ဒန်နီမာဖီက လီဗာပူးရဲ့ ဂျော်ဒန်ဟန်ဒါဆန် ဟာ လာမည့် နွေရာသီ မှာ ကျင်းပမယ့် ဥရောပ ချန်ပီယံရှစ် မှာ ဂါရက်ဆောက်ဂိတ်ရဲ့ အင်္ဂလန် ပွဲထွက် လူစာရင်းမှာ နေရာ တစ်နေရာ အတွက် အာမခံချက် ရှိသင့်တဲ့ တစ်ဦးတည်းသော ကွင်းလယ်လူ ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။ The Three Lions တို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့က မွန်တီနီဂရိုးကို ၇-၀ နဲ့ အနိုင်ယူခဲ့ ပြီးနောက် ယူရို ၂၀၂၀ ခြေစစ်ပွဲ အောင်မြင် သွားခဲ့တာ ဖြစ်ပါတယ်။

ဆောက်ဂိတ်ရဲ့ အသင်းဟာ တနင်္ဂနွေနေ့က ကိုဆိုဗို အသင်း နဲ့ ကစား ရတဲ့ အုပ်စု နောက်ဆုံး ပွဲစဉ် မှာတော့ အိမ်ရှင် အသင်းကို ၄ ဂိုးပြတ် နဲ့ အနိုင်ယူကာ ချက်အသင်းရဲ့ အထက် အုပ်စု အေမှာ ထိပ်ဆုံး နေရာကို ရပ်တည် သွားနိုင် ခဲ့ပါတယ်။ အင်္ဂလန် ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား မှာတုန်းက ဆီမီးဖိုင်နယ်ကို တက်ရောက် ခဲ့မှုကို အခြေခံကာ လာမည့် ယူရို ၂၀၂၀မှာ လူငယ်တွေနဲ့ တည်ဆောက် ထားတဲ့ တိုက်စစ် အားသန် အသင်းနဲ့ အတူ ကာလရှည် စောင့်ဆိုင်း နေခဲ့ ရတဲ့ နိုင်ငံတကာ ဆုတံဆိပ်ကို ၇ယူ နိုင်ဖို့ ပစ်မှတ် ထားနေ ပါတယ်။

သို့ပေမ့ယ်လည်း လီဗာပူး ကွင်းလယ်လူဟောင်း ဖြစ်သူ ဒန်နီမာဖီက ဆောက်ဂိတ် အနေနဲ့ ကွင်းလယ်ပိုင်း အတွက် ပွဲထွက် လူစာရင်း ရွေးချယ် ရာမှာ အနည်းငယ်တော့ စဉ်းစားရ ကျပ်တည်း နိုင်တယ်လို့ ယူဆ နေပါတယ်။ အင်္ဂလန် အတွက် ၉ ပွဲ ကစားခွင့် ရခဲ့တဲ့ မာဖီက ဆောက်ဂိတ် အနေနဲ့ ဘယ်လို စနစ်ကိုပဲ ကျင်သုံးသည် ဖြစ်စေ ဟန်ဒါဆန် အနေနဲ့ ဥရောပ ချန်ပီယံရှစ် မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ထိုက်တန် တယ်လို့ ယုံကြည် နေပါတယ်။

မာဖီ က “ဂျော်ဒန်ဟာ အမြဲ ပါရမယ့် သူပါ။ ကွင်းလယ်ပိုင်းမှာ ဂါရက် အတွက် ရွေးချယ်စရာတွေ အများကြီး ရှိနေ ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ် ၂ ခု က ကွင်းလယ် ၃ ဦး အတွဲတော့ မဖြစ်သင့်ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ အနေနဲ့ အသင်းလေး တွေနဲ့ ကစား ရတဲ့ အခါ ဟန်ဒါဆန် or ဝင့် or ရိုက်စ် တို့ထက် မောင့် နဲ့ မက်ဒီဆင် တို့ကို ကစား စေမယ် ဆိုရင်လည်း ပြသနာ မရှိ ပါဘူး။

ဒါပေမယ့် ပြင်သစ်လို ကမ္ဘာ့ အကောင်းဆုံး အသင်းနဲ့ ကစား ရတဲ့ အခါ မှာတော့ ဂါရက် အနေနဲ့ ဝင့် ၊ အောက်စလိတ် ချိန်ဘာလိန် နဲ့ ဟန်ဒါဆန် တို့ အတွဲကို ရွေးချယ် ရနိုင် ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ အားလုံးဟာ ခံစစ် ကစား နိုင်ကြပြီး သူတို့ အားလုံးဟာ စည်းစနစ် ကျစွာ ကစား နိုင်စွမ်း ရှိပါတ်ယ။

ဂါရက်မှာ ကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဝင့် နဲ့ ရိုက်စ် တို့ နေရာ တစ်နေရာ အတွက် တိုက်ပွဲ ဝင်နေတာကို ကျွန်တော် ဝမ်းမြောက် ပါတယ်။ ပြီးတော့ နှစ်ဦးစလုံး အသင်းမှာ ရှိနေတာ ကျွန်တော် ဝမ်းသာ ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ နှစ်ဦး စလုံးဟာ ကြီးမားတဲ့ အနာဂတ် နဲ့ အရမ်းကို မြင့်မားတဲ့ လုပ်နိုင်စွမ်းတွေ ရှိနေ လို့ပါ။” လို့ ဆိုသွား ပါတယ်။

ဒါ့အပြင် မာဖီက လက်ရှိ အသုံးပြု နေတဲ့ ၄-၃-၃ ကစားကွက်ဟာ အင်္ဂလန် အတွက် အန္တရာယ် ရှိလာ နိုင်တဲ့ အလာအလား ကိုလည်း သတိပေး သွားခဲ့ပါတယ်။

လီဗာပူး ကွင်းလယ်လူဟောင်း က “ကွင်းလယ် ၃ ဦးနဲ့ ကစား ၇တဲ့ အခါ ဖြစ်လာ နို်င်တဲ့ အခြား အကြောင်း အရာတွေကို ပြောရမယ် ဆိုရင်တော့ အင်္ဂလန်ဟာ ဒီအချိန်မှာ အရမ်းကို ထူးချွန်တဲ့ တိုက်စစ် အားသန် နောက်တန်း အစွန်လူတွေကို ပိုင်ဆိုင် ထားပါတယ်။ ဒါပေမယ့် သူတို့ အနေနဲ့ ကွင်းလယ်လူ ၃ ဦးနဲ့ အတူ တိုက်စစ်ကို အရမ်း လိုက်ပါ ကစား သွားမယ် ဆိုရင် အင်္ဂလန် အနေနဲ့ နောက်တန်းမှာ ပွင့်နေ မှာပါ။

ဒါ့ကြောင့် ကိုယ်ဘယ်သူ နဲ့ ကစား ရမလဲ ဆိုတာ ကြည့်ပြီး အလုပ်လုပ် ရမှာပါ။ နောက်ထပ် ၃လမှာ ကစား သမားတွေ အနေနဲ့ ပုံစံကောင်း ပျောက်တာ ဒဏ်ရာ ရတာတွေ ရှိလာမှာပါ။ ကောင်းတဲ့ အချက် ကတော့ ကိုယ်တွေမှာ ရွေးချယ် စရာ ကောင်းကောင်းတွေ ရှိနေတာနဲ့ ကျွန်တော်တို့ လုပ်နိုင်စွမ်း ရှိနေတာပါ။ စိတ်ပူစရာ က နောက်တန်း ပါပဲ။ အင်္ဂလန် ပရိတ်သတ်တွေ အနေနဲ့ ကွင်းလယ်ထက် နောက်တန်းကို ပိုမို စိတ်ပူ နေမှာပါ။” လို့ ဆိုလိုက် ပါတယ်။

SM