ရွိုင်ကိန်းက အင်္ဂလန် အသင်း အနေနဲ့ ဘောလုံး ပိုင်ဆိုင်မှု မရှိတဲ့ အချိန်မှာ အသင်းရဲ့ ကစားဟန် ကို တိုးတက်အောင် မလုပ် နိုင်ဘူး ဆိုပါက လက်ရှိ ယူရို ၂၀၂၀ ခြေစစ်ပွဲ ကထက် ပိုမို ကောင်းမွန်တဲ့ အသင်းတွေနဲ့ တွေ့ဆုံတဲ့ အခါ ဒုက္ခရောက် လိမ့်မယ်လို့ သတိပေး သွားခဲ့ ပါတယ်။ အင်္ဂလန်ဟာ မနေ့ညက ကိုဆိုဗို နဲ့ ကစား ခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲရဲ့ နောက်ဆုံး ပွဲစဉ်မှာ အိမ်ရှင် အသင်းကို ပထမပိုင်းမှာ ၁-၀ နဲ့ ဦးဆောင် နိုင်ခဲ့ ပေမယ့်လည်း အဖွင့်ဂိုး ရပြီး နောက်ပိုင်း ကစားအား ကျသွား ခဲ့ကာ ကိုဆိုဗို အသင်းရဲ့ ဖိအားပေးခြင်းကို ခံခဲ့ ရပါတယ်။

ဘောလုံး ဆုံးရှုံး နေချိန် စတင် ဖိအားပေး ကစားတဲ့ နေရာမှာ အင်္ဂလန် ရဲ့ pressing လုပ်မှုတွေဟာ ညီညွှတ်မျှတမှု မရှိခဲ့တဲ့ အပြင် ပြိုင်ဘက်ရဲ့ တွဲလုံး တွေကို မထိန်း နိုင်ခဲ့ တာကြောင့် ကွင်းရဲ့ အခြား တစ်ဖက််မှာ နေရာလွတ်တွေ ဖြစ်ပေါ် နေခဲ့ပြီး ကိုဆိုဗို အသင်းကို အခွင့်အရေးတွေ ရရှိစေ ခဲ့ကာ ဒါဟာ ရွိုင်းကိန်း အတွက် ဝေဖန်ချင် စရာ ဖြစ်ခဲ့ ပါတယ်။

ဒါပေမယ့် အင်္ဂလန်ဟာ ပွဲချိန် ရ၉ ၊ ၈၃ နဲ့ ၉၁ မိနစ် တို့မှာ ကိန်း ၊ ရပ်ဖို့ဒ် ၊ မောင့် တို့ရဲ့ နောက်ကျ ဂိုးတွေနဲ့ အတူ ပွဲအပြီးမှာ ၄-၀ နဲ့ ဂိုးပြတ် အနိုင် ရရှိ ခဲ့ပါတယ်။ ITV ရဲ့ အစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင် နေတဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကိန်း ကတော့ ဂါရက်ဆောက်ဂိတ် ရဲ့ ကွင်းတစ်ဝက် ရောက်မှ ဖိအားပေးတဲ့ ကစားပုံဟာ ပိုမို ကောင်းမွန်တဲ့ အသင်း တွေနဲ့ ရင်ဆိုင် ရတဲ့ အခါ ဒုက္ခများ လိမ့်မယ်လို့ ဆိုလိုက် ပါတယ်။

ကိန်း က “နို်င်ငံ လက်ရွေးစင် အသင်း အတွက် ပွဲတွေ ကစား ရာမှာ အပြင်းအထန် အားထုတ်လေ့ သိပ်မရှိ တာဟာ ကစားသမား တွေရဲ့ အကျင့်ဆိုး တစ်ခုလို ဖြစ်နေ ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ဒါမျိုးကို ပွဲတော်တော် များများမှာ မြင်တွေ့ ခဲ့ပြီး ပါပြီ။ ကျွန်တော် ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် ပြောမိ နေပါတယ်။ ဒါပေမယ့် အင်္ဂလန် အနေနဲ့ ဘောလုံး ပိုင်ဆိုင်မှု မရှိတဲ့ အချိန်မှာ အသင်းရဲ့ ကစားဟန် ကို တိုးတက်အောင် မလုပ် နိုင်ဘူး ဆိုရင် ပိုမို ကောင်းမွန်တဲ့ ပြိုင်ဘက် တွေနဲ့ ရင်ဆိုင် ရတဲ့ အခါမှာ နာကျင် ရပါလိမ့်မယ်။” လို့ သတိ ပေးသွား ပါတယ်။

ကိန်းရဲ့ တွဲဖက် အစီအစဉ် တင်ဆက်သူ ဖြစ်တဲ့ လီဒိုင်ဇွန် ကလည်း “ပြီးခဲ့တဲ့ ပွဲစဉ်တွေ တုန်းက အင်္ဂလန် တို့ ဘာမှားခဲ့ သလဲ? သူတို့ ဘယ်နေရာတွေ တိုးတက် လာသလဲ ဆိုတာကို ကျွန်တော် အမြဲတမ်း ရှာဖွေလေ့ ရှိပါတယ်။ ဒီနေ့ သူတို့ရဲ့ pressing ကစားပုံ ဟာ အတော့်ကို အားနည်းမှု ရှိပါတယ်။ ဒါဟာ half-press ပါ။ သူတို့ ဒါကို ကောင်းကောင်း မကစား နိုင်ခဲ့ပါဘူး။ သူတို့ အနေနဲ့ အသင်းကောင်း တွေနဲ့ ရင်ဆိုင် ရတဲ့ အခါ နောက်တန်းမှာ ငါးယောက် Vs လေးယောက် ယှဉ်ကစားလို့ မရနိုင် ပါဘူး။ အသင်းကောင်း တွေကို နောက်တန်းမှာ ငါးယောက် Vs လေးယောက် သွားကစားလို့ မရပါဘူး။

ဒီနေရာမှာ ဆိုရင် စတားလင်းဟာ သူ့ကို မလိုက် နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီလူရဲ့ အနေအထားဟာ သူ့ကို လွယ်လွယ် ကူကူ လှည့်နဲ့ လှည့်ဖျားပြီး ပင်နယ်တီ ဖြစ်စေ နိုင်တဲ့ အနေအထားပါ။ ဒါဟာ ကံကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ အသင်းကောင်း တွေနဲ့ ရင်ဆိုင် ရတဲ့ အခါ ဒီလို အငိုက် မိသွား ခဲ့မယ် ဆိုရင် ကြေကွဲ ရပါလိမ့်မယ်။” လို့ ဆိုသွား ပါတယ်။

SM