ဖိလစ်ပီ ကော်တင်ဟို အတွက် တော့ ၂၀၁၉ ဟာ ဆုဖလား တွေ ပိုက်ပြီး စိတ်ညစ် ရတဲ့ နှစ် တစ်နှစ် လို့ ဆိုရမလို ပါပဲ ။ ဘာစီလိုနာ အသင်း နဲ့ အစပိုင်း မှာ အဆင်ပြေ အိုကေ ခဲ့ပေမယ့် ဘရာဇီးသား ရဲ့ နူးကမ့် ပထမဆုံး ရာသီ ကတော့ ဝေဖန်မှု တွေ နဲ့ အဆုံး သတ်သွား ခဲ့ရ ပါတယ် ။ လက်ရှိ မှာတော့ ဘာစီလိုနာ ပရိသတ်တွေ က ကောာ်တင်ဟို ကို ရောင်းထုတ်ဖို့ အထိ ပြောဆို နေကြပြီ ပဲဖြစ် ပါတယ် ။

ကမ္ဘာလုံး ဆိုင်ရာ ဘောလုံး သမား ဈေးကွက် မှာ လည်း ကော်တင်ဟို ဟာ ဈေးကျမှု အများဆုံး ဘောလုံး စတား ဖြစ်ခဲ့ရ ပါတယ် ။ လီဗာပူး ဆီကနေ ဘာစီလိုနာ ၀ယ်ယူခဲ့ စဉ် က ကော်တင်ဟို ရဲ့ ပြောင်းရွှေ့ ကြေး ဟာ ယူရို ၁၄၂ သန်း ရှိခဲ့ ပေမယ့် အခု အချိန် မှာတော့ ယူရို သန်း ၁၀၀ အောက် ကို ရောက် နေခဲ့ပြီ ဖြစ် ပါတယ် ။

ဒါပေမယ့် ဒီလို ဈေးကျ ခဲ့တဲ့ စတား က ကော်တင်ဟို တစ်ယောက် တည်း မဟုတ်ခဲ့ ပါဘူး ။ ပြီးခဲ့တဲ့ ရာသီ မှာ ခြေစွမ်း မပြ နိုင်တဲ့ ၊ ခြေမပေါ် ခဲ့ကြတဲ့ ဘောလုံး စတားတွေ ၊ အသက်ကြိး မြင့်လာ ပြီး ဈေးကွက် ရရှိမှု နည်းပါး လာတဲ့ စတားတွေ ဟာလည်း တန်ဖိုး ကျလာခဲ့ ကြပါတယ် ။

ဗြိတိန် အခြေစိုက် Transfermarket က ဖော်ပြ တဲ့ စာရင်း အရ ကော်တင်ဟို ရဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ မှာ ရှိ နေတဲ့ ဈေးကွက် တန်ဖိုး ဟာ ပေါင် ၈၁ သန်း သာ ဖြစ်တယ်လို့ ပါရှိ ခဲ့ ပါတယ် ။ ဒါဟာ ဘာစီလိုနာ ကို စတင် ပြောင်းရွှေ့ စဉ် က ထက် ၃၅.၅% ကျဆင်း သွားခဲ့တာ ဖြစ်ပြီး ပမာဏ အရ ဆိုရင်တော့ ပေါင် ၄၅ သန်း လောက် လျော့ကျသွား ခဲ့တာပဲ ဖြစ် ပါတယ် ။

ဒုတိယ ဈေးအကျဆုံး ဘောလုံး စတား ကတော့ ရီးရဲ နောက်ခံလူ မာဆယ်လိုပဲ ဖြစ် ပါတယ် ။ အသက် ၃၀ ကျော် နေပြီ ဖြစ်တဲ့ ဘရာဇီး သား ဟာ ၂၀၁၈ ဇူလိုင် ကနေ ၂၀၁၉ ဇူလိုင် အတွင်း ပေါင် ၂၈.၅ သန်း ဈေးကျသွား ခဲ့တယ် လို့ သိရ ပါတယ် ။

တတိယ နေရာမှာတော့ ယူဗင်တပ် တိုက်စစ်မှုးလေး ပေါ်လို ဒိုင်ဘားလား က ပေါင် ၂၂.၅ သန်း ဈေးကျ မှု နဲ့ အတူ ရပ်တည် နေခဲ့ ပါတယ် ။ ဂွန်ဇာလို ဟီဂွာအင် ၊ အမ်တီတီ ၊ ရာကီတစ် ၊ ဒီဘရိုင်း တို့ ကလည်း ဈေးအကျဆုံး ဘောလုံး စတား စာရင်း မှာ အစဉ်လိုက် ရပ်တည် ခဲ့ကြ ပါတယ် ။

မကြာသေးမီ ရက်ပိုင်း က မှ ဘာစီလိုနာ ကို ပြောင်းရွှေ့ သွားခဲ့ တဲ့ ဂရစ်ဇ်မန်း ဟာ လည်း ပေါင် ၁၈ သန်း ခန့် တန်ကြေး ကျဆင်း ခဲ့တယ် လို့ သိရပြီး စာရင်းရဲ့ သတ္တမ နေရာ ကို ရယူထားခဲ့ ပါတယ် ။ သူ့ရဲ့ နောက်မှာတော့ အီကာဒီ ၊ ဘေးလ် ၊ အဆန်ဆီရို ၊ တိုနီ ကရူးစ် တို့ က ရပ် တည် နေခဲ့ တယ် လို့ သိရ ပါတယ်

ဒါပေမယ့် ဒါတွေ ဟာ ကစား သမားတွေ ရဲ့ အနိမ့်ဆုံး သတ်မှတ် ထားတဲ့ ဈေးကွက် တန်ဖိုး တွေ ကျဆင်း လာခဲ့တာ ဖြစ်ပြီး ကလပ် အသင်း အချင်းချင်း ညှိနှိုင်း ရာမှာတော့ ဖော်ပြ ထားတဲ့ ဈေးထက် ၁ ဆခွဲ ခန့်ပိုများ တဲ့ ဈေးကို တောင်းဆို လေ့ ရှိကြ ပါတယ် ။ ဒါကြောင့်လည်း အဆိုပါ ကစား သမားတွေရဲ့ အပြောင်း အရွှေ့ တွေ ကို ညှိနှိုင်း ရာမှာ ကြန့်ကြာ အဆင်မပြေ မှုတွေ ဖြစ်ပေါ် လာခဲ့တာ လည်း ဖြစ် ပါတယ် ။

SPORTS MYANMAR