ခရစ္စတယ် ပဲလေ့စ် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမားဖြစ်သူ အန်းဒရော့စ် တောင်ဆန် က အသင်း ဖော် ဟောင်း ဖြစ်တဲ့ ဝမ် ဘစ်ဆာကာ ဟာ တိုးတက် ကောင်းမွန် ဖို့ အတွက် လမ်းညွှန် ပေးရ မှုတွေ အများကြီး လိုအပ် နေသေးတယ် ဆိုတဲ့ အာဆင်နယ် ဂန္ဓဝင် လီ ဒိုက်ဆွန် ရဲ့ မှတ်ချက် ပေးမှု အပေါ် ပြန်လည် တုန့်ပြန် သွားခဲ့ လိုက် ပါတယ် ။

ဘစ်ဆာကာ ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက ခရစ္စတယ် ပဲလေ့စ် အသင်း မှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ပေါင် သန်း 50 နဲ့ ပြောင်းရွှေ့ ခဲ့သူ ဖြစ်ပြီး အဆိုပါ အချိန် တုန်းက သတင်း သုံးသပ်သူ အများစု က ကစားသမား ရဲ့ ပြိုင်ဖက် နဲ့ တစ်ဦးချင်း တွေ့ဆုံ ရင်ဆိုင် မှု အရည်အသွေး အပေါ် မေးခွန်း ထုတ်ခဲ့ ကြပါ သေးတယ် ။

ထို့အတူ အာဆင်နယ် အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ လီ ဒိုက်ဆန် ကိုယ်တိုင် ကလည်း လူငယ် ကစားသမား လေးမှာ လိုအပ်ချက် တွေ များစွာ ရှိနေ သေးကြောင်း ၊ တစ်ဦး ချင်း ရင်ဆိုင် နိုင်မှု နဲ့ ပတ်သက် လို့ နည်းပြ လမ်းညွှန် ပေးဖို့ လိုအပ် သေးကြောင်း တောင်ဆန် နဲ့ အတူ သတင်း သုံးသပ်ရေး အစီအစဉ် မှာ ဝေဖန် ခဲ့ပါ သေးတယ် ။

” ဒါဟာ ကောင်းမွန် တဲ့ ကစားသမား ခေါ်ယူ မှုပါ ။ ဒါပေမယ့် ဘစ်ဆာကာ ကို ခံစစ်ပိုင်း ဆိုင်ရာ မှည နည်းပြ လမ်းညွှန် ပေးစရာ အများကြီး ရှိနေ ပါ သေးတယ် ။ ကျွန်တော် ဟာ နောက်ခံ အစွန်လူ တွေ အကြောင်း အများကြီး ပြောခဲ့ ဖူး ပါတယ် ။ အခု ကစား ပုံ တွေပ ပြောင်းလဲ သွားခဲ့ ပြီ ဆိုတာ ကျွန်တော် နားလည် ပါတယ် ” လို့ လီ ဒိုက်ဆွန် က ပြောခဲ့ ပါတယ် ။

အခုတော့ ဆဲလ် ဟာ့စ် ပါ့ခ် မှာ ဘစ်ဆာကာ နဲ့ အတူ အလုပ် တွေ တွဲလုပ် ခဲ့ ဖူးတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ တောင်ဆန် က အသင်းဖော် ရဲ့ တိုးတက် ကောင်းမွန် မှု တွေကို အဆက်မပြတ် မြင်တွေ့ နေခဲ့သူ ဖြစ်တာ ကြောင့် လီ ဒိုက်ဆန် ရဲ့ မှတ်ချက် ပေးမှု ကို ချက်ချင်း ပဲ ပြန်လည် တုန့်ပြန် သွားခဲ့ ပါတယ် ။

” ဘစ်ဆာကာ ရဲ့ ခံစစ် ကစား ပုံနဲ့ ပတ်သက်လို့ လီ ရဲ့ မှတ်ချက် ပေးမှု ကို ကျွန်တော် ငြင်းဆို ချင် ပါတယ် ။ ဘစ်ဆာကာ နဲ့ အတူ တောင်ပံ တစ်ဖက် ထဲမှာ တစ်နှစ်ကျော် တွဲဖက် ကစား ခဲ့သူ ဖြစ်တာ ကြောင့် ကျွန်တော့် အတွက် တော့ ကွင်းထဲ မှာ 1 vs 1 တွေ့တဲ့ အချိန် ဘစ်ဆာကာ ဟာ အကောင်းဆုံး ကစား သမား တစ်ဦး ပါပဲ ။ ဒါကို သူ အမြဲ လုပ်ပြ လေ့ ရှိခဲ့ ပါတယ် ”

” ဒါ့ကြောင့် တိုက်စစ်ပိုင်း တက်ရောက် ကစား နိုင်ရေး နဲ့ ပတ်သက် လို့ သူ ဆက်လက် တိုးတက် ကောင်းမွန် ဖို့ လိုအပ် မယ်လို့ ပြောရင် ကျွန်တော် လက်ခံ ပါတယ် ။ ဒါပေမယ့် ခံစစ် ပိုင်း အတွက် ဆိုရင် သူဟာ သေချာပေါက် အံ့ချီးဖွယ် ကစားသမား တစ်ဦး ပဲ ဖြစ်ပါတယ် ”

” လွန်ခဲ့တဲ့ 18 လကျော် အချိန် ကာလ တစ်ခု တုန်းက တောင်ပံ တိုက်စစ် ကစား ခဲ့တဲ့ ကစားသမား တစ်ဦး ဟာ အခုလို 1 Vs 1 ခံစစ် ကစား ပုံကို ပြောင်မြောက်အောင် လုပ်ဆောင် နိုင်တယ် ဆိုတာ တစ်ကယ် ပဲ ထူးကဲ လှ ပါတယ် ။ ဒါ့ကြောင့် သူ့ အတွက် မန်ချက်စတာ ယူနိုက်တက် ရောက်ရှိ လာ ခဲ့တဲ့ အပေါ် ကျွန်တော် မအံ့သြ ခဲ့ရ ပါဘူး ” လို့ တောင်ဆန် က ပြန်လည် တုန့်ပြန် သွားခဲ့ ပါတယ် ။ ဒါကို လီ ဒိုက်ဆန် က …

” သူ ( တောင်ဆန် ) ပြောတာ ကို ကျွန်တော် သဘောတူ ပါတယ် ။ ဒါပေမယ့် 65 – 70 % လောက် ပါပဲ ။ တစ်ကယ် တော့ ခံစစ် ကစားသမား တစ်ဦး ရဲ့ တာဝန်က 1 Vs 1 ကစား ရတာ ထက် ပိုတယ် လေ ”

” လက်ရှိ သူ ကစား တဲ့ နေရာ က ဗဟို ခံစစ် ကစားသမား ၊ ကွင်းလယ် လူတွေ နဲ့ ကောင်းမွန် တဲ့ ဆက်ဆံရေး ရှိရ ပါ့မယ် ။ ကွင်းလယ်လူ တွေနဲ့ ဆက်ဆံရေး ကောင်းမွန် ဖို့ အတွက် အချိန် ပေးရ ပါတယ် ။ ဘယ်လို တွဲဖက် ကစား ရ မလဲ ဆိုတာ ကျွမ်းကျင် ဖို့ အတွက် ပညာ လိုအပ် သေးတယ် ” လို့ ဒိုက်ဆန် က ပြန်လည် ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar