ဘယ်လ်ဂျီယမ် လက်ရွေးစင် တောင်ပံ ကစားသမား အီဒင် ဟာဇတ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ချယ်လ်ဆီး အသင်း အတွက် နောက်ဆုံး ကစား ပေးခဲ့ကာ ၊ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ မှာတော့ ရီးရဲလ် မက်ဒရစ် အသင်း ထံသို့ ပေါင်သန်း ၁၃၀ နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ဟာဇတ် ဟာ ချယ်လ်ဆီး အသင်း မှာ ဘောလုံး ရာသီ ရခု နီးပါး အထိ ကစား ပေးခဲ့ကာ ၊ နှစ်စဉ် နှစ်တိုင်း လိုလို မှာ အသင်း ရဲ့ အားအထားရဆုံး ကစားသမား အဖြစ် လည်း ရပ်တည် ခဲ့ပါတယ် ။ ဟာဇတ် ဟာ မကြာသေးခင် ကမှ သူ့ အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မစတင်မီ ၊ ကမ္ဘာ့ ဖလား ပြိုင်ပွဲ ပြီးဆုံး ကတည်းက ချယ်လ်ဆီး ကနေ ထွက်ခွာဖို့ အတွက် ဆုံးဖြတ်ခဲ့ဖူး ကြောင်း ဝန်ခံစကား ဆိုခဲ့ဖူးပါတယ် ။

ဟာဇတ် ဟာ အဆုံးမှာ သူ့ရဲ့ အစောပိုင်း ဆုံးဖြတ်ချက် ကို ပြန်ပြင်ကာ ၊ သူ ချစ်မြတ်နိုး တဲ့ ချယ်လ်ဆီး အသင်း အတွက် နောက်ဆုံး တရာသီ ကစားပေးဖို့ ဆုံးဖြတ်ချက် အတည် ချခဲ့ပါတယ် ။ ဟာဇတ် ဟာ ပြီးခဲ့တဲ့ ရာသီ မှာ ချယ်လ်ဆီး ကစားသမား ဘဝ တလျှောက် အကောင်းဆုံး ပုံစံ ကို ပြသ ခဲ့ကာ ၊ ချယ်လ်ဆီး အသင်း ရဲ့ ပြည်တွင်းလိဂ် သွင်းဂိုး အရေအတွက် တဝက် နီးပါး ဟာ ၄င်းရဲ့ စွမ်းဆောင်မှု နဲ့ ပါဝင် ပတ်သက် ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ၊ ပရီးမီးယားလိဂ် မှာ ဂိုးဖန်တီးမှု အများဆုံး ရယူ နိုင်ခဲ့တဲ့ ဟာဇတ် ဟာ တရာသီလုံး ၊ ချယ်လ်ဆီး အသင်း ကို သယ်ဆောင် သွားခဲ့ပြီး ရာသီ အကုန် မှာ ချန်ပီယံလိဂ် ဝင်ခွင့် ကို ရယူ ပေးခဲ့သလို ၊ နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ ယူရိုပါလိဂ် ဖိုင်နယ် မှာလည်း အသင်း အတွက် ၂ဂိုး သွင်းပြီး ခြေစွမ်း ပြခဲ့ကာ ၊ ယူရိုပါလိဂ် ချန်ပီယံ ဆု နဲ့ ချယ်လ်ဆီး အသင်း နဲ့ ပရိသတ် တွေကို လှလှပပ နှုတ်ဆက် နိုင်ခဲ့ပါတယ် ။

လက်ရှိ မှာတော့ ရီးရဲလ် မက်ဒရစ် အတွက် ကစား ပေးနေပေမယ့် ဟာဇတ် ဟာ ပုံမှန် ခြေစွမ်း ပြဖို့ ၊ အသင်း နဲ့ အံဝင်ဖို့ အတွက် ရုန်းကန် နေရဆဲ ဖြစ်ပါတယ် ။ မနေ့က ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်း ရဲ့ ပွဲစဉ် အပြီး အင်တာဗျူး တခု မှာတော့ ဟာဇတ် က လက်ရှိ ၄င်းရဲ့ အသင်းဟောင်း ချယ်လ်ဆီး အသင်း ရဲ့ ရလဒ် တွေနဲ့ သူနဲ့ ရင်းနှီးမှု ရှိတဲ့ ချယ်လ်ဆီး မန်နေဂျာသစ် ဖရန့် လမ်းပတ် တို့ အပေါ် အခုလို မှတ်ချက်ပြု ပြောဆို ခဲ့ပါတယ် ။

ဟာဇတ် က ” အခု ဖရန့် စွမ်းဆောင် နေတဲ့ ရလဒ် တွေ အပေါ် ကျွန်တော် လုံးဝ မအံ့သြခဲ့ပါဘူး ။ ကျွန်တော် ဟာ ဖရန့် ကို ကစားသမား တဦး အနေနဲ့ ပဲ သိခဲ့တာပါ ။ မန်နေဂျာ တဦး အနေနဲ့တော့ မဟုတ်ပါဘူး ။ ဒါပေမယ့် သူဟာ အရမ်း ကြီးကျယ် တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ် ။ သူဟာ ချယ်လ်ဆီး ကို ကိုင်တွယ်ပြီး လေးလ သာ ရှိသေးတဲ့ အချိန် မှာ အကောင်းဆုံး မန်နေဂျာ တဦး ဖြစ်လာနိုင်တယ် ဆိုတာ ကို သက်သေ ပြနေပါပြီ ။ ”

” အခု လက်ရှိ သူတို့ ကစား နေတဲ့ အနေအထား က အင်္ဂလန် လူငယ် ကစားသမား တွေကို နေရာပေးပြီး တိုးတက်အောင် လုပ်ဆောင် နေတာပါ ။ သူတို့ဟာ ဒီလို အရည်အသွေး နဲ့ ကစားသမား တွေကို ပိုင်ဆိုင် ထားတာ အရမ်း ကံကောင်းပါတယ် ။ ကစားသမားသစ် သာ ထပ်ပြီး ဝယ်ခွင့် ရမယ် ဆိုရင် ၊ နောက်ထပ် ထိပ်တန်း ကစားသမား ၂ယောက် ၊ ၃ယောက် ထပ်ဖြည့် နိုင်မယ် ဆိုရင် ပရီးမီးယားလိဂ် မှာ အဆင့် ၁ နေရာ ကို ရလာနိုင်ပါတယ် ။ ”

” ကျွန်တော် သူတို့ရဲ့ ပွဲစဉ် တွေ ၊ ကစားပုံ တွေကို စောင့်ကြည့် ဖြစ်တာကြောင့် သူတို့ အခုလို ကစားပုံ ကောင်းကောင်း နဲ့ ကစားနေတာ ကို မြင်ရတဲ့ အတွက် အတော်လေး ဝမ်းသာ မိပါတယ် ။ ချယ်လ်ဆီး မှာ ကျွန်တော် နဲ့ ရင်းနှီး တဲ့ သူငယ်ချင်း တချို့ ကလည်း ဒီလို ပုံစံ မျိုးပဲ ရှေ့ဆက် လိုကြမှာ အသေအချာပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR