သွင်းဂိုး စံချိန် တင် အရေ အတွက် နဲ့ အနိုင် ရတာ ဟာ ကိုယ့် အသင်း အတွက် ဂုဏ်ယူ စရာ ကောင်း မနေဘူး လား ? ဘရာဇီး အတွက် တော့ ဂျာမဏီ ကို 7 – ၀ နဲ့ ရှုံးခဲ့ တာ ဟာ သမိုင်း ရဲ့ အမည်းစက်ကြီး ဖြစ် ခဲ့ ပါတယ် ။ လက်စတာ စီးတီး က တော့ မကြာ သေးခင် ကမှ ဆောက်သမ်တန် ဘက်ကို ၉ ဂိုး သွင်းပြီး သမိုင်း မှတ်တမ်း စိုက်ထူ နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အချို့ နေရာ တွေ မှာတော့ အယူ အဆ တွေ က မတူညီ ကြ ပါဘူး ။

ပြီး ခဲ့တဲ့ အပတ် တုန်း က အီတလီ ပြည်တွင်း က လူငယ် အသင်း တစ်သင်း ဖြစ်တဲ့ အင်ဗစ်တာဆာရို ဟာ ပြိုင်ဘက် အသင်း ကို မညှာ မတာ ဂိုးမိုး ရွာခဲ့ ပါတယ် ။ ၄ ဂိုး ၅ ဂိုး ၆ ဂိုး မျိုး မဟုတ်ခဲ့ ပါဘူး ။ 27 ဂိုး တိတိ ပါ ။ ဟုတ် ပါတယ် ။ သင် နားကြား မလွဲ ပါဘူး ၊ ၂၇ – ၀ ဆိုတဲ့ ရလဒ် ပါ ။

ဒါဟာ အံ့သြ စရာ ရလဒ် လို့ ထင်မယ် ဆိုရင်တော့ အင်ဗစ်တာဆာရို အသင်း ရဲ့ နောက်ထပ် လုပ်ရပ် တစ်ခု ဟာ သင့်ကို ပိုလို့ တောင် အံ့သြ သွားစေ ပါလိမ့်မယ် ။ အဲ့ဒါ ကတော့ ပြိုင်ဘက် ကို 27 ဂိုး အထိ သွင်းစေ ဖို့ ညွှန်ကြား ခဲ့တဲ့ လူငယ် အသင်း နည်းပြ ကို ရာထူး ကနေ ထုတ်ပယ် ပစ်လိုက် တာပါပဲ ။

အင်ဗစ်တာဆာရို နဲ့ ယှဉ်ပြိုင် ကစား ခဲ့တဲ့ မာရီနာ အသင်း ဟာ ဒဏ်ရာ ပြဿနာ တွေ နဲ့ လုံးပန်း နေရပြီး ပွဲ ကစား ဖို့ လူမပြည့် တာ ကြောင့် အပြင် ကနေ ကစား သမားတွေ ကို ခေါ်ယူ ခဲ့ရကာ အတွေ့ အကြုံ မရှိသူ ကို ဂိုး သမား အဖြစ် မလွဲ မရှောင်သာ ရွေးချယ် ခဲ့ရ ပါတယ် ။

ဒါကြောင့် ပွဲ ကစားချိန် မှာတော့ အင်ဗစ်တာဆာရို ကို ဘယ်လိုမှ မယှဉ်နိုင် ခဲ့ဘဲ ဂိုး နှစ်ဒါဇင်ကျော် သွင်းခံ ခဲ့ရ တာ ဖြစ်ပြီး အင်ဗစ်တာဆာရို ကစား သမား ၂ ဦး ဟာ ၆ ဂိုးစီ ၊ နောက် တစ်ဦး က 7 ဂိုး အသီးသီး သွင်းယူ သွားခဲ့ ပါတယ် ။

အင်ဗစ်တာဆာရို အသင်း အကြီးအကဲ တွေ ကတော့ ဒီလို လုပ်ဆောင်မှု ဟာ ပြိုင်ဘက် အသင်း အပေါ် လေးစားမှု ကင်းမဲ့ တာ ဖြစ်တယ် လို့ ခံယူ ခဲ့ပြီး အထူး သဖြင့် ငယ်ရွယ် တဲ့ လူငယ် ကစား သမားတွေကို စိတ်ဒဏ်ရာ ရရှိစေနိုင် တယ်လို့ ယူဆ ခဲ့တာ ကြောင့် နည်းပြ ဖြစ်သူ ကို ရာထူး ကနေ ထုတ်ပယ် လိုက်တာ ဖြစ်တယ် လို့ ကြေညာ သွားခဲ့ ပါတယ် ။

“မာရီနာ ကယ်လ်ဆီယို အသင်း ကို ကျွန်တော်တို့ လူငယ် အသင်း က 27-0 နဲ့ နိုင်သွား တယ် လို့ ကြားလိုက် ရချိန် မှာ အရမ်း အံ့သြ မင်သက် မိခဲ့ ပါတယ် ။ အရမ်းလည်း ၀မ်းနည်း နောင်တ ရခဲ့မိ ပါတယ် ။ ကျွန်တော်တို့ လူငယ်တွေ ကို ပြုစု ပျိုးထောင် ပေးနေ တာ က ဒီလို ပုံစံမျိုး အတွက် မဟုတ်ပါဘူး”

“ကျွန်တော်တို့ ဟာ ပြိုင်ဘက် အပေါ် လေးစားမှု အပြည့် ရှိသင့် ပါတယ် ။ ဒီနေ့ ကြားခဲ့တဲ့ အရာ က ဒီလိုမဟုတ် ခဲ့ ပါဘူး ။ အသင်းရဲ့ ဥက္ကဌ တစ်ဦး အနေနဲ့ မာရီနာ အသင်း ကို ကျွန်တော် က တောင်းပန် တယ်လို့ ပြောချင် ပါတယ် ။ ဒီ ကိစ္စ အတွက် ဒါရိုက်တာ အဖွဲ့ ၀င်တွေ ကလည်း ၀မ်းနည်းခဲ့ကြ ပါတယ် ။ အခု နည်းပြ ရစ်ဆီနီ ကို ထုတ်ပယ် လိုက်ပါပြီ”

“နည်းပြ တစ်ယောက် ဟာ လူငယ်တွေ ကို စိတ်ပိုင်း ဆိုင်ရာ ရော ကာယပိုင်း ဆိုင်ရာ မှာပါ တိုးတက် လာ အောင် ထိန်းသိမ်း လေ့ကျင့်ပေးရမယ့် တာဝန် ရှိပါတယ် ။ ရစ်ဆီ ဟာ ကလေးတွေ ရဲ့ စိတ်ထဲကို မတရား အနိုင်ယူ လို စိတ်တွေ ဖြစ်လာ အောင် တွန်းပို့ ပေးခဲ့ မိတယ်လို့ ကျွန်တော်တို့ ယူဆ ပါတယ် ။ ဒါကြောင့် သူ့ကို ထုတ်ပယ် ခဲ့တာပါ” လို့ အင်ဗစ်တာဆာရို အသင်း ဥက္ကဌ ပါဘလို ဘရိုဂယ်လီ က ပြောဆို သွားခဲ့ ပါတယ်

SPORTS MYANMAR