မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဟာရဲရား ၊ ဖယ်လိုင်နီ တို့ကို လက်လွှတ်လိုက် ရတဲ့ အသင်း ရဲ့ ကွင်းလယ် ပိုင်းကို အင်အား ဖြည့်တင်း ဖို့ စောင့်ကြည့် နေပြီး ဒီ အတွက် နည်းပြ ဆိုးလ်ရှား က လူငယ် ကစားသမား လေးတွေ ကို ဦးစား ပေးနေ ခဲ့ ပါတယ် ။

အဆိုပါ ကစားသမား တွေ ထဲမှာ တော့ အင်္ဂလန် နိုင်ငံသား တွေ ဖြစ်ကြ တဲ့ ဝက်စ်ဟမ်း အသင်းမှ ဒီကလန် ရိုက်စ် နဲ့ နယူးကာဆယ် အသင်း မှ ရှောင် လောင်းစတပ်ဖ် တို့လို လူငယ် ကစားသမား လေးတွေ ပါဝင် နေခဲ့ ကြ ပါတယ် ။

လက်ရှိ အချိန် မှာတော့ ယူနိုက်တက် အသင်း ဟာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပါဝင် ကစားပေး နေခဲ့ ရပြီ ဖြစ်တဲ့ ရိုက်စ် ကို ခေါ်ယူ ဖို့ ပိုမို အလေးသာ နေခဲ့ ပေမယ့် ယူနိုက်တက် ဂန္ဓဝင် ရွိုင်ကိန်း က ကစားသမား လေးမှာ လိုအပ်ချက် တွေ ရှိနေ ကြောင်း ထောက်ပြ သွားခဲ့ ပါတယ် ။

ကိုဆိုဗို အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် မှာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပွဲချိန်ပြည့် ပါဝင် ကစားပေး ခဲ့တဲ့ ဒီကလန် ရိုက်စ် နဲ့ ပတ်သက်လို့ အစီအစဉ် တင်ဆက်သူ အဖြစ် ရှိနေ ခဲ့တဲ့ ရွိုင်ကိန်း က …

” သူ ( ဒီကလန် ရိုက်စ် ) ဘယ် နေရာ မှာ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင် ရမလဲ ဆိုတဲ့ အကြောင်း ပြောကြား လိုက်မယ် ဆိုရင် သူဟာ ဆက်လက် တိုးတက် ကောင်းမွန် သင့်တဲ့ နေရာ တွေ အများကြီး ရှိ နေတာ ကို တွေ့ရှိ ရပါ လိမ့်မယ် ”

” လွန်ခဲ့တဲ့ လ အနည်းငယ် မှာတော့ သူဟာ ချီးကျူး မှုတွေ ကို များစွာ ရရှိ ထားခဲ့ ပါတယ် ။ သူ အိုင်ယာလန် အသင်း စာရင်း မှာ ရှှိနေ ခဲ့စဉ် တုန်းက ကျွန်တော် သူနဲ့ အတူ လက်တွဲ ပြီး အလုပ် လုပ်ခဲ့ ဖူး ပါတယ် ”

” သူ ဘယ်မှာ ဆက်လက် တိုးတက် သင့် သလဲ ? သူ့ကို ဘယ်မှာ ကစား စေရ မလဲ ? သူဟာ ဘောလုံး ပိုင်ဆိုင် မှု ရယူပြီး ကစား လိုသူ ပါ ။ ဒါပေမယ့် သူ့ ဆီမှာ လုံလောက် တဲ့ တည်ငြိမ်မှု မရှိ ပါဘူး ။ သူဟာ မြန်တဲ့ ပြိုင်ဖက် တွေကို မထိန်းချုပ် နိုင်ခဲ့ သလို နေရာယူ မှားတာ တွေလည်း ရှိခဲ့ ပါတယ် ”

” ဒါပေမယ့် လွန်ခဲ့တဲ့ လ အနည်းငယ် မှာတော့ သူဟာ ဖျော်ဖြေ မှုတွေ ပေးနိုင် တဲ့ ၊ လူတွေ ရဲ့ ချစ်ခင် မှုကို ရယူ နိုင်တဲ့ ကစား သမား ဖြစ်လာ ခဲ့ ပါတယ် ။ သူဟာ ဝက်စ်ဟမ်း မှာ ခြေစွမ်း တည်ငြိမ် မှု မရှိ တာကြောင့် အသင်း အတွက် သူ့ရဲ့ ပုံစံ တစ်ခု နဲ့ ကစား နေသူ တစ်ဦး ပါ ”

” သူဟာ မနေ့ ညက ပွဲစဉ် မှာလည်း အခွင့် အရေး ရရှိ ခဲ့ ပါတယ် ။ လက်ရှိ အနေအထား အရ တော့ ဂါးရတ် ဆောက်ဂိတ် ဟာလည်း ဒီ ကွင်းလယ် ခံစစ် နေရာ မှာ ဘယ်သူ တွေကို နေရာ ပေး ကစား ရ မလဲ ဆိုတာ သေချာ မဆုံးဖြတ် နိုင် သေးပဲ ရှိနေ သေးပုံ ပါပဲ ”

” သူဟာ ဝက်စ်ဟမ်း အသင်း အတွက် အဲ့ဒီ နေရာ မှာ ပုံမှန် ပွဲထွက် ကစား ပေးနေ သူ တစ်ဦး ပါပဲ ။ ဒါ့ကြောင့် မနေ့ ညက ပွဲထွက် ကစား ရတယ် ဆိုတာ သူ့ အတွက် အခွင့် အရေး တစ်ရပ် ပါပဲ ။ အဲ့တာ တွေကို သူ အရ အမိ ယူနိုင် ရ ပါ့မယ် ” လို့ ရွိုင်ကိန်း က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar