ချယ်လ်ဆီး အသင်း ရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး မစ်ချီ ဘတ်ရှူဝါရီ ဟာ ၂၀၁၆ ၊ နွေရာသီ အပြောင်းအရွှေ့ မှာ ကတည်းက မာဆေးလ် အသင်း ကနေ ချယ်လ်ဆီး သို့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပေမယ့် ချယ်လ်ဆီး အသင်း မှာ အဓိက တိုက်စစ်မှူး အဖြစ် မန်နေဂျာ တွေရဲ့ မျက်နှာသာ ပေးခြင်း ကို မရရှိခဲ့ပါဘူး ။

ဘတ်ရှူဝါရီ ဟာ ချယ်လ်ဆီး ကို စရောက်တဲ့ နှစ်မှာ ဒီယေဂို ကော်စတာ ရဲ့ အနောက် မှာသာ ရှိနေခဲ့ပြီး ကော်စတာ ထွက်ခွာ သွားတဲ့နောက် မှာလည်း အယ်လ်ဗာရို မိုရာတာ ရဲ့ အနောက် မှာသာ ရပ်တည် ခဲ့ပါတယ် ။ အဲ့ဒီနောက် ဒေါ့မွန် ၊ ဗလင်စီယာ ၊ ခရစ်စတယ် ပဲလေ့စ် အသင်း တွေ ဆီကို အငှား ထွက်ကစား ခဲ့ရကာ ၊ ဒီနှစ် ဘောလုံး ရာသီ မှာတော့ နည်းပြသစ် ဖရန့် လမ်းပတ် ရဲ့ ဒုတိယ ဦးစားပေး တိုက်စစ်မှူး အနေနဲ့ ရပ်တည် လာပါတယ် ။

လမ်းပတ် ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ အကယ်ဒမီ ထွက် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ကို အဓိက ဦးစားပေး ပွဲထုတ် ပေးနေကာ ၊ အေဘရာဟမ် ကလည်း အထူး ခြေစွမ်းပြ ဂိုးတွေ သွင်းယူ နေတာကြောင့် ၄င်းရဲ့ အနောက် က စီနီယာ တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ မစ်ချီ ဘတ်ရှူဝါရီ နဲ့ အိုလီဗီယာ ဂျရူး တို့ ကျော်ဖြတ်ဖို့ ခက်ခဲ နေတာ ဖြစ်ပါတယ် ။

သို့ပေမယ့် လည်း ဂျရူး ဟာ ဘတ်ရှူဝါရီ ထက် ပွဲကစားခွင့် တွေ ပိုမို ပျောက်ဆုံး နေတာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ အသင်း ပြောင်းဖို့ ရည်ရွယ် နေပါတယ် ။ တဖက် မှာ ဘတ်ရှူဝါရီ ကတော့ ချယ်လ်ဆီး အသင်း မှာ ပွဲထွက်ခွင့် တွေ ရဖို့ ထပ်မံ ကြိုးစားမှာ ဖြစ်သလို ၊ ချယ်လ်ဆီး အသင်း ကို ချစ်မြတ်နိုး တာကြောင့် အသင်းမှာပဲ ဆက်ရှိမယ် လို့ ဆိုလာပါတယ် ။

ဘတ်ရှူဝါရီ က ” ကျွန်တော် ဟာ ဘယ်တော့မှ အသင်း အတွက် စင်းလုံးချော ၊ ပွဲထွက်ခွင့် ရတဲ့ တိုက်စစ်မှူး မဖြစ်ခဲ့ပါဘူး ။ ဒါပေမယ့် ချယ်လ်ဆီး အသင်း ဟာ ကျွန်တော့ ရဲ့ ကလပ်ပါ ။ ကျွန်တော့ ရဲ့ နေအိမ် လို ခံစား ရတဲ့ နေရာ ဟာ ဒီ အသင်း မှာ ဖြစ်ပါတယ် ။ ကျွန်တော် ဟာ ဒီ ကလပ် အပေါ် အရမ်း ချစ်မြတ်နိုး ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

လက်ရှိ မှာ ဘတ်ရှူဝါရီ ဟာ ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်း နဲ့ အတူ ယူရို ခြေစစ်ပွဲ နောက်ဆုံး ပွဲစဉ် တွေကို ကစားဖို့ ရောက်ရှိ နေကာ ၊ ခြေစစ်ပွဲ အောင်ပြီးသား ဘယ်လ်ဂျီယမ် အသင်း အဖို့ ယနေ့ည မှာ ကစားမယ့် ဆိုက်ပရပ်စ် လက်ရွေးစင် အသင်း နဲ့ အုပ်စု နောက်ဆုံး ပွဲစဉ် မှာ ဘတ်ရှူဝါရီ ကို အခွင့်အရေး ပေးဖို့ များနေပါတယ် ။

ထို့အပြင် ဘတ်ရှူဝါရီ က သူ့ရဲ့ စည်းကမ်းပိုင်း နဲ့ ကြိုးစားမှု အပိုင်း တွေနဲ့ ပတ်သက်ပြီး လည်း ” ကျွန်တော် ငယ်ငယ်တုန်းက စည်းကမ်းပိုင်း နဲ့ ပတ်သက် လာရင် ၊ အခက်အခဲ တချို့ ရှိပါတယ် ။ ဒါပေမယ့် ဘယ် လူငယ် တွေကများ အမှားနဲ့ ကင်းတာ ရှိခဲ့ဖူးလဲဗျ ။ အခုဆို ကျွန်တော် ဟာ အသက် ၂၆ နှစ် ရှိပါပြီ ။ ကျွန်တော် ဟာ ဘယ်ဟာ အကောင်း ၊ ဘယ်ဟာ အဆိုးလဲ ဆိုတာ ခွဲခြား နိုင်ပြီ ဖြစ်သလို ၊ ကိုယ့်ရဲ့ စိတ်ကိုလည်း ထိန်းချုပ် နိုင်ပါပြီ ။ ”

” ကျွန်တော် ဟာ ပေါ့ပေါ့ပါးပါး ကစားတတ်သူပါ ။ ဒါပေမယ့် အသင်း ရဲ့ ရလဒ် က ဂိုးမရှိ သရေ ဖြစ်နေပြီ ဆိုရင် ကျွန်တော် အသည်းအသန် လိုက်ကစားပါတယ် ။ ၂ဂိုးပြတ် ၊ ၃ဂိုးပြတ် ဦးဆောင် နေပြီ ဆိုရင် အဲ့ဒီ ထက် ပိုကစား နိုင်ဖို့ ကြိုးစား ပါတယ် ။ ပျော်ပျော် နေတတ်တာ က ကျွန်တော့ ရဲ့ အမူအကျင့်ပါ ။ ဒါပေမယ့် ဘောလုံး မှာ ဖိအား တွေအောက် မှာ ကြိုးစား ကျော်ဖြတ် နိုင်မှ စွမ်းဆောင်ရည်ကောင်း တွေ ရတာပါ ။ ပြိုင်ပွဲ တွေက အရမ်း ပြင်းထန်တာကြောင့် အမှန်တကယ် ကစားပြနိုင်ဖို့က အရမ်း အရေးကြီး ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR