လီဗာပူးဟာ အလန်ရှီးယားရား ရဲ့ ပွဲစဉ် ၁၂ အပြီး team of the season မှာ ကစားသမား အများဆုံး ကိုယ်စားပြု ပါ၀င် လာခဲ့ပြီး ၄ ဦးထိ ရွေးချယ် ခံခဲ့ ရပါတယ်။ မန်ချက်စတာယူနိုက်တက် နဲ့ အာဆင်နယ် အသင်း တို့ကတော့ ဒီရာသီ ရုန်းကန် နေရတဲ့ အခြေအနေကြောင့် ဒီနှစ်သင်း စလုံးရဲ့ ကစားသမား တစ်ဦးမှ ရွေးချယ် မခံ ခဲ့ရပါတယ်။

ဒီရာသီ မှာ အများ မထင်မှတ် ထားလောက်အောင် ပုံစံကောင်း ပြသ ထားပြီး ဒုတိယ နေရာမှာ ရပ်တည် နေတဲ့ လက်စတာစီးတီး အသင်းဟာ လီဗာပူး ပြီးရင် ရှီးယားရဲ့ အသင်းမှာ ဒုတိယ ကိုယ်စားပြုမှု အများဆုံး ဖြစ်ပြီး ကစားသမား ၃ ဦးထိ ပါ၀င်လာ ခဲ့ပါတယ်။ အမှတ်ပေးဇယား ရဲ့ အဆင့် ၄ နေရာကို ရောက်နေတဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီး အသင်းကို ကိုယ်စားပြုတဲ့ ကစားသမား ကတော့ တစ်ဦးပဲ ပါခဲ့ပါတယ်။

ဂိုးမှာတော့ ရှီးယားရားဟာ ဒီရာသီ ဂိုးပေါက်မှာ အကောင်းဆုံး လက်စွမ်းပြလျက် ရှိနေတဲ့ ဒင်းဟန်ဒါဆန် ကို ရွေးချယ် ခဲ့ပါတယ်။ မန်ယူနိုက်တက် မှ အငှား လာကစား နေတဲ့ ရှက်ဖီး ယူနိုက်တက် ဂိုးသမားဟာ ရှီးယားရဲ့ ရွေးချယ်မှု အရ သူ့မိခင် အသင်းရဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာ ကို ကျော်ကာ နေရာ တစ်နေရာ ရခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်ဟာ တန်းတက် အသင်း ဖြစ်ပေမယ့်လည်း ဒီရာသီ ထင်ထားတာထက် အများကြီး ပိုမို စွမ်းဆောင် ပြထား ခဲ့ပြီး အာဆင်နယ် ၊ ယူနိုက်တက် တို့ရဲ့ အထက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရဲ့ အဆင့် ၆ နေရာမှာ ရပ်တည် နေပြီး ပေးဂိုး ကလည်း ၉ ဂိုးသာ ရှိထားကာ လက်စတာ ပြီးရင် ပေးဂိုး အနည်းဆုံး အသင်း ဖြစ်ပါတယ်။

လီဗာပူးရဲ့ ထရန်အလက်ဇန်းဒါးအာနိုး နဲ့ အန်ဒီရောဘတ်ဆန် တို့ဟာ ရှီးယားရား ရဲ့ အသင်းမှာ နောက်တန်း အစွန် နေရာတွေကို သိမ်းပိုက် နိုင်ခဲ့ကြပြီး ရှက်ဖီးယူနိုက်တက် ရဲ့ နောက်ထပ် ကြယ်ပွင့် တစ်ဦး ဖြစ်သူ ဂျွန်အီဂန် ကတော့ ဗဟို ခံစစ်နေရာ အတွက် ပါ၀င် ခဲ့ပါတယ်။ ဗဟို ခံစစ်မှာ ၎င်းနဲ့ တွဲဖက် ရမယ့် ကစားသမား အဖြစ် ယူနိုက်တက်ကို မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ပြောင်းသွား ခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယား ရဲ့ နေရာကို ကောင်းစွာ အစားထိုးကာ ကင်းပါ၀ါမှာ ခြေစွမ်းပြ နေသူ ဆိုယွန်ချူ ကို ရွေးချယ် ခဲ့ပါတယ်။

ကွင်းလယ် နေရာတွေ မှာတော့ ရှီးယားရား ဟာ လီဗာပူးရဲ့ မီးပြတိုက် ဖာဘင်ညိုကို ရွေးချယ် လိုက်ပါတယ်။ ၎င်းရဲ့ ရှေ့မှာတော့ လက်စတာ ရဲ့ ဂျိမ်းမက်ဒီဆင် ၊ လီဗာပူး ရဲ့ ဆာဒီယို မာနေး နဲ့ မန်စီးတီး ရဲ့ ကယ်ဗင် ဒီဘရိုင်း တို့ကို ထားခဲ့ပါတယ်။ တိုက်စစ် နေရာ အတွက် ရှီးယားရား ရွေးချယ် ပေးလိုက်တဲ့ တိုက်စစ်မှုး နှစ်ဦးဟာ ဒီရာသီ သွင်းဂိုး အများဆုံး ဖြစ်နေတဲ့ လက်စတာ ရဲ့ ဂျေမီဗာဒီ နဲ့ ချဲလ်ဆီး ရဲ့ တမ်မီ အေဗရာဟမ် တို့ပဲ ဖြစ်ပါတယ်။

ဗာဒီဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက လက်စတာ အတွက် ၃၃ ပွဲမှာ ၁၈ ဂိုး သွင်းပေး နိုင်ခဲ့ပြီး အသက် ကလည်း ၃၂ နှစ် ရှိနေပြီ ဖြစ်တာကြောင့် ကျဆင်းမှုတွေ ရှိသွားမယ်လို့ ထင်မှတ် ထားခဲ့ ပေမယ့်လည်း လက်စတာ ကြယ်ပွင့်ဟာ နည်းပြသစ် ဘရန်ဒန်ရော်ဂျာရဲ့ လက်အောက်မှာ အသွင်သစ်နဲ့ ခြေစွမ်းပြ နေကာ ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၁၁ ဂိုး သွင်းယူ ထားခဲ့ပါတယ်။ နောက်ထပ် အများမထင်မှတ်ဘဲ ခြေစွမ်းပြ နေသူ ကတော့ ချဲလ်ဆီးရဲ့ လူငယ် ကြယ်ပွင့် အေဗရာဟမ်ပဲ ဖြစ်ပြီး ၎င်းဟာ လမ်းပတ်ရဲ့ ယုံကြည်မှု ကို အကောင်းဆုံး ခြေစွမ်းနဲ့ ပြန်လည် ပေးဆပ် နေကာ သွင်းဂိုး ၁၀ ဂိုးထိ ရယူ ပေးထား ခဲ့ပါတယ်။

SM

လီဗာပူးကစားသမား ၄ ဦးထိ ပါ၀င္လာခဲ့တဲ့ အလန္ရွီးယားရားရဲ႕ Team of the season

လီဗာပူးဟာ အလန္ရွီးယားရား ရဲ႕ ပြဲစဥ္ ၁၂ အျပီး team of the season မွာ ကစားသမား အမ်ားဆံုး ကိုယ္စားျပဳ ပါ၀င္ လာခဲ့ျပီး ၄ ဦးထိ ေရြးခ်ယ္ ခံခဲ့ ရပါတယ္။ မန္ခ်က္စတာယူႏုိက္တက္ နဲ႕ အာဆင္နယ္ အသင္း တုိ႕ကေတာ့ ဒီရာသီ ရုန္းကန္ ေနရတဲ့ အေျခအေနေၾကာင့္ ဒီႏွစ္သင္း စလံုးရဲ႕ ကစားသမား တစ္ဦးမွ ေရြးခ်ယ္ မခံ ခဲ့ရပါတယ္။

ဒီရာသီ မွာ အမ်ား မထင္မွတ္ ထားေလာက္ေအာင္ ပံုစံေကာင္း ျပသ ထားျပီး ဒုတိယ ေနရာမွာ ရပ္တည္ ေနတဲ့ လက္စတာစီးတီး အသင္းဟာ လီဗာပူး ျပီးရင္ ရွီးယားရဲ႕ အသင္းမွာ ဒုတိယ ကုိယ္စားျပဳမွဳ အမ်ားဆံုး ျဖစ္ျပီး ကစားသမား ၃ ဦးထိ ပါ၀င္လာ ခဲ့ပါတယ္။ အမွတ္ေပးဇယား ရဲ႕ အဆင့္ ၄ ေနရာကို ေရာက္ေနတဲ့ လက္ရွိ ခ်န္ပီယံ မန္ခ်က္စတာစီးတီး အသင္းကို ကုိယ္စားျပဳတဲ့ ကစားသမား ကေတာ့ တစ္ဦးပဲ ပါခဲ့ပါတယ္။

ဂိုးမွာေတာ့ ရွီးယားရားဟာ ဒီရာသီ ဂုိးေပါက္မွာ အေကာင္းဆံုး လက္စြမ္းျပလ်က္ ရွိေနတဲ့ ဒင္းဟန္ဒါဆန္ ကို ေရြးခ်ယ္ ခဲ့ပါတယ္။ မန္ယူႏုိက္တက္ မွ အငွား လာကစား ေနတဲ့ ရွက္ဖီး ယူႏုိက္တက္ ဂိုးသမားဟာ ရွီးယားရဲ႕ ေရြးခ်ယ္မွဳ အရ သူ႕မိခင္ အသင္းရဲ႕ ဂိုးသမား ေဒးဗစ္ဒီဂီယာ ကို ေက်ာ္ကာ ေနရာ တစ္ေနရာ ရခဲ့ပါတယ္။

ရွက္ဖီးယူႏုိက္တက္ဟာ တန္းတက္ အသင္း ျဖစ္ေပမယ့္လည္း ဒီရာသီ ထင္ထားတာထက္ အမ်ားၾကီး ပိုမို စြမ္းေဆာင္ ျပထား ခဲ့ျပီး အာဆင္နယ္ ၊ ယူႏုိက္တက္ တုိ႕ရဲ႕ အထက္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ရဲ႕ အဆင့္ ၆ ေနရာမွာ ရပ္တည္ ေနျပီး ေပးဂိုး ကလည္း ၉ ဂိုးသာ ရွိထားကာ လက္စတာ ျပီးရင္ ေပးဂိုး အနည္းဆံုး အသင္း ျဖစ္ပါတယ္။

လီဗာပူးရဲ႕ ထရန္အလက္ဇန္းဒါးအာႏိုး နဲ႕ အန္ဒီေရာဘတ္ဆန္ တုိ႕ဟာ ရွီးယားရား ရဲ႕ အသင္းမွာ ေနာက္တန္း အစြန္ ေနရာေတြကို သိမ္းပိုက္ ႏုိင္ခဲ့ၾကျပီး ရွက္ဖီးယူႏုိက္တက္ ရဲ႕ ေနာက္ထပ္ ၾကယ္ပြင့္ တစ္ဦး ျဖစ္သူ ဂၽြန္အီဂန္ ကေတာ့ ဗဟုိ ခံစစ္ေနရာ အတြက္ ပါ၀င္ ခ့ဲပါတယ္။ ဗဟို ခံစစ္မွာ ၎နဲ႕ တြဲဖက္ ရမယ့္ ကစားသမား အျဖစ္ ယူႏုိက္တက္ကုိ ျမင့္မားတဲ့ ေျပာင္းေရြ႕ေၾကးနဲ႕ ေျပာင္းသြား ခဲ့တဲ့ ဟယ္ရီမက္ဂြိဳင္းယား ရဲ႕ ေနရာကို ေကာင္းစြာ အစားထိုးကာ ကင္းပါ၀ါမွာ ေျခစြမ္းျပ ေနသူ ဆုိယြန္ခ်ဴ ကို ေရြးခ်ယ္ ခဲ့ပါတယ္။

ကြင္းလယ္ ေနရာေတြ မွာေတာ့ ရွီးယားရား ဟာ လီဗာပူးရဲ႕ မီးျပတုိက္ ဖာဘင္ညိဳကို ေရြးခ်ယ္ လိုက္ပါတယ္။ ၎ရဲ႕ ေရွ႕မွာေတာ့ လက္စတာ ရဲ႕ ဂ်ိမ္းမက္ဒီဆင္ ၊ လီဗာပူး ရဲ႕ ဆာဒီယို မာေနး နဲ႕ မန္စီးတီး ရဲ႕ ကယ္ဗင္ ဒီဘရုိင္း တုိ႕ကို ထားခဲ့ပါတယ္။ တုိက္စစ္ ေနရာ အတြက္ ရွီးယားရား ေရြးခ်ယ္ ေပးလိုက္တဲ့ တုိက္စစ္မွဳး ႏွစ္ဦးဟာ ဒီရာသီ သြင္းဂိုး အမ်ားဆံုး ျဖစ္ေနတဲ့ လက္စတာ ရဲ႕ ေဂ်မီဗာဒီ နဲ႕ ခ်ဲလ္ဆီး ရဲ႕ တမ္မီ ေအဗရာဟမ္ တုိ႕ပဲ ျဖစ္ပါတယ္။

ဗာဒီဟာ ျပီးခဲ့တဲ့ ရာသီ တုန္းက လက္စတာ အတြက္ ၃၃ ပြဲမွာ ၁၈ ဂိုး သြင္းေပး ႏုိင္ခဲ့ျပီး အသက္ ကလည္း ၃၂ ႏွစ္ ရွိေနျပီ ျဖစ္တာေၾကာင့္ က်ဆင္းမွဳေတြ ရွိသြားမယ္လို႕ ထင္မွတ္ ထားခဲ့ ေပမယ့္လည္း လက္စတာ ၾကယ္ပြင့္ဟာ နည္းျပသစ္ ဘရန္ဒန္ေရာ္ဂ်ာရဲ႕ လက္ေအာက္မွာ အသြင္သစ္နဲ႕ ေျခစြမ္းျပ ေနကာ ပရီးမီးယားလိဂ္ ၁၂ ပြဲမွာ ၁၁ ဂိုး သြင္းယူ ထားခဲ့ပါတယ္။ ေနာက္ထပ္ အမ်ားမထင္မွတ္ဘဲ ေျခစြမ္းျပ ေနသူ ကေတာ့ ခ်ဲလ္ဆီးရဲ႕ လူငယ္ ၾကယ္ပြင့္ ေအဗရာဟမ္ပဲ ျဖစ္ျပီး ၎ဟာ လမ္းပတ္ရဲ႕ ယံုၾကည္မွဳ ကို အေကာင္းဆံုး ေျခစြမ္းနဲ႕ ျပန္လည္ ေပးဆပ္ ေနကာ သြင္းဂိုး ၁၀ ဂိုးထိ ရယူ ေပးထား ခဲ့ပါတယ္။

SM