ဂျာမန် ထိပ်သီးဘိုင်ယန်မြူးနစ် အသင်း ဟာ မန်စီးတီးအသင်း ရဲ့ ဂျာမန် ကြယ်ပွင့် တောင်ပံတိုက်စစ် ကစား သမားလေး ဆာနေးကို ခေါ်ယူဖို့ ချိတ်ဆက်မှု တွေ ပြုလုပ်နေခဲ့တာအတော်ကြာနေပါပြီ။လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရတော့မန်စီးတီးအသင်းဟာ ဆာနေးကိုသာဆက်မထိန်းထားနိုင်ပါက ဘိုင်ယန်အသင်းထံကနေ ပြင်သစ်တောင်ပံကစားသမား ကိုးမန်းကိုပြန်ခေါ်သွားဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

ဘိုင်ယန်တို့ဟာ ဆာနေးကို ခေါ်ယူနိုင်ဖို့ ပြီးခဲ့ တဲ့ နွေရာသီအတွင်း အပြင်းအထမ်ကြိုးပမ်းခဲ့ကြတာဖြစ်ပြီး အခုရာသီကုန်ချိန်မှာတော့ သူတို့ရဲ့ စိတ်ဝင်စားမှုကို တဖန်ပြန်ပြီးစတင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ကာယကံရှင်ကစားသမားကိုယ်တိုင်ကလည်းအပြောင်းအရွှေ့အတွက် ဆန္ဒပြင်းပြနေတယ် လို့ သတင်းတွေက ဆိုပါတယ်။

မန်စီးတီး တို့ဟာ အကယ်၍သာ ဆာနေးကို ဆုံးရှုံးလိုက်ရပါက သူ့ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် ကစားသမားကောင်းတွေကိုပဲ လိုချင်နေမယ်ဆိုတာသေချာပြီး အဆိုပါ နေရာအတွက် ကစသမားသစ် ဖြစ်လာနိုင်သူက ကိုးမန်း ဖြစ်နိုင်တယ်လို့ Sky Sportsသတင်းဌာန ကဖော်ပြပါတယ်။လက်ရှိမန်စီးတီးနည်းပြကြီး ဂွာဒီယိုလာဟာ ဂျာမန်မြေမှာ ရှိနေစဉ် ကိုးမန်းနဲ့တွဲလုပ်ခဲ့ဖူးပြီး ဒီပြင်သစ်သားရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်သူလည်းဖြစ်ပါတယ်။

ဆာနေး သာ ဘိုင်ယန် အသင်းကို ရောက်လာပါက ကိုးမန်းတယောက် ပွဲထွက်ခွင့် အတွက် မသေချာနိုင်တော့ပဲ အကြိတ်အနယ် ယှဉ်ပြိုင်သွားရဖို့ရှိနေတာဖြစိပါတယ်။ဒါကြောင့်လည်း သူက မန်စီးတီးအသင်းကို ထွက်ခွာလာဖွယ်ရှိနေတယ် လို့ Sky Sports သတင်း ဌာနက ယူဆနေပုံပါပဲ။

90 minutes သတင်းစာကတော့ မန်စီးတီး အသင်းဟာ ဆိုစီဒက် အသင်းရဲ့ တိုက်စစ် ကစားသမား အိုယာဇာဘယ် ကို လည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အခိုင်အမာဆိုပါတယ်။ဆာနေးရဲ့ နေရာအတွက် အိုယာဇာဘယ်ကိုစာချုပ်ဖြတ်သိမ်းကြေး ပေါင် ၆၈သန်းအထိ ပေးချေခေါ်ယူဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ကိုးမန်းကို စိတ်ဝင်စားနေတဲ့ သတင်းမျိုးထွက်နေပေမယ့် ဒီပြင်သစ်သားဟာ ၂၀၂၃ ခုနှစ်အထိ ဘိုင်ယန်မြူးနစ်အသင်းနဲ့စာချုပ်သက်တမ်းရှိနေသေးတာဖြစ်ပါတယ်။ဒါကြောင့်လည်း အိုယာဇာဘယ်ရဲ့ စာချုပ်ဖြတ်သိမ်းကြေးကို ပေးတာက လုပ်သင့်တယ်လို့ မန်စီးတီးတာဝန်ရှိသူတွေကယူဆဖွယ်ရှိနေပါတယ်။

ဆာနေးကတော့ မန်စီးတီး အသင်းနဲ့ ၁၈ လစာချုပ် ကျန်နေသေးတာဖြစ်ပြီး သူ့ရဲ့ နှလုံးသားထဲမှာ ဘိုင်ယန်ကို ပြောင်းရွှေ့ချင်နေပေမယ့် မန်စီးတီးတို့ကတော့ စျေးပေါပေါနဲ့ လက်လွှတ်ဖွယ်ရှိမနေဘူးလို့သိရပါတယ်။ဒီဂျာမန်သားလေးအတွက် အနည်းဆုံး ပေါင် သန်း ၈၀ လောက်အထိကိုရရှိဖို့လည်း မျှော်လင့်ထားကြတာဖြစ်ပါတယ်။

ဆာနေးဟာ ရာသီအဖွင့်ပွဲအဖြစ် ကစားခဲ့တဲ့ လီဗာပူး အသင်းနဲ့ ကွန်မြူနတီဒိုင်း ပွဲမှာ ရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာကြောင့် အနားယူနေရပြီး လာမယ့်နှစ် ဖေဖေါ်ဝါရီ လလောက်မှ ပြန်ကစားနိုင်ဖွယ်ရှိနေပါတယ်။အဆိုပါ ဒဏ်ရာမကြံုတွေ့မီ မှာသူ့ကို အခုဆောင်းရာသီစျေးကွက် မှာ ခေါ်ယူဖို့ ဘိုင်ယန်အသင်းက စိတ်ကူးထားခဲ့ပေမယ့် အခုချိန်မှာတော့ဒဏ်ရာကနေ အပြည့်အဝသက်သာမှုရှိမရှိကို နွေရာသီအထိစောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။

SM