လက်တလော ထွက်ပေါ် နေ ခဲ့တဲ့ သတင်း တွေ အရ တော့ တိုက်စစ် ပိုင်းကို အင်အား ဖြည့်တင်း လိုတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ရက်ဘူးလ် ဆဲလ်ဘတ် အသင်း ရဲ့ တိုက်စစ်မှူး လေး အားလင်း ဟားလန်း ကို ခေါ်ယူ ဖို့ အတွက် စိတ်ဝင်စား နေတယ် လို့ သိရှိ ခဲ့ရ ပါတယ် ။

မကြာသေးမီ ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က တစ် နိုင်ငံ တည်းသား တပည့်ဟောင်း ဖြစ်သူ ဟားလန်းရဲ့ ခြေစွမ်း ကို စောင့်ကြည့် ဖို့ အတွက် အထူး ကင်းထောက် ဖြစ်တဲ့ ဆိုင်မွန် ဝဲလ် ကို စေလွှတ် ခဲ့ သေးတယ် လို့ သိရှိ ခဲ့ရ ပါ သေးတယ် ။

အခုတော့ နောက်ဆုံး ထွက်ပေါ် လာတဲ့ သတင်း တွေ အရ ကစားသမား ဖြစ်သူ ရဲ့ ဖခင် လိဒ် အသင်း ရဲ့ ကစားသမား ဟောင်း အဲ့လ်ဖ် အင့်ဂ် ဟားလန်း ကိုယ်တိုင် က ကာရင်တန် လေ့ကျင့်ရေး ကွင်းကို ရောက်ရှိ ခဲ့တယ် ဆိုတဲ့ သတင်း တစ်ရပ် က ဒါကို ကောလဟာလ သတင်း တစ်ခု ထက် ပိုစေ ခဲ့ ပါပြီ ။

နော်ဝေ လက်ရွေးစင် ကစားသမား လေးဟာ ဒီ ရာသီ အတွင်း ထူးကဲ ကောင်းမွန် လှတဲ့ ဂိုးသွင်း မှတ်တမ်း တွွေ ၊ ဟတ်ထရစ် ဂိုးတွေ မကြာခန သွင်းယူ နိုင်ခဲ့ မှု ၊ ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာပါ ဂိုးတွေ သွင်းယူ နိုင်ခဲ့ မှု တွေကြောင့် ဥရောပ ထိပ်သီး ကလပ် တွေရဲ့ စောင့်ကြည့် မှု တွေကို ခံနေ ရသူ ပဲ ဖြစ်ပါတယ် ။

သူဟာ ဒီ ရာသီ အသင်း အတွက် ပြိုင်ပွဲစုံ 18 ပွဲ ကစား ပေးထား ခဲ့ရာ မှာ 26 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ ပါတယ် ။ ဒါ့ အပြင် ဟားလန်း ဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ ဂျန့်ခ် အသင်း ဖက် ဟတ်ထရစ် ဂိုး ၊ လီဗာပူး အသင်း ဖက်လည်း ဂိုး သွင်းယူ ထားနိုင် ခဲ့တာ ကြောင့် နာမည်ကျော် လာသူ ဖြစ်ပါတယ် ။

ကစားသမား ကိုယ်တိုင် ကတော့ နော်ဝေ ကလပ် မိုလ်ဒီ အသင်း ကို ဆိုးလ်ရှား ကိုင်တွယ် ခဲ့စဉ် က ယူနိုက်တက် နည်းပြ ရဲ့ တပည့် ဟောင်း ဖြစ်ခဲ့ ပြီး မကြာ သေးခင် က သူဟာ အင်္ဂလိပ် ဘောလုံး အားကစား ကို နှစ်ခြိုက် စိတ်ဝင်စား သူ ဖြစ်ကြောင်း ဖွင့်ဟ ခဲ့ပါ သေးတယ် ။

” ကစားသမား တိုင်းက ကမ႓ာ့ အကောင်းဆုံး လိဂ် ၊ ကမ႓ာ့ အကောင်းဆုံး အသင်း မှာ ကစား ခွင့်တွေ ရရှိ နိုင်ဖို့ အိပ်မက် မက်ကြ ပါတယ် ။ ဒါဟာ ကျွန်တော့် အတွက်လည်း အကြီးမား ဆုံး အိပ်မက် တစ်ခု ဖြစ်ပြီး ကျွန်တော် ဟာ အထူးသဖြင့် အင်္ဂလန် ဘောလုံး အားကစား ကို နှစ်ခြိုက် လှ ပါတယ် ” လို့ ဟားလန်း က ပြောကြား ခဲ့တာ ပဲ ဖြစ်ပါတယ် ။

ကစားသမား ကိုယ်တိုင် က အင်္ဂလန် မြေကို ပြောင်းရွှေ့ လိုနေ ပေမယ့် လက်တလော ထွက်ပေါ် ခဲ့တဲ့ သတင်း တွေ အရ တော့ စပိန် ထိပ်သီး ဘာစီလိုနာ ၊ ရီးယဲ မက်ဒရစ် ၊ အီတလီ ထိပ်သီး ဂျူဗင်တပ် နဲ့ ဂျာမန် ထိပ်သီး ဘိုင်ယန် မြူးနစ် အသင်း တွေက သူ့ကို ခေါ်ယူ လိုနေ ကြတယ် လို့ သိရှိ ရ ပါတယ် ။

အခုတော့ ဟားလန်း ရဲ့ ဖခင် ကိုယ်တိုင် ကာရင်တန် လေ့ကျင့်ရေး ကွင်းဆီ ရောက်ရှိ ခဲ့တယ် ဆိုတဲ့ သတင်းကြောင့် သူဟာ အိုးလ် ထရပ်ဖို့ မှာ ဆရာဟောင်း ဆိုးလ်ရှား နဲ့ ပြန်လည် ပူးပေါင်း တော့မှာ လား ဆိုတဲ့ သတင်း တွေဟာ ပိုမို ကျယ်လောင် လာခဲ့ ပါတယ် ။

ဒါပေမယ့် ရိုင်အိုလာ ဟာ ဟားလန်း ရဲ့ အေးဂျင့် ဖြစ်နေခြင်း က ဒီ အပြောင်း အရွှေ့ ကိစ္စ ကို ပိုမို ရှုပ်ထွေ စေနိုင် ပါတယ် ။ ရိုင်အိုလာ ဟာ ပေါ့ဂ်ဘာ ရဲ့ အပြောင်း အရွှေ့ ကိစ္စ တွေကြောင့် ယူနိုက်တ် ပရိသတ် တွေနဲ့ ကစားသမား ဟောင်း တွေရဲ့ ဝေဖန် မှုကို မကြာခန ရရှိ ခဲ့သူ ပဲ ဖြစ်ပါတယ် ။

အခြား တစ်ဖက် မှာတော့ စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း ဟာ နော်ဝေ လက်ရွေးစင် ကို ခေါ်ယူ နိုင်ဖို့ အတွက် စုံစမ်းမှု တွေ ပြုလုပ် နေတယ် လို့ နာမည်ကြီး သတင်းစာ ဖြစ်တဲ့ AS က ဖော်ပြ နေ ပါတယ် ။ လက်ရှိ ထွက်ပေါ် နေတဲ့ သတင်း တွေ အရ ဆဲလ်ဘတ် အသင်း ဟာ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း 100 သတ်မှတ် ထားတယ် လို့ သိရှိ ရ ပါတယ် ။

#Sports_Myanmar