အာဂျင်တီးနား အသင်း ဟာ ယမန်နေ့ က ဥရုဂွေး အသင်း နဲ့ ခြေစမ်းပွဲ ကစား ခဲ့ပြီး ၂ ဂိုးစီ သရေ ကျခဲ့ကြ ပါတယ် ။ ဥရုဂွေး အတွက် ကာဗာနီ နဲ့ ဆွာရက် တို့ က ဂိုးတွေ သွင်းပေး ခဲ့ပြီး အာဂျင်တီးနား အတွက် အဂူရို က တစ်ဂိုး ပြန်ချေပ ခဲ့ကာ ၉၁ မိနစ် မှာ မက်ဆီ က ပင်နယ်တီ က တဆင့် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ ပါတယ် ။

ယမန်နေ့ ညက ကစား ခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ တွေ မှာတော့ စပိန် နဲ့ အီတလီ တို့ ဂိုးမိုးတွေ ရွာခဲ့ကြ ပါတယ် ။ စပိန် ဟာ အိမ်ကွင်းမှာ ရိုမေးနီးယား အသင်း ကို ၅ ဂိုးပြတ် အနိုင် ကစားပြီး ခြေစစ်ပွဲ ကို လှလှ ပပ ပိတ်သိမ်း နိုင်ခဲ့ ပါတယ် ။

အီတလီ က လည်း အိမ်ကွင်းမှာ အာမေးနီးယား အသင်း ကို ၉ – ၁ ရလဒ် နဲ့ အပြတ် အသတ် အနိုင် ကစား ပြီး ယူရို ခြေစစ်ပွဲ ကို ၁၀၀% နိုင်ပွဲ နဲ့ အောင်ပွဲ ခံသွား နိုင်ခဲ့ ပါတယ် ။

စပိန် အသင်း နည်းပြ မိုရီနို ဟာ ခြေစစ်ပွဲတွေ အပြီး မှာ လက်ရွေးစင် အသင်း နဲ့ လမ်းခွဲ သွားခဲ့ပြီ ဖြစ်ကြောင်း အသိပေး ကြေညာ သွားခဲ့ ပါတယ် ။ စပိန် သတင်းတွေ ကတော့ နည်းပြ ဟောင်း လူးဝစ် အင်းနရစ် ဟာ လက်ရွေးစင် ကို ပြန်ရောက်လာမယ် လို့ ဖော်ပြ နေကြ ပါတယ် ။

Soccer Football – Euro 2020 Qualifier – Group F – Spain v Romania – Wanda Metropolitano, Madrid, Spain – November 18, 2019 Spain coach Robert Moreno REUTERS/Javier Barbancho

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ရီးဒင်း လူငယ် ကစား သမား ဒန်နီ လုပ်ဒါ ကို ခေါ်ယူဖို့ အတွက် စောင့်ကြည့် နေတယ် လို့ ကြားသိရ ပါတယ် ။ ရိုးမား ကို အငှားချ ထားတဲံ နောက်ခံလူ စမောလင်း ကတော့ အီတလီ မှာ ပျော်ရွှင် နေပြီး အပြီးသတ် ပြောင်းရွှေ့ မှု အတွက် တွန်းအား ပေး သွားဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

ရက််ဘူးလ် ဆဲလ်ဘတ် တိုက်စစ်မှုး လေး အာလင်း ဟာလန်း ရဲ့ ဖခင် ဖြစ်သူ ဟာ ယမန်နေ့ က မန်ချက် စတာ ယူနိုက်တက် ရဲ့ ကာရင်တန် လေ့ကျင့်ရေး ကွင်းဆီ ရောက်လာ ခဲ့တယ် လို့ သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်း ဟာ ရက်ဘူး လိုက်ပ်ဇစ် နည်းပြ နာဂယ်စ်မန်း ကို ပိုချက်တီနို ရဲ့ နေရာ အတွက် အစားထိုး ဖို့ စောင့်ကြည့် နေတယ်လို့ သိရ ပါတယ် ။

အေစီမီလန် အသင်း ဟာ ဘာစီလိုနာ ကွင်းလယ်လူ အိုင်ဗန် ရာကီတစ် ကို ဇန်နဝါရီ မှာ လက်ဦးမှု ရယူ နိုင်ဖို့ အတွက် လုပ်ဆောင် နေတယ် လို့ ကြားသိရ ပါတယ် ။

အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက် တို့ က ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းထွက်ပေါ် နေတဲ့ မိုချန်ဂလာဘတ် ကွင်းလယ်လူ ဇာကာရီယာ ရဲ့ အေးဂျင့် ကတော့ သူ့ရဲ့ ကစား သမား ဟာ ဇန်နဝါရီ မှာ အသင်း ကနေ ထွက်ခွာ မှာ မဟုတ်ကြောင်း အသိပေး သွားခဲ့ ပါတယ် ။

ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် တို့ ဟာ ယူရို သန်း ၁၀၀ တန်ကြေး ရှိနေတဲ့ အင်တာ မီလန် ခံစစ်မှုး မီလန် စကရီနီယာ ကို အပြိုင် စောင့်ကြည့် နေကြတယ် လို့ ကြားသိရ ပါတယ် ။

အယ်ဂျီးရီးယား လက်ရွေးစင် အသင်း နည်းပြ က တော့ သူ ဟာ ပြင်သစ် တိုက်စစ်မှုး ဘန်ဇီးမား ကို အသင်းမှာ ထည့်သွင်း ဖို့ ဆန္ဒ မရှိပါဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။

နေမာ ဟာ PSG အသင်း ကနေ ထွက်ခွာ နိုင်ဖို့ အတွက် ပေါင် ၁၇ သန်း ခန့် ကို အိတ်စိုက် ပေးသွားဖို့ ရှိနေတယ် လို့ သတင်း ကြားသိရ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ရာသီ အကုန် မှာ စာချုပ် ပြည့် ကြမယ့် ချဲလ်ဆီး ရဲ့ ၀ီလ်ယံ နဲ့ နာပိုလီ နောက်ခံလူ ဖေဘီယံ ရုဇ် တို့ ကို စာချုပ် သစ် မချုပ်ဆို ဖို့ တိုက်တွန်း သွားမယ် လို့ သတင်း ကြားသိရ ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ ရလဒ်တွေ ကတော့ –

ဂရိစ် ၂ – ၁ ဖင်လန်
ဆွီဒင် ၃ – ၀ ဖာရိုးစ် ကျွန်းစု
စပိန် ၅ – ၀ ရိုမေးနီးယား

လီချင်စတိန်း ၀ – ၃ ဘော့စနီးယား
မော်တာ ၁ – ၂ နော်ဝေ
အိုင်ယာလန် ၁ – ၁ ဒိန်းမတ်
အီတလီ ၉ – ၁ အာမေးနီးယား
ဂျီဘရော်တာ ၁ – ၆ ဆွစ်ဇာလန်

SPORTS MYANMAR