာဆယ်လိုကတော့ မိသားစုဝင်တွေနဲ့အတူ ဘရာဇီးက ရီယိုဒီဂျနေးရိုးကမ်းခြေမှာ အနားယူလျှက် ရှိနေပါတယ်။

* ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ် ကိုဗက်ကတော့ လီဝန်ဒေါ့စကီးဟာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ စပိန်သတင်းတွေက ဖော်ပြခဲ့ပြီးနောက်ပိုင်း၊ သူ့ကစားသမားဟာ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ ထုတ်ဖော်ပြောဆိုရင်း၊ အဲဒီ သတင်းတွေကို ငြင်းဆိုသွားခဲ့ပါတယ်။

* အသင်းခေါင်းဆောင်ကြီး ရာမို့စ်ကတော့ ဒီကနေ့မှာပဲ အသင်းဖော်တွေနဲ့အတူ ပြန်လည် ဆုံဆည်းလိမ့်မယ်လို့ သိရပါတယ်။

* မက်ဒရစ် အခြေစိုက် သတင်းတွေမှာတော့ ရီးရဲဟာ ယူနိုက်တက်နဲ့ ကစားမယ့် ပွဲစဉ်မှာတော့ 4-3-3 ကစားကွက်ကို အသုံးပြုမှာ ဖြစ်တယ်လို့ ဖော်ပြလိုက်ပြီး တိုက်စစ်မှာတော့ ဘေးလ်၊ ဘန်ဇီးမား နဲ့ ဗီနီစီးယပ်တို့ကို အသုံးပြုမှာ ဖြစ်တယ်လို့ ရေးသားနေကြပါတယ်။

* ကိုဗာဆစ်ကိုယ်တိုင်က အသင်းကနေ ထွက်ခွာချင်နေတယ်လို့ ပြောဆိုထားသည့်တိုင်အောင်၊ ရီးရဲဟာ ကစားသမားကို ထွက်ခွာခွင့်ပေးဖို့ ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။ ကစားသမားကို ခေါ်ယူဖို့အတွက်တော့ ရိုးမား၊ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က စိတ်ဝင်စားလျှက် ရှိနေပါတယ်။

* ရီးရဲမက်ဒရစ်အသင်းရဲ့ ပါရာဂွေးလူငယ် တိုက်စစ်မှုးလေး ဆာဂျီယို ဒိယာ့ဇ်ဟာ ကိုရင်သီယန်အသင်းကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

* ကိုဗာဆစ်ရဲ့ အနာဂတ်ဟာ ဘာနေဗျူးမှာ ဆက်ရှိဖို့ မသေချာပြီး နောက်ပိုင်းမှာတော့ လူငယ်ကစားသမား စီဘယ်လော့စ်ဟာ အသင်းမှာ ဆက်ရှိဖို့ စဉ်းစားနေပြီ ဖြစ်ပြီး၊ နည်းပြ လိုပက်တီဂူကလဲ သူ့ကို အသင်းရဲ့ အနာဂတ်မှာ အရေးပါတဲ့ ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ထားတယ်လို့ မက်ဒရစ် အခြေစိုက် သတင်းတွေက ဖော်ပြလျှက် ရှိနေပါတယ်။