လီီဗာပူး အသင်းဟာ အရမ်းကို ပွဲကျပ်လွန်းတဲ့ ခရစ်စမတ် ကာလ ပြီးနောက် သူတို့ရဲ့ စွမ်းအင်ကို မြှင့်တင် သွားရန် ဇန်နဝါရီ အပြောင်းအရွေ့ စျေးကွက်ထဲကို ၀င်ရောက် သွားဖို့ ဆုံးဖြတ် သွားနိုင် ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဓိကဖလား ပြိုင်ဘက် မန်စီးတီးကို အန်ဖီးမှာ အနိုင်ယူ ခဲ့ပြီးနောက် ဒီရာသီ လိဂ်ပွဲစဉ် ၁၂ ပွဲမှာ ၁ ပွဲသာ သရေကျပြီး ကျန်ပွဲအားလုံးကို အနိုင် ရရှိ ထားခဲ့တဲ့ ပြီးပြည့်စုံ လုနီးပါး ရလဒ်ကောင်းကို ပိုင်ဆုုိင် နိုင်ခဲ့ကာ ဇယားထိပ်မှာ ၈ မှတ် အသာနဲ့ ရပ်တည် ထားနိုင် ပါတယ်။

ဒါပေမယ့် ဒီရလဒ်ဟာ လီဗာပူးရဲ့ ခြေစွမ်း ပြီးပြည့်စုံ နေတယ်လို့ ပြောလို့ မရ နိုင်ဘဲ ယာဂန်ကလော့ ရဲ့ အသင်းဟာ ဒီပွဲစဉ် တွေထဲမှာ ကံတရား ရဲ့ ဖေးမမှု အချို့ ရခဲ့တဲ့ ပွဲတွေ ရှိထား ခဲ့ပါတယ်။ ယာဂန်ကလော့ ဟာ လာမည့် ဒီဇင်ဘာလ မှာ သူ့အသင်းရဲ့ များပြား လှတဲ့ ပွဲစဉ်တွေ အပေါ် ညီးတွားမှုတွေ ရှိနေ ခဲ့ပြီး ဒီထဲမှာ ၂ရက် ဆက်တိုက် ကစား ရမယ့် ပွဲ ၂ ပွဲလည်း ပါ၀င် နေပါတယ်။

အသင်း ပိုင်ရှင်တွေ ဖြစ်ကြတဲ့ ဂျွန်ဟင်နရီ နဲ့ တွန်ဝါနာ တို့ဟာ လီဗာပူး ရဲ့ ပြည်တွင်း ပြည်ပ ဖလား မျှော်လင့်ချက်တွေ ပိုမို အားကောင်း စေဖို့ အတွက် ယာဂန်ကလော့ ဘက်ကသာ တောင်းဆို လိုက်မယ် ဆိုရင် လိုအပ်တဲ့ ငွေကြေးကို ထုတ်ပေး သွားဖို့ အဆင်သင့် ဖြစ်နေ ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် က လီဗာပူးဟာ ကီလီယန် အမ်ဘက်ပေ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပေမယ့် ဒီသတင်းကို ကလော့ ကိုယ်တိုင်က ပယ်ချလိုက်ပြီး ပြင်သစ် စတားရဲ့ အလွန် မြင့်မားတဲ့ ပြောင်းရွေ့ကြေးကို မတက်နိုင်ဘူးလို့ ၀န်ခံ ခဲ့ပါတယ်။

လူတော်တော် များများ ကတော့ ကလော့ အနေနဲ့ လာမည့် ဇန်နဝါရီမှာ အသင်းရဲ့ အဓိက အရေးပါတဲ့ ၃ ဦးတွဲ တိုက်စစ် (မာနေး ၊ ဆာလား ၊ ဖာမီနို ) ရဲ့ back up ကောင်းကောင်း တစ်ဦးကို ခေါ်ယူ သင့်တယ်လို့ ထောက်ပြ နေကြပြီး လက်ရှိမှာ အိုရီဂီ ဘရူးစတား တို့ ရှိနေ ပေမယ့် ခြေစွမ်း level ချင်း ကွာဟနေတာကြောင့် ၃ ဦးတွဲ တိုက်စစ် က တစ်ဦးဦး မကစား နိုင်တဲ့ အခါ လီဗာပူး ရဲ့ ကစားပုံဟာ အားနည်း သွားလေ့ ရှိပါတယ်။

လက်ရှိ မှာလည်း ဆာလား ဟာ ခြေကျင်းဝတ် ဒဏ်ရာနဲ့ ရုန်းကန် နေရတာကြောင့် ကလော့ အနေနဲ့ လက်ကျန် ဘောလုံး ရာသီ အတွက် ဒီကိစ္စကို အလေးအနက် စဉ်းစား နေနိုင် ပါတယ်။ လီဗာပူး အနေနဲ့ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် နောက်ပိုင်း ဝေးကွာ နေခဲ့တဲ့ အမှတ်ပေးဖလား အတွက် အခြေအနေ ပိုကောင်း စေဖို့ ဇန်နဝါရီ စျေးကွက်မှာ ပစ်မှတ်ထား ရွေးချယ်သင့်တဲ့ ကစားသမား ၃ ဦးကို ဖော်ပြ ပေးလိုက်ပါတယ်။

လော်ရန်ဇို အင်ဆစ်နီ (နာပိုလီ)

ကစားသမား တွေနဲ့ အသင်းပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်တစ် တို့ကြား ဖြစ်ပွား နေတဲ့ ပြသနာကြောင့် နာပိုလီ အသင်းခေါင်းဆောင် အင်ဆစ်နီ ဟာ စီးရီးအေ ကလပ် ကနေ ထွက်ခွာဖို့ ပြင်ဆင် နေပါတယ်။ ကာလို အန်ဆယ်လော့တီဟာ အနေနဲ့ ဇန်နဝါရီ အပြောင်းအရွေ့ မှာ အဓိက ကစားသမား တော်တော် များများ ထွက်ခွာ သွားတာကို မြင်တွေ့ ရဖို့ ရှိနေပြီး အသက် ၂၈ နှစ် အရွယ် နာပိုလီဖွား ကိုသာ လက်လွှတ် လိုက်ရရင်တော့ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လာ မှာပါ။

လီဗာပူး အနေနဲ့ ဆောင်းရာသီ ပွဲကျပ် ကာလမှာ မာနေး ဆာလား ဖာမီနို တို့ကို လို်အပ်တဲ့ အနားပေးမှု လုပ်ပေးရန် အတွက် အင်ဆစ်နစ် ကို အသုံးချ သွားနိုင်တဲ့ အပြင် အကယ်၍များ နွေရာသီမှာ ဒီ၃ဦးတွဲ တိုက်စစ် ထဲက တစ်ဦးဦး အန်ဖီးကို စွန့်ခွာ သွားခဲ့မယ် ဆိုရင် အီတီလီ စတား ဟာ ဒီနေရာကို အကောင်းဆုံး အစား ထိုးပေး နိုင်မယ့်သူလည်း ဖြစ်ပါတယ်။ အင်ဆစ်နီ ဟာ နောက်ဆုံး ကစား ခဲ့တဲ့ လေးရာသီ မှာ တစ်ရာသီကို အနည်းဆုံး ၁၃ ဂိုး သွင်းယူ ပေးထား နိုင်သူ ဖြစ်ပြီး လက်ရှိ နာပိုလီ ရဲ့ အသင်းတွင်း အခြေအနေ တွေကြောင့် လျော့စျေးနဲ့ ရနိုင်ဖို့ ရှိနေ ပါတယ်။

၂~ ဟယ်ရီဝယ်ဆင် (ဘုန်းမောက် မှ အငှား ပြန်ခေါ်)
လီဗာပူး အတွက် သက်သာချောင်ချိရေး ရွေးချယ်မှု ဖြစ်ပြီး ကလော့ အနေနဲ့ ၀ယ်ဆင်ကို ဘုန်းမောက် ကနေ ပြန်လည် ခေါ်ယူ နိုင်ပါတယ်။ အသက် ၂၂ နှစ် အရွယ် ၀ယ်ဆင်ဟာ ပြီးခဲ့တဲ့ နွေရာသီ လီဗာပူးမှ ဘုန်းမောက် ကို အငှား ပြောင်းလာ ပြီးကတည်းက ပုံစံကောင်း ပြသ နေသူ ဖြစ်ပြီး လီဗာပူး ရဲ့ တိုက်စစ်ပိုင်းမှာ ကောင်းမွန်တဲ့ back-up အဖြစ် ထောက်ပံ့ ပေးနိုင်စွမ်း ရှိနိုင် ပါတယ်။

၀ယ်ဆင်ဟာ စနေနေ့က ဝေးလ် က အဇာဘိုင်ယန် ကို အနိုင် ရခဲ့တဲ့ ပွဲစဉ်မှာလည်း ဂိုးသွင်းယူ နိုင်ခဲ့ပြီး သူ့ရဲ့ အသင်းကို ယူရို မျှော်လင့်ချက် ဆက်လက် ရှင်သန် နေစေကာ ဒီရာသီ ဘုန်းမောက် အတွက် ၁၁ ပွဲမှာ PL ဂိုး ၄ ဂိုး သွင်းယူ ထားနိုင် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုုင်း ကလည်း ၀ယ်ဆင် က ကလော့ ဟာ သူ ဘုန်းမောက်မှာ ကစား နေတဲ့ ကာလတစ်လျှောက် မက်ဆေ့ချ်တွေ ပေးပို့ကာ အားပေးလေ့့ ရှိတယ်လို့ ထုတ်ဖော် ထားပြီး ဒါဟာ ဝေးလ်လက်ရွေးစင် အတွက် အန်ဖီးမှာ အနာဂတ် ရှိနေတဲ့ ပုံဖြစ်ပါတယ်။

၃~ တီမိုဗက်နာ (RB လိုက်ပ်ဇစ်)
RB လိုက်ပ်ဇစ် ရဲ့ တီမိုဗက်နာဟာ သွင်းဂိုးတွေ အတွက် အာမခံချက် ရှိတာကြောင့် လီဗာပူး ရဲ့ အဓိက ပစ်မှတ် ဖြစ်နိုင်ပါတယ်။ ဂျာမန် တိုက်စစ်မှုးဟာ ဒီရာသီ ဘွန်ဒက်လီဂါ ကလပ် အတွက် ၁၆ ပွဲ ကစား ထားရာမှာ ၁၅ ဂိုးထိ သွင်းယူ ပေးထား ခဲ့ပြီး ၃ ရာသီ အတွင်း ဘွန်ဒက်လီဂါ သွင်းဂိုး ၆၁ ဂိုးထိ ရှိသွား ခဲ့ပြီ ဖြစ်ပါတယ်။

ဂျာမန်ထုတ် Kicker ရဲ့ ဖော်ပြချက် အရ ဗက်နာ ရဲ့ လက်ရှိ စာချုပ် ဖျက်သိမ်းကြေးဟာ ပေါင် ၂၅ သန်းသာ ရှိတော့တယ် လို့လည်း သိရပြီး ကစားသမား ဘက်ကလည်း လိုက်ပ်ဇစ် နဲ့ စာချုပ် သက်တမ်းတိုးမယ့်ပုံ မရှိတော့ဘဲ စိန်ခေါ်မှု အသစ် ရှာဖွေ ချင်နေ ပါတယ်။ အသက် ၂၃ နှစ် အရွယ် ဗက်နာ အနေနဲ့ လက်ရှိ ဥရောပ ချန်ပီယံ ဖြစ်တဲ့ အပြင် ဒီရာသီ ပရီးမီးယားလိဂ် ဖလား အတွက်လည်း အခြေအနေ ကောင်းနေတဲ့ ယာဂန်ကလော့ ရဲ့ ကမ်းလှမ်းမှုကို ရခဲ့မယ် ဆိုရင် လာမည့် ဇန်နဝါရီမှာတင် အန်ဖီးကို ရောက်လာဖို့ ဖြစ်နိုင်ခြေ ရှိနေပါတယ်။

SM