လက်ရှိကမ္ဘ႓ာ့အကောင်း ဆုံး ဘောလုံးသမား ၂ဦးထဲက တဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ လာမယ့်နှစ် ဖေဖေါ်ဝါရီလမှာ အသက် ၃၅နှစ်တင်းတင်းပြည့်မြောက်တော့မှာဖြစ်ပါတယ်။ကစား သမား တဦးအတွက် အကောင်းဆုံး အသက်အရွယ် အပိုင်းအခြားကိုကျော်လွန် နေပြီ ဖြစ်ပေမယ့် သူ့ရဲ့ ရွှေ့ရောင်တောင်ပတဲ့ နေ့စွဲတွေက အလျင်အမြန်ကြီး ရပ်တန့်သွားဦးမယ်ပုံမှာ မရှိသေးပါဘူး။

 

သူဟာ တနင်္ဂနွေနေ့ မှာကစားခဲ့တဲ့ လူဇက်ဘတ်နဲ့ ပွဲမှာ နိုင်ငံ အသင်းသားဘဝ ၉၉ ဂိုးမြောက်သွင်းဂိုးကို ပူပူနွေးနွေးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။သူ့ရဲ့ ဂိုးအပါအဝင် ပေါ်တူဂီ အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရ ခဲ့တာကြောင့် ယူရို ၂၀၂၀ နောက်ဆုံးအဆင့်ပြိုင် ပွဲကြီးကို ယှဉ်ပြိုင်ခွင့် ရသွားခဲ့ပြီဖြစ်ပါတယ်။

မော်ဒန်ဘောလုံး လောကမှာ ဘောလုံးစံချိန် ပေါင်းများစွာကို ချိုးဖြတ် ရယူထား နိုင်ခဲ့ပြီးသားဖြစ်သလို၊အခုလို အသက်အရွယ်အပိုင်းအခြား မှာ သွင်းဂိုးတွေ ကို သွင်းယူထားနိုင်နေဆဲ ဖြစ်ပြီး ခြေစွမ်းကောင်းပြသနေတဲ့ ရော်နယ်ဒို ဟာနိုင်ငံ အသင်းသားဘဝကနေ အနားမယူ မီမှာ အောက်ပါစံချိန် ၆ခုအထိ ကို ချိုးဖြတ်နိုင်ဖွယ်ရှိနေသေးတာဖြစ်ပါတယ်။

၁။ နိုင်ငံ တကာအဆင့် မှာ ဂိုးအများဆုံး ကစားသမား စံချိန်

အီရန်ဘောလုံးသမိုင်းရဲ့ အိုင်ကွန်ကြီး အလီဒါအီ ဟာ ၂၀၀၆ခုနှစ်မှာ နိုင်ငံအသင်းကနေ အနားယူခဲ့တာဖြစ်ပါတယ်။ထိုစဉ်က ရော်နယ်ဒိုရဲ့နိုင်ငံတကာသွင်းဂိုး ၁၂ ဂိုးသာရှိထားသေးတာဖြစ်ပါတယ်။အလီဒါအီက နိုင်ငံတကာအဆင့် မှာစုစုပေါင်း ၁၀၉ ဂိုးအထိသွင်းယူထားပြီး ဂိုးအများဆုံးအဖြစ် ရပ်တည်နေပြီး အချိန်မှာရော်နယ်ဒိုက လိုက်မီဖို့ ၁၀ ဂိုးသာလိုအပ်တော့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ လက်ရှိယူရိုချန်ပီယံပေါ်တူဂီ အသင်းသားတဦးဖြစ်ပြီးနိုင်ငံတကာအဆင့် ဂိုးအများဆုံး ကစားသမားစာရင်းမှာ ပီလီ၊ကလိုဆေးနဲ့ ပွတ်ကတ်စ် တို့ကို ကျော်ဖြတ်ထားခဲ့ပြီးပြီဖြစ်ပါတယ်။

၂။ နိုင်ငံတကာ ပွဲအများဆုံး ကစား သမား စံချိန်

ရော်နယ်ဒို ဟာ ကစားသမား ဘဝမှာ အံ့မခန်း ကြိုးစားအားထုတ်မှုရှိသူ ဖြစ်ပြီး ခြေစွမ်းကောင်းကို ကာလရှည်ထိန်းထားနိုင်သူလည်းဖြစ်ပါတယ်။သူဟာပေါ်တူဂီ နိုင်ငံ အသင်းအတွက် ပွဲတပွဲတောင် လွဲချော်ဖို့ ခဲရင်းသူဖြစ်ပြီး အခုထိစုစုပေါင်း ၁၆၄ ပွဲအထိကစားပေးထားပါတယ်။၂၀၂၀ အကုန်မှာတော့သူဟာ ဘူဖွန်နဲ့ အတူဒုတိယမြောက်နိုင်ငံတကာပွဲအများဆုံးဖြစ်လာဖို့ရှိနေပါတယ်။ဘောလုံးသမိုင်းမှာနိုင်ငံတကာပွဲအများဆုံးအဖြစ်စံချိန်တင်ထားတာကတော့ အီဂျစ်အတွက် ၁၈၄ပွဲအထိကစားပေးထားခဲ့ဖူးတဲ့ အာမတ်ဟတ်ဆန် ဖြစ်ပါတယ်။

၃။ အနည်းဆုံးတဂိုးသွင်းနိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအကြိမ်ရေအများဆုံးစံချိန်

မတူညီတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး လေးရပ်မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမား လေးဦးသာရှိပြီး ရော်နယ်ဒိုကတဦးအပါအဝင်ဖြစ်ပါတယ်။ကလိုဆေး၊ ပီလီ နဲ့ အူဝီဆီလာ တို့က အနားယူသွားပြီဖြစ်လို့ ကာကာ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရပါက ရော်နယ်ဒိုက စံချိန်တင်ဖို့အခွင့်အရေးရှိနေပါတယ်။

၄။ယူရိုပြိုင်ပွဲ ၅ကြိမ် အထိပါဝင်ဖူးတဲ့ စံချိန်

ကာစီးလက်စ် အနေနဲ့ ယူရိုပြိုင်ပွဲ၅ကြိမ် အထိရွေးချယ်ခံရပေမယ့် ၃ကြိမ်သာပါဝင်ခွင့်ရထားခဲ့ပါတယ်။ဇလာတန် နဲ့ ဘူဖွန် နဲ့ ရော်နယ်ဒိုတို့ကတော့ ၄ကြိမ် စီနဲ့ အများဆုံးအဖြစ်ရပ်တည်နေပါတယ်။လာမယ့် နှစ်နွေရာသီမှာကျင်းပမယ့် ယူရိုပြိုင်ပွဲမှာသာ ပါဝင်နိုင်ခဲ့ပါက ရော်နယ်ဒိုတယောက်စံချိန်သစ်တခုထပ်ရဦးမှာဖြစ်ပါတယ်။

၅။ယူရိုပြိုင်ပွဲတွေမှာ ဂိုးအများဆုံကစား သမား စံချိန်

ယူရို ၂၀၁၆ ဆီမီးဖိုင်နယ် အဖြစ် ဝေးလ် နဲ့ ရင်ဆိုင်ရတဲ့ ပွဲမှာဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ပလာတီနီ နဲ့ အတူ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပြိုင်ပွဲတွေမှာ ဂိုးအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။သူတို့၂ဦးဟာ ၉ဂိုးစီနဲ့ စံချိန်တင်နေတာဖြစ်ပြီး လာမယ့်နွေမှာကျင်းပမယ့် ယူရို ၂၀၂၀ မှာသာဂိုးသွင်းနိုင်ခဲ့ပါက ရော်နယ်ဒိုက စံချိန်သစ်တင်လိုက်နိုင်မှာဖြစ်ပါတယ်။

၆။ ယူရိုပြိုင်ပွဲတွေ မှာ နိုင်ပွဲအများဆုံး စံချိန်

လက်ရှိမှာစပိန် ကွင်းလယ်အတွဲဖြစ်တဲ့ အင်နီယေစတာနဲ့ ဖာဘရီဂတ်စ် တို့ကယူရို ပြိုင်ပွဲနောက်ဆုံးအဆင့်တွေမှာ ၁၁ ပွဲစီ အနိုင်ရထားဖူးပြီးအများဆုံးအဖြစ် ရပ်တည်နေပါတယ်။လက်ရှိချန်ပီယံပေါ်တူဂီ တို့ လာမယ့် ၂၀၂၀ ပြည့်ပွဲမှာလည်း အခြေအနေကောင်းဖွယ်ရှိလို့ ရော်နယ်ဒိုက သူတို့၂ဦးကို မကျော်နိုင်ရင်တောင် လိုက်မီဖွယ်ရှိနေပါတယ်။

SM