လီဗာပူး အသင်း ဟာ ဘာစီလိုနာ မှာ အဆင် မပြေ ဖြစ်နေတဲ့ ကစား သမား ဟောင်း ဖိလစ်ပီ ကော်တင်ဟို ကို ပြန်ပြီး ခေါ်ယူ ဖို့ စိတ်ကူး နေတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ ဒါပေမယ့် လီဗာပူး ဟာ ကော်တင်ဟို ကို တိုက်ရိုက် ၀ယ်ယူ ဖို့ ဆန္ဒ မရှိဘဲ ၂ နှစ် အငှား + အပြိး သတ် ၀ယ်ယူ မှု မျိုးနဲ့ သာ ခေါ်ယူ လိုတယ် လို့ လည်း ကြားသိရ ပါတယ် ။

ရီးရဲ မက်ဒရစ် အသင်း ရဲ့ ကျောနံပါတ် ၇ ပိုင်ရှင် မာရီယာနို ဟာ ကစား သမား သစ် ဟာဇက် ကို နံပါတ် လွှဲပြောင်းပေး ဖို့ ငြင်းဆန် ခဲ့တယ် လို့ သိရ ပါတယ် ။ ဒါကြောင့် ဟာဇက် ဟာ နံပါတ် ၁၀ ရော ၇ ကိုပါ လွဲချော် ခဲ့ပြီး နံပါတ် ၂၃ ကို သာ ရယူဖွယ် ရှိနေတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် လူငယ်လေး ဘော့သ့်ဝစ် ဂျက်ဆင် ကတော့ နယ်သာလန် ကလပ် ဟီဗန်ရင်းထံ ပြောင်းရွှေ့ ဖို့ အတွက် အစမ်း လေ့ကျင့် နေပြီလို့ သိရ ပါတယ် ။

ရီးရဲ မက်ဒရစ် က အသစ် ခေါ်ယူ ထားတဲ့ ဂျပန် လူငယ် လေး တာခဲဖူဆာ ကူဘို ဟာ လေ့ကျင့်ခန်း အစီအစဉ် တွေ မှာ တကယ် ကောင်းမွန် အောင် ကစားနိုင် တဲ့ အတွက် လာမယ့် ရာသီ မှာ စီနီယာ ကစား သမား အဖြစ် ကစားခွင့် ရရှိမယ် လို့ သုံးသပ် မှုတွေ ပေါ်ထွက် လာခဲ့ ပါတယ် ။

ဘိုင်ယန် မြုးနစ် အသင်း ဟာ မန်စီးတီး တောင်ပံ ကစား သမား ဆာနေး နဲ့ ဘာစီလိုနာ တောင်ပံ ကစား သမား ဒမ်ဘီလီ တို့ ကို ခေါ်ယူ ဖို့ စီစဉ် နေပြီး အပြောင်း အရွှေ့ စားရိတ် အဖြစ် ပေါင် သန်း ၂၀၀ ခန့် အသုံးပြု ဖို့ ရည်ရွယ် ထားတယ် လို့ သိရ ပါတယ် ။

ယူဗင်တပ် အသင်း ကတော့ အင်တာ မီလန် တိုက်စစ်မှုး အီကာဒီ အတွက် ယူရို သန်း ၄၀ ထက် ပိုပြီး သုံးစွဲ မှာ မဟုတ်ဘူး လို့ သိရှိရ ပါတယ် ။

ဘိုလော့နာ အသင်း ကတော့ လီဗာပူး ကနေ စာချုပ်ပြည့် လို့ ထွက်ခွာလာတဲ့ တိုက်စစ်မှုး စတာ ရစ် ကို ခေါ်ယူ ဖို့ စိတ်ဝင် စား နေတယ် လို့ ကြားသိရ ပါတယ် ။

ဒီနှစ် နွေရာသီ အပြောင်း အရွှေ့ အတွင်း မှာ လက်သွက် ခြေသွက် ဖြစ်နေတဲ့ ဆီဗီးလား ကတော့ ၉ ယောက် မြောက် ခေါ်ယူမှု အဖြစ် ပေါ်တို ကစား သမား အိုလီဗာ တောရက်စ် ကို ခေါ်ယူ ဖို့ သဘောတူညီ မှု ရရှိခဲ့ပြီ လို့ သိရ ပါတယ် ။

အာဆင်နယ် ၊ စပါး နဲ့ မန်စီးတီး အသင်းတွေ ဟာ PSG ကနေ ထွက်လာတဲ့ ဘရာဇီး နောက်ခံလူ အဲလ်ဗက် ကို ခေါ်ယူ ဖို့ စိတ်ဝင် စား နေကြတယ် လို့ ကြားသိရ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် အသင်း ကတော့ ကွင်းလယ်လူ ဆော နီဂွက် ကို စာချုပ်သစ် ကမ်းလှမ်း တော့မှာ ဖြစ်တယ် လို့ သိရှိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ လက်စတာ ခံစစ်မှုး ဟယ်ရီ မက်ဂွဲယား ကို ခေါ်ယူ ဖို့ သဘောတူ ညီ မှု ရရှိပြီ ဆိုတဲ့ သတင်း တစ်ပုဒ် ကို The Sun သတင်း ဌာနက ထုတ်ပြန် သွားခဲ့ ပါတယ် ။ သတင်း အချို့ မှာတော့ ယူနိုက်တက် ဟာ မက်ဂွဲယား ကို မရသေး ဘဲ ညှိနှိုင်းမှု အဆင် မပြေ ဖြစ်နေခဲ့ ပါက မိုနာကို နောက်ခံလူ ဘာဒီယာရှီးလ် ကို ကမ်းလှမ်း သွားဖို့ စီစဉ် နေတယ် လို့ ဖော်ပြ လာခဲ့ ပါတယ် ။

SPORTS MYANMAR