အင်္ဂလန် ဟာ ဘောလုံး သမားတွေ အတွက် တော့ တကယ့် အံ့ဖွယ် တိုင်းပြည်ကြီး တစ်ခု ပါပဲ ။ ပြည့်နှက် နေတဲ့ ပရိသတ်တွေ ရယ် ၊ ကြီးမား လွန်းတဲ့ ကစားကွင်း ကြီးတွေ ရယ် ၊ ကောင်းမွန် လှတဲ့ ရုပ်သံ ရိုက်ချက် တွေ ၊ ကမ္ဘာ တစ်ဝှမ်း ဖြန့်ကျက်မှု အားကောင်းတဲ့ မီဒီယာတွေ ၊ တင်ဆက်မှု တွေ ရှိနေတဲ့ နေရာ တစ်ခု မှာ အောင်မြင် ကျော်ကြားပြီး လူသိများတဲ့ ဘောလုံး သမား တစ်ယောက် အဖြစ် ကို အလျှင် အမြန် ပဲ ရောက်သွားနိုင် ပါတယ် ။

ဒါကြောင့် လည်း ဘောလုံး သမားတွေ ဟာ နှစ်စဉ် နှစ်တိုင်း ပရီးမီးယားလိဂ် ကို လာရောက်ပြီး စွန့်စားခန်း တွေ ဖွင့်ခဲ့ ကြ ပါတယ် ။ အချို့က အောင်မြင် သွားကြတယ် ၊ အများစု ကတော့ ကျရှုံး သွားကြ ပါတယ် ။ ဒီအထဲ မှာ အနည်းစု သော ကစား သမား တွေ ကတော့ တစ်ရာသီ လောက် တောက်ပ ပြီး နောက်ရာသီတွေ မှာ မှေးမှိန် သွားခဲ့ကြ ပါတယ် ။

အခု ဖော်ပြမှာ ကတော့ အဲ့ဒီလို တစ်ရာသီ ခန့်သာ တောက်ပ ခဲ့ကြတဲ့ ( One-season wonder ) ကစား သမားတွေ အကြောင်းပါ –

၁ ။ ရော်ဘင်ဟို
မန်ချက်စတာ စီးတီး တို့ လက်ထဲ ကို ငွေတွေ အများကြီး ရောက်လာကစတုန်းက သေချာ ရေရာတဲ့ အစီအစဉ် မျိုး မရှိခဲ့ ပါဘူး ။ ဒါကြောင့် ၂၀၀၈ မှာ ရော်ဘင်ဟို ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ခဲ့ ပါတယ် ။ ဘရာဇီး သား ဟာ မန်ချက် စတာ ယူနိုက်တက် နဲ့ သတင်းတွေ ကြီးခဲ့ပြီး အပြောင်းအရွှေ့ ကို တကယ် အံ့အားသင့်စေခဲ့ ပါတယ် ။ စီးတီး မှာ ၁၅ ဂိုးသာ သွင်းနိုင်ခဲ့ပြီး မျှော်မှန်း ထားသလို ဖြစ်မလာခဲ့ ပါဘူး ။

၂ ။ အမာ ဇာကီ
၂၀၀၈ – ၂၀၀၉ ဘောလုံးရာသီ မှာ ရော်ဘင်ဟို လို ပဲ တောက်ပ ခဲ့သူ တစ်ဦး ရှိပါတယ် ။ သူကတော့ ၀ီဂန် က ဇာကီ ပါ ။ တစ်ရာသီ လုံး ကို ၁၀ ဂိုးပဲ သွင်းခဲ့သူကို စာရင်းသွင်း တဲ့အတွက် မေးခွန်းထုတ် ကောင်း ထုတ်နိုင် ပါတယ် ။ ဒါပေမယ့် ဒီ ၁၀ ဂိုး က ၁၆ ပွဲတည်း ကစားပြီး သွင်းခဲ့တာပါ ။ ရီးရဲ မက်ဒရစ် နဲ့ သတင်းတွေ ထွက်ပြီး မက်ဆီ ရဲ့ ပြိုင်ဘက်သစ် ဖြစ်လာမယ်လို့ တောင် ညွှန်းဆိုခြင်း ခံခဲ့ရတာပါ ။ အခုတော့ ဘယ်ရောက်နေလဲတောင် မသိတော့ ပါဘူး ။

၃ ။ ဘင်နီ မက်ကာသီ
ပရီးမီးယားလိဂ် ကို ၂၀၁၀ မတိုင်ခင် အားပေး ခဲ့သူတွေ ဆိုရင်တော့ ဘင်နီ မက်ကာသီ ဆိုတဲ့ ဘလက်ဘန်း တိုက်စစ်မှုး အကြောင်းကို သိကြမယ် ထင်ပါတယ် ။ မော်ရင်ဟို ရဲ့ ပေါ်တို နဲ့အတူ ချန်ပီယံလိဂ် ကို ရယူ ခဲ့တဲ့ မက်ကာသီ ဟာ ၂၀၀၆-၀၇ ရာသီ မှာ ဘလက်ဘန်း နဲ့ တောက်ပခဲ့ ပါတယ် ။ ရိုနယ်ဒို ၊ ရွန်းနီ တို့ ထက်တောင် ဂိုးပို သွင်းခဲ့ တဲ့ ပြီး ရွှေဖိနပ်ဆုရှင် ဒရော့ဘာ ထက် ၂ ဂိုးသာ နည်းခဲ့တဲ့ မက်ကာသီ ဟာ နောက်ရာသီတွေ မှာ မှေးမှိန်သွားတာ အံ့အားသင့် စရာပါပဲ ။

၄ ။ ရော့ကွီး ဆန်တာခရုဇ်
ဘင်နီမက်ကာသီ တောက်ပ အပြီး နောက် ရာသီ မှာတော့ နောက်ထပ် one-season wonder တစ်ယောက် ဘလက်ဘန်း ကို ထပ်ရောက်လာခဲ့ ပါတယ် ။ သူကတော့ ပါရာဂွေး တိုက်စစ်မှုး ရော့ကွီး ဆန်တာခရုဇ် ပါ ။ ၂ ပွဲ ကို တစ်ဂိုးနှုန်း သွင်းပေး ခဲ့တဲ့ ဆန်တာခရုဇ် ဟာ ဘလက်ဘန်း ကို ထိပ်ဆုံး ဆယ်သင်း အတွင်း ၀င်အောင် ဦးဆောင် နိုင်ခဲ့ ပါတယ် ။ ဒုတိယရာသီ မှာတော့ ၂၇ ပွဲ မှာ ၉ ဂိုးသာ သွင်းနိုင်တော့ ပါတယ် ။ အဲ့ဒီ နောက် မှာတော့ မန်စီးတီး ၊ မာလာဂါ ၊ ရီးရဲဘက်တစ် တို့ထံ လေလွှင့်ရင်း မှုန်ဝါးသွားခဲ့ ပါတော့တယ် ။

၅ ။ ဘင်ဂျာနီ
ဆန်တာ ခရုဇ် နဲ့ တစ်ရာသီ တည်း တောက်ပခဲ့ပြီး အစ်တီဟတ် အရောက်မှာ မှေးမှိန်ပျောက်ကွယ်ခဲ့ တဲ့ နောက် ထပ် ကစား သမား ကတော့ ပိုစ့်မောက် တိုက်စစ်မှုး ဘင်ဂျာနီ ပါပဲ ။ ဟယ်ရီ ရက်နက် ရဲ့ လမ်းပြမှု အောက်မှာ မွန်တာရီ ၊ ဒေးဗစ်ဂျိမ်းစ် ၊ ဆိုးကင့်ဘဲ ၊ ကနူး ၊ ကရန်ကာ တို့နဲ့ အတူ FA Cup ကို အရယူခဲ့မှု ဟာ ဘင်ဂျာနီ အတွက် ချိုမြိန်တဲ့ အမှတ်တရ ဖြစ်စေခဲ့ ပေမယ့် ဒါဟာ သူ့အတွက် အင်္ဂလန် မြေပေါ်က တစ်ခုတည်း သော အောင်ပွဲ ဖြစ်စေခဲ့ ပါတယ် ။

၆ ။ မီချူး
ပရီးမီးယားလိဂ် ဂိုးသွင်း ဘုရင် ဇယားမှာ ဗန်ပါစီ ၊ လူးဝစ် ဆွာရက် တို့နဲ့ အပြိုင်ကြဲခဲ့ သူ တစ်ဦးဟာ အခု အချိန် မှာတော့ ၃၃ နှစ် အရွယ် နဲ့ ဘောလုံး လောက ကို နှုတ်ဆက် လက်ပြသွားခဲ့ ပါပြီ ။ သူကတော့ ဆွမ်းဆိ တိုက်စစ်မှုးဟောင်း မီချုး ပါပဲ ။

၇ ။ အန်ဒီ ဂျွန်ဆင်
တန်းတက်လာတဲ့ အသင်း တစ်သင်း က ကစား သမား တစ်ယောက် ဟာ ရှုံးပွဲ မရှိ ချန်ပီယံ အသင်း က တိုက်စစ်မှုး နဲ့ သူတစ်ပြန် ကိုယ်တစ်ပြန် ဂိုးသွင်း ပြိုင်ခဲ့ ဖူး ပါတယ် ။ သူကတော့ အန်ဒီ ဂျွန်ဆင် ဖြစ်ပြီး ၂၀၀၄-၀၅ ဘောလုံး ရာသီ မှာ အာဆင်နယ် တိုက်စစ်မှုး အွန်နရီ ဆီက ရွှေဖိနပ်ဆု ကို လုယူဖို့ အနီးကပ်ဆုံး ခြိမ်းခြောက်သူ ဖြစ်ခဲ့ရ ပါတယ် ။ ပဲလေ့စ် ကနေ အဲဗာတန် ၊ ဖူလ်ဟမ် ၊ QPR တို့ကို ရွှေ့ပြောင်း ကစားခဲ့ပေမယ့် ၂၀၀၄-၀၅ တုန်းကလိုမျိုး အခြေအနေကို တော့ ပြန်မရောက် နိုင်ခဲ့ ပါဘူး ။

၈ ။ အဆာမိုဂျန်
၂၀၁၀ – ၁၁ ရာသီ မစခင်မှာ ဆန်းဒါးလန်း တို့ ဂါနာ တိုက်စစ်မှုး အဆာမိုဂျန် ကို စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ခဲ့ ပါတယ် ။ ဒီ အတွက် ပြန်ရလိုက်တာ က သွင်းဂိုး ၁၁ ဂိုးပါ ။ ဒါပေမယ့် နောက်ရာသီတွေ မှာတော့ ဂါနာသား ဟာ အလင်းရောင်ကွင်း အတွက် သူရဲကောင်း ဖြစ်မလာတော့ ပါဘူး ။ အယ်လ်အင် အသင်းဆီ အငှား ထွက် ကစားချိန် မှာတော့ အင်္ဂလန် မြေကို စရောက်တုန်းကလို တောက်ပမှုမျိုးတွေ ကို ပြန်လည် ရှာတွေ့ နိုင်ခဲ့ ပါတယ် ။

၉ ။ မီဒို
မီဒို ၊ ဒီဖိုး ၊ ရော်ဘီကိန်း ဆိုတဲ့ တိုက်စစ်မှုး တွေ နဲ့ မာတင်ဂျိုး ရဲ့ စပါး ဟာ ပြိုင်ဘက်တွေကို ခြောက်ခြားစေ ခဲ့ ပါတယ် ။ ဒါကြောင့် ရာသီ အကုန်မှာတော့ စပါး ဟာ ရိုးမား ကနေ အငှားခေါ်ထားတဲ့ မီဒို ကို အပြီးသတ် ၀ယ်ယူ ခဲ့ ပါတော့တယ် ။ အဲ့ဒီ ၀ယ်ယူမှု ဟာ မှားယွင်းတဲ့ ရွှေ့ကွက် ဖြစ်ခဲ့တယ် ဆိုတာ ကို မီဒို ရော စပါး အသင်းရော သိရှိခဲ့မှာ မဟုတ်ပါဘူး ။

၁၀ ။ ပါပစ် ဆစ်ဆီ
ချဲလ်ဆီး ဘက်ကို သွင်းခဲ့တဲ့ လှပတဲ့ အံ့ဖွယ်ဂိုး ၊ ဒမ်ဘာဘား နဲ့ အတွဲ မိမှုတွေ အပြင် ပါပစ် ဆစ်ဆီ ရဲ့ နယူးကာဆယ် အသင်းသားဘဝ ပထမဆုံး ရာသီ ဟာ သွင်းဂိုး ၁၃ ဂိုး နဲ့ လှပ ခဲ့ ပါတယ် ။ ဒါပေမယ့် နောက်ရာသီ မှာတော့ ဒီလို ပျော်စရာ ကောင်းတဲ့ အမှတ်တရ တွေကို ထပ်ပြီး မလုပ်ပြ နိုင်တော့ ပါဘူး ။

၁၁ ။ မိုက်ကယ် ရစ်ကတ်
တစ်ချိန်တုန်းက ဘောလ်တန် ဆိုတဲ့ အသင်းဟာ ပရီးမီးယားလိဂ် မှာ အလယ်အလတ် အဆင့် ရှိခဲ့ ပါတယ် ။ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်တွေ တုန်းက ဆမ်အာလာဒွိုက်စ် ကိုင်တွယ် နေတဲ့ အသင်းမှာ မိုက်ကယ် ရစ်ကတ် ဆိုတဲ့ တိုက်စစ်မှုး တစ်ယောက် ရှိခဲ့ပြီး ရာသီဝက် မှာတင် ၁၅ ဂိုး အထိ သွင်းယူပေး ထားခဲ့ပါတယ် ။ ဒါဟာ ရစ်ကတ် ကို အင်္ဂလန် လက်ရွေးစင် အတွက် ဆင့်ခေါ်ခြင်း ခံရဖို့ လုံလောက်ခဲ့ ပါတယ် ။ ဒါပေမယ့် နောက်ထပ် ၃ နှစ် အတွင်း မှာတော့ သူဟာ ၉ ဂိုးသာ သွင်းယူ နိုင်ခဲ့ ပါတော့တယ် ။

SPORTS MYANMAR