မက်ဒရစ်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ စပါးအသင်းကိုအနိုင်ရလိုက်တာကြောင့် နည်းပြကြီးကလော့ပ်ရဲ့ လက်ထက်ဆုဖလားလက်မဲ့ဖြစ်နေမှုတွေကို လီဗာပူးတို့ အဆုံးသတ်လိုက်နိုင်ခဲ့ပါတယ်။ဆီမီးဖိုင်နယ်ပထမအကျော့မှာဘာစီလိုနာကို၃-၀ဂိုးနဲ့အရေးနိမ့်အပြီးအန်ဖီးလ်မြေမှာ ၄-၀ ဂိုးနဲ့ပြန်လာနိုင်ခဲ့ဟာလည်း ပြိုင်ပွဲသမိုင်းရဲ့ Epicomeback တွေထဲကတခုဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လည်း ချန်ပီယံဆုနဲ့ အတော်လေးကို နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းတွေထဲတသင်း ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မလိုက်ဖက်စွာပဲ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းပြီးကတည်းက ဆုဖလားမရယူထားနိုင်ခဲ့မှုကို ချေဖြတ်နိုင်လုနီးပါးဖြစ်ခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိချန်ပီယံမန်စီးတီးအသင်းက ရမှတ်တမှတ်အသာလေးနဲ့နောက်ကောက်ချသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းလီဗာပူးအသင်း PL ချန်ပီယံဖြစ်ဖို့ဘယ်သူတွေကကူညီပေးနိုင်မယ်ဆိုတာကို Sportskeedaက ဖော်ပြသွားခဲ့ပါတယ်။

၅။တီမိုဝါနာ (လိုက်ပ်ဇစ်ပ် )

ဒီဂျာမန်သား ဟာလိုက်ပ်ဇစ်ပ်နဲ့စာချုပ် သက်တမ်းနောက်ဆုံးနှစ်အတွင်း ရောက် နေတာဖြစ်ပြီး ဖာမီနိုရဲ့ နေရာအတွက် အရံတိုက်စစ်မှူးရှာဖွေနေတဲ့လီဗာပူးအတွက် အတော်လေးသင့်တော်တာဖြစ်ပါတယ်။စာချုပ်သက်တမ်းကုန်ခါနီးဖြစ်လို့ ဈေးကြီးမြင့်မှာမဟုတ်သလို ပြည်ပ ကလပ်တွေကိုရောင်းထုတ်ဖွယ်ရှိနေတဲ့ လိုက်ပ်ဇစ်ပ် အသင်းကြောင့်ခေါ်ယူနိုင်ဖို့ အဆင်ပြေဖွယ်ရှိနေတာဖြစ်ပါတယ်။သူဟာတိုက်စစ်မှူးအဖြစ်သာမကပဲ တောင်ပံတိုက်နေရာမှာပါကစား နိုင်လို့ မာနေးရဲ့ နေရာအတွက်လည်း အစားထိုးနိုင်နေတာဖြစ်ပါတယ်။သက်တမ်းတိုးလိုက်တဲ့အော်ရီဂီကြောင့် အပြောင်းအရွှေ့ဖြစ်လာနိုင်ခြေနည်းပေမယ့် ဝါနာကတော့ အဆိုပါဘယ်ဂျီယံသားလေးထက်ပိုကောင်းတာဖြစ်ပါတယ်။

၎။ဂျိုနသန်တက် ( လေဗာကူဆင် )

အသက် ၂၃နှစ်အရွယ် ရှိသေးသလို အတော်လေးကောင်းတဲ့ ဒီဗဟိုခံစစ်ကစား သမားလေးကို ခေါ်ယူချင်ပါက ဈေးကြီး ကြီးပေးစရာတော့မလိုပါဘူး။သူဟာလက်ရှိလီဗာပူးခံစစ်မှူးတွေဖြစ်တဲ့ဂိုးမက်စ် နဲ့ မာတစ်တို့လို ဒဏ်ရာပြသနာထူ ပြောသူလည်းမဟုတ်ပါဘူး။မာတစ်ဟာ ကောင်းမွန်တဲ့ ရာသီတခုဖြတ်သန်းထားခဲ့တာဖြစ်ပေမယ့် ဒဏ်ရာမကြာခဏရတတ်တဲ့ ခံစစ်မှူး ၂ယောက်နဲ့ ရာသီသစ်ကိုဖြတ်သန်းဖို့ ဆိုတာအန္တရာယ်များလွန်းတာဖြစ်ပါတယ်။ဒါကြောင့်လည်းဂျိုနသန်တက်ဟာ လီဗာပူးအတွက် အရေးပါတဲ့ခေါ်ယူမှုတခုဖြစ်လာနိုင်ပါတယ်။သူဟာ ပြီးခဲ့တဲ့ရာသီမှာ အနားသိပ်မရခဲ့တဲ့ ဗန်ဒိုက်ကို အနားပေးချင်တဲ့ အချိန်မှာ လည်းအသုံးဝင်မယ့်ကစားသမားတဦးဖြစ်ပြီးပေါင်သန်း ၄၀ ကျော်လောက်ပေး ချေပါက လေဗာကူဆင်အသင်းလက်လွှတ်အောင်ဆွဲဆောင်နိုင်ဖို့ရှိနေတာဖြစ်ပါတယ်။

၃။ဂျူနီယာဖာပို ( ဘက်တစ် )

သူဟာ ဘက်တစ် အသင်းကနေ ထွက်ခွာဖို့ ပြီးခဲ့တဲ့ ဆောင်းရာသီဈေးကွက် အတွင်းကတည်းက ချိတ်ဆက်မှုတွေ ခံထားခဲ့ရသူဖြစ်ပါတယ်။လီဗာပူးအသင်းသာခေါ်ယူခဲ့ပါက ပြီးခဲ့တဲ့ရာသီမှာအနားသိပ်မရခဲ့တဲ့ ရောဘတ်ဆန်ရဲ့ နေရာအတွက် အရံအဖြစ်အသုံးဝင်မှာ ဖြစ်ပါတယ်။သူဟာခံစစ်အစွန်မှာကစား ပေမယ့်တိုက်စစ်ကော၊ ခံစစ်ကစားပုံတွေ မှာပါထူးချွန်သူဖြစ်ပါတယ်။သူ့ကိုဘာစီလိုနာအသင်းကလည်းစိတ်ဝင်စားနေတာဖြစ်ပြီး လီဗာပူးကိုရောက်လာခဲ့ရင်တော့ ရောဘတ်ဆန်ရဲ့ အရံအဖြစ်သာရှိနေမယ်ဆိုတာသေချာတာဖြစ်ပါတယ်။ဈေးကွက်ပေါက်ဈေး ပေါင်သန်း ၃၀ ရှိ နေတဲ့ ဒီစပိန်သားလေးဟာ ခေါ်ယူရင်း နှီးမြှပ်နှံ သင့်တဲ့ကစားသမားကောင်းတဦးဖြစ်ပါတယ်။

၂။ဘရူနိုဖာနန်ဒက်စ် (စပို့တင်း )

စပို့တင်း လစ္စဘွန်းအသင်းနဲ့အတူ အံ့မခန်းရာသီတခုဖြတ်သန်းထားနိုင်ခဲ့တဲ့ ဒီ ပေါ်တူဂီသားလေးကို လီဗာပူးနဲ့ ယူနိုက်တက် တို့က အပြိုင်စိတ်ဝင်စားနေတာဖြစ်ပါတယ်။သူဟာစပို့တင်းအတွက် သွင်းဂိုး ၃၂ ဂိုးနဲ့ ဖန်တီးမှု၁၈ ကြိမ်အထိစွမ်းဆောင်ပေးထားနိုင်ခဲ့တာကြောင့် လည်း လမ်းပတ်ရဲ့ ဂိုးအများဆုံးကွင်းလယ်လူစံချိန်ကိုကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။သူဟာတိုက်စစ်နဲ့ ခံစစ် ချိတ်ဆက်မှုကောင်းနဲ့ ကွင်းလယ်လူတဦးဖြစ်သလို အဝေးကန်ချက်ကောင်းတွေနဲ့ပြိုင်ဘက်ဂိုးပေါက်ကိုခြိမ်းခြောက်တတ်သူဖြစ်ပါတယ်။ဈေးကွက်ပေါက်ကြေး ပေါင် ၄၉သန်းရှိနေတဲ့ သူ့ကို ပေါင်သန်း ၆၀ ကျော်လောက်နဲ့ ကမ်းလှမ်းပါက စပို့တင်းအသင်းက လက်ခံစဉ်းစားဖွယ်ရှိနေပါတယ်။လတ်တလောလီဗာပူး အသင်းရဲ့ စီမံကိန်းတွေကလည်း ဒီကစားသမားလေးကို ယူနိုက်တက်ထက် ပိုပြီးဆွဲဆောင်နိုင်ဖွယ်ရှိနေပါတယ်။

၁။ နီကိုလက်စ် ပီပီ (လိုင်လီ )

ပြီးခဲ့တဲ့ရာသီမှာ လိုင်လီအသင်းအတွက်ြိပိုင်ပွဲစုံသွင်းဂိုး ၂၂ ဂိုးနဲ့ ဖန်တီးမှု ၁၁ ကြိမ်စွမ်းဆောင်ပေးခဲ့တဲ့ ဒီ အိုက်ဗရီကို့စ်သား လေးဟာ လတ်တလောမှာထိပ်သီး အသင်းတွေရဲ့ စိတ်ဝင်စားမှုအခံရဆုံးကြယ်ပွင့်လေးထဲကတဦးအဖြစ်ရှိနေတာဖြစ်ပါတယ်။သူဟာညာတောင်ပံ နဲ့ အထောင်တိုက်စစ်မှူးအဖြစ်ပါကစား နိုင်လို့ ဆာလတ်ကို အနားပေးချင်ပါက အသုံးဝင်နိုင်တာဖြစ်ပါတယ်။တိုက်စစ် မှတ်တမ်းကောင်းရှိနေတာဟာသူ့ကို လိုချင်တဲ့ အသင်းတိုင်းအတွက်ခေါ်ယူသင့်တဲ့အကြောင်းပြချက်ကောင်းတခုအဖြစ်ရှိနေပါတယ်။ဈေးကွက် အတွင်းမှာ ပေါင် ၅၈သန်း တန်ကြေးရှိနေတဲ့ သူ့ကို ပေါင်သန်း ၈၀ ဝန်းကျင်နဲ့ ခေါ်ယူခဲ့ပါက လီဗာပူး အသင်းရဲ့ ပရီးမီးယားလိဂ် အိပ်မက်ကို အများကြီး အထောက်အကူ ဖြစ်စေမှာ သေချာပါတယ်။

SPORTS MYANMAR