ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ရဲ့ ရာသီကြို ပြင်ဆင်မှု တွေ စတင် နေပေမယ့် တချို့ ချယ်လ်ဆီး အသင်းသား တွေဟာ နိုင်ငံ လက်ရွေးစင် အသင်း တွေ အတွက် အသီးသီး ကစား ထားခဲ့ကြတာကြောင့် အားလပ်ရက် ယူနေရဆဲ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း နဲ့ အခု အချိန် မှာ ရာသီကြို ခြေစမ်း ပွဲစဉ် တွေ အတွက် မပူးပေါင်း နိုင်သေးတဲ့ ကစားသမား တွေထဲမှာ တောင်ပံ ကစားသမား ခရစ်စတီယန် ပူလီဆစ် လည်း အပါအဝင် ဖြစ်ပါတယ် ။

ပူလီဆစ် ဟာ အမေရိကန် လက်ရွေးစင် အသင်း နဲ့ အတူ ကွန်ကာကပ်ဖ် ဖလား ( Gold Cup ) ပြိုင်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ရပြီး ဗိုလ်လုပွဲ အဆင့် အထိ တက်ရောက် နိုင်ခဲ့ပါတယ် ။ သို့ပေမယ့် လည်း ဖိုင်နယ် မှာ ပူလီဆစ် ရဲ့ အမေရိကန် လက်ရွေးစင် အသင်း ဟာ မက္ကဆီကို လက်ရွေးစင် အသင်း ကို ၁ – ၀ နဲ့ အရေးနိမ့် ခဲ့ပါတယ် ။ ပူလီဆစ် ကတော့ ထို ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမား ဆုကို ရရှိ ခဲ့ပါတယ် ။

ပူလီဆစ် ဟာ လောလောဆယ် မှာ ၄င်းရဲ့ အားလပ်ရက် ကို ဖြတ်သန်း နေဆဲ ဖြစ်ပေမယ့် ချယ်လ်ဆီး အသင်း ရဲ့ ဂျပန် ခရီးစဉ် သို့ ပူးပေါင်း ပါဝင်နိုင်ဖို့ ရှိနေတဲ့ အတွက် အခု ကတည်းက ကြိုတင် ပြင်ဆင်မှု တွေ စတင် လုပ်ဆောင် နေပြီ ဖြစ်ပါတယ် ။ အားလပ်ချိန် တချို့ မှာ ပူလီဆစ် ဟာ ၄င်းရဲ့ ဖခင် ဖြစ်သူ မာ့ခ် နဲ့ ပူးတွဲပြီး လေ့ကျင့်မှု တွေ စတင် နေပြီ ဖြစ်ပါတယ် ။

ဒါဟာ ပူလီဆစ် အဖို့ ဖရန့် လမ်းပတ် ရဲ့ ပြင်းထန် တဲ့ လေ့ကျင့်ရေး အစီအစဉ် တချို့ အတွက် ကျင့်သား ရအောင် အခု ကတည်းက ကြိုတင် ပြင်ဆင် နေတာ ဖြစ်ပါတယ် ။ တဖက် မှာလည်း ဒီလို ကြိုတင် လေ့ကျင့်ထားခြင်း အားဖြင့် ပူလီဆစ် အနေနဲ့ နည်းပြသစ် လမ်းပတ် လက်အောက် မှာ ကစားပုံ မြန်မြန် အံဝင် နိုင်ဖို့ အထောက်အကူ ပြုမှာ ဖြစ်သလို ၊ လမ်းပတ် ရဲ့ စိတ်ကြိုက် ပွဲထွက် စာရင်း မှာ ပါဝင်နိုင်ဖို့ လည်း ကူညီ ပေးနိုင်ပါတယ် ။

အခုလို နားရက် အတွင်းမှာ ကြိုတင် ပြင်ဆင်မှု တွေ တောက်လျှောက် လုပ်ဆောင် နေတဲ့ ပူလီဆစ် အပေါ် ချယ်လ်ဆီး ပရိသတ် တွေ အတော် သဘောကျ နေကြပြီး ၄င်းတို့ရဲ့ ဆိုရှယ် မီဒီယာ အကောင့် တွေက တဆင့် ချီးကျူးမှု တွေလည်း ပြုလုပ် ထားခဲ့ကြ ပါတယ် ။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ပူလီဆစ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ဒေါ့မွန် အသင်း မှ ချယ်လ်ဆီး အသင်း သို့ ပေါင် ၅၈ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး ရာသီကုန် အထိ ဒေါ့မွန် အသင်း မှာ အငှား ဆက်ကစား ခဲ့ပါတယ် ။ ယခု လို ပြင်ဆင်မှု တွေ မပြုလုပ်ခင် ကတည်းက ပူလီဆစ် ဟာ ဖရန့် လမ်းပတ် လက်အောက် မှာ နေရာ ရဖို့ အတွက် နားရက် လျှော့ယူ သွားဖို့ ရှိနေတယ် ဆိုတဲ့ သတင်း တွေလည်း ထွက်ပေါ် ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ယနေ့ည စိန့်ပတ်ထရစ် အသင်း နဲ့ ပွဲစဉ် ပြီးတာနဲ့ ဂျပန် နိုင်ငံ သို့ ဆက်လက် ခရီးထွက် မှာ ဖြစ်ပြီး ဂျပန် ကလပ် ကာဝါဆာကီ အသင်း ၊ စပိန် ထိပ်သီး ဘာစီလိုနာ အသင်း တွေနဲ့ ခြေစမ်း ပွဲစဉ် ဆင်နွှဲ မှာ ဖြစ်ပါတယ် ။ ထို့အပြင် ပူလီဆစ် နဲ့ ဝီလီယံ တို့ဟာလည်း ထိုခရီးစဉ် အမှီ ချယ်လ်ဆီး အသင်း နဲ့ လာရောက် ပူးပေါင်း မှာ ဖြစ်ပါတယ် ။

SPORTS MYANMAR