* ရီးရဲလ် မက်ဒရစ် အသင်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ ဂိုးသမား သီဘောက် ကော်တွိုက်စ် ကို သာ ခေါ်ယူ သွားဖို့ အလိုရှိ နေပြီး တောင်ပံ ကစားသမား ဝီလီယံ ကို တော့ ခေါ်ယူလို ခြင်း မရှိ ကြောင်း Marca မှ ဖော်ပြ သွားခဲ့ ပါတယ် ။

* ချယ်လ်ဆီး အသင်း ဟာ ဂျူဗင်တပ် အသင်း ရဲ့ တိုက်စစ်မှူး ဟီဂွာအင် ကို ခေါ်ယူ ဖို့ လွဲချော် ခဲ့တာ ကြောင့် လက်ရှိ မှာ ဘိုင်ယန်မြုးနစ် အသင်း ရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီး ကို ခေါ်ယူ ဖို့ ကြိုးစား နေတယ် လို့ Goal ရဲ့ သတင်း တခု အရ သိ ရပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ လီဝန်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ ဝန်းကျင် အထိ အသုံးပြုရ ဖွယ်ရှိ နေတယ် လို့ လည်း သိရ ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ကစားသမား ကေစီ ပါလ်မာ ကတော့ မနေ့ က ပဲ ချန်ပီယံရှစ် ကလပ် ဘလက်ဘန်း သို့ တရာသီ အငှား ဖြင့် ပြောင်းရွှေ့ သွားပြီ လည်း ဖြစ်ပါတယ် ။

* ပြင်သစ် မာဆေးလ် အသင်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ကို ခေါ်ယူ ခွင့်ရ ဖို့ ကြိုးစား နေကြောင်း Mirror မှာ ဖော်ပြ သွားခဲ့ ပါတယ် ။ တဖက်မှာ လည်း ဂျရူး ဟာ မာဆေးလ် ရဲ့ ကမ်းလှမ်းလာမှု ကို ငြင်းပယ် သွားဖွယ် ရှိ နေပြီး ဆာရီ ရဲ့ လက်အောက် မှာ နေရာ တနေရာ ရဖို့ ကြိုးစား သွားနိုင် တယ် လို့ လည်း Daily Mail က ဆို ပါတယ် ။

* ချယ်လ်ဆီး အသင်း က ခေါ်ယူ ဖို့ စိတ်ဝင်စား နေတဲ့ ရှက်တာဒိုးနက်စ် အသင်း ရဲ့ တောင်ပံ ကစားသမား ဘားနက် ကတော့ ယနေ့ မှာ အေစီမီလန် အသင်း နဲ့ ဆွေးနွေး ဖို့ လန်ဒန် သို့ ထွက်ခွာ လာကြောင်း La Republicca မှ ဖော်ပြ သွား ခဲ့ပါတယ် ။ ဘားနက် ဟာ ချယ်လ်ဆီး ထက် အေစီမီလန် သို့ ပြောင်းရွှေ့ ကစားရန် သာ စဉ်းစား နေကြောင်း လည်း သိရ ပါတယ် ။

* ယနေ့ ဟာ ချယ်လ်ဆီး အသင်း ရဲ့ နည်းပြ ဟောင်း အန်တိုနီယို ကွန်တီ ရဲ့ အသက် ၄၉ နှစ် ပြည့် မွေးနေ့ ဖြစ် ပါတယ် ။ မွေးနေ့ မှာ ပျော်ရွှင်ပါစေ … အန်တိုနီယို … ။

* ချယ်လ်ဆီး အသင်း ဟာ အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေး ကို ခေါ်ယူ နိုင်ခြင်း မရှိ ခဲ့ပါက ရီးရဲလ် မက်ဒရစ် အသင်း ရဲ့ ကွင်းလယ်လူ ကိုဗာဆစ် ကို ခေါ်ယူ သွားမှာ ဖြစ်ကြောင်း Daily Mail က ဖော်ပြ ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ဟာ အသင်း ရဲ့ ကွင်းလယ်လူ ကန်တေ ရဲ့ အရန် အဖြစ် ကစားစေဖို့ အင်တာ မီလန် အသင်း ရဲ့ ဥရုဂွေး လက်ရွေးစင် ကွင်းလယ်လူ မတ်တီယာစ် ဗက်ချီနို ကို ပေါင် ၃၂ သန်း နဲ့ ခေါ်ယူဖို့ ပြင်ဆင် နေကြောင်း Sky Sports က ဆို သွားခဲ့ ပါတယ် ။

* မနေ့ က ပဲ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် ဟာ ကော့ဘ်ဟမ်း လေ့ကျင့်ရေး ကွင်း သို့ စောစီးစွာ ရောက်ရှိ နေခဲ့ ကြောင်း သိရ ပါတယ် ။ လော့ဖ်တပ်စ် ချိခ် ဟာ အားလပ်ရက် တပတ် မျှ ကျန်ရှိ နေသေး ပေမယ့် ယခု ကဲ့သို့ အသင်း သို့ ဆောလျင်စွာ ရောက်ရှိ ခဲ့တာ ဖြစ် ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး မိုရာတာ ရဲ့ ဇနီး ဖြစ်သူ အဲလစ် ဟာ မနေ့ က ပဲ အမြွှာပူး လေး မွေးဖွား ခဲ့ပြီး ၄င်း ရဲ့ ကလေး ၂ ယောက် နာမည် ကို လည်း အဲလက်ဆန်ဒရို နဲ့ လီယိုနာဒို ဆိုပြီး နာမည် မှည့်ပေး ခဲ့ပါ တယ် ။ ဂုဏ်ပြု ပါတယ် … အယ်လ်ဗာရို … ။

* ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား ဝီလီယံ က သူ့ အနေနဲ့ ဘယ် အသင်း မှ ပြောင်းရွှေ့ လိုခြင်း မရှိ ပဲ ယခု အချိန်မှာ ချယ်လ်ဆီး အသင်း နဲ့ ပူးပေါင်း မှာ ဖြစ်ကြောင်း ဘရာဇီး သတင်း ဌာန တခု နဲ့ တွေ့ဆုံ ရာမှာ ဖြေကြား သွား ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ဟာ နောက်ခံလူ ရူဂါနီ ကို ခေါ် ယူ မယ့် ကိစ္စ မှာ ဂျုဗင်တပ် အသင်း အပေါ် စိတ်ရှည် နေခြင်း မရှိပဲ ၄င်း တို့ရဲ့ အသက် ၂၄ နှစ် အရွယ် နောက်ခံလူ ကယ်လ်ဒါရာ ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူ ဖို့ ပြင်ဆင် နေပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ဒရင့်ခ်ဝါးတား ကို ဝက်စ်ဟမ်း အသင်း က ခေါ်ယူ လိုနေ ပေမယ့် ဒရင့်ခ်ဝါးတား ကတော့ အသင်း မှာ ပဲ ဆက်လက် ကစား လိုတယ် လို့ သိရ ပါတယ် ။

* ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ ရဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ကို နောက်ထပ် စာချုပ် သစ် ချုပ်ဆို ရန် ကမ်းလှမ်း ခဲ့ကြောင်း Times မှ ဖော်ပြ သွားခဲ့ ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ အက်ဇ်ပီလီကွီတာ ကတော့ သူ့ အနေနဲ့ ညာ နောက်ခံ လူ အဖြစ် နေရာ ပြောင်း ကစား ပေးရမယ် ဆိုပေမယ့် ထို့ အတွက် စိတ်ပူ နေခြင်း မရှိ ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။ ပြီးခဲ့တဲ့ အင်တာမီလန် အသင်း နဲ့ ခြေစမ်း ပွဲစဉ် မှာ အက်ဇ်ပီ ဟာ ဇာပါ ကော်စတာ နေရာ မှ လူစားလဲ ကစားပေး ခဲ့ပါတယ်