မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် မှူးလေး ဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ က လက်ရှိ လက်ရွေးစင် အသင်း ရဲ့ တိုက်စစ် ကစားဟန် အပေါ် စိတ်လှုပ်ရှား နေပြီး ဂိုးပေါက် အရှေ့ က အဆုံးသတ် စွမ်းရည် တွေက အသင်း ကို ယူရို 2020 အောင်ပွဲ ဆီ ခေါ်ဆောင် သွားနိုင် လိမ့်မယ် လို့ ယုံကြည် ကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။

 

အင်္ဂလန် လက်ရွေးစင် အသင်း ဟာ ကိုဆိုဗို အသင်း ကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ နိုင်ပွဲ ရယူ နိုင် ခဲ့တဲ့ နောက် ယူရို ခြေစစ်ပွဲ အဆင့် မှာ 8 ပွဲ ကစား ရင်းနဲ့ 37 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့တဲ့ စပါယ်ရှယ် မှတ်တမ်း တစ်ခု ကို ပိုင်ဆိုင် ထားနိုင် ခဲ့ ပါတယ် ။ ဒါဟာ တစ်ပွဲ ပျမ်းမျှ ငါးဂိုး နီးပါး သွင်းယူ ထားနိုင် ခဲ့ခြင်း လို့ ဆိုရ ပါ့မယ် ။

အဆိုပါ သွင်းဂိုး 37 ဂိုး မှာတော့ အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား တွေ ဖြစ်ကြတဲ့ ဟယ်ရီ ကိန်း နဲ့ စတာလင်း တို့ နှစ်ဦး ပေါင်း 20 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ ကြပြီး ရပ်ရှ်ဖို့ နဲ့ ဂျေဒန် ဆန်ချို တို့ ကတော့ နှစ်ဦးပေါင်း 5 ဂိုး သွင်းယူ ထားနိုင် ခဲ့ကြ ပါတယ် ။ ဒါ့ကြောင့် ရပ်ရှ်ဖို့ က သူတို့ တိုက်စစ် အရည်အသွေး နဲ့ ပတ်သက် လို့ ပြိုင်ဖက် အသင်း တွေကို သတိပေး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” ကျွန်တော် တို့ ကစား ခဲ့တဲ့ ပွဲစဉ် တိုင်းက နွေမှာ ရှေ့ဆက် နိုင်ဖို့ အားဖြစ် စေပါတယ် ။ အကယ်လို့ ကျွန်တော် တို့သာ ဒီ ခြေစွမ်း နဲ့ နီးစပ် တဲ့ စွမ်းဆောင်ရည်မျိုး ရှေ့ဆက် ပြသ နိုင်မယ် ဆိုရင် ယူရို 2020 မှာ အောင်မြင် တဲ့ ပြိုင်ပွဲ တစ်ခု ကို မုချ ပိုင်ဆိုင် နိုင်ပါ လိမ့်မယ် ”

” ကျွန်တော် တို့ဟာ ဒီ ပြိုင်ပွဲ တစ်လျောက် မှာ နွေ ရာသီ ကို ဦးဆောင် နိုင်မယ့် ပွဲစဉ် အချို့ ပိုင်ဆိုင် ထားခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ တွေသာ အသင်း တစ်သင်း အနေ နဲ့ အဲ့တာ ကို ဆက်လက် တိုးတက် ကောင်းမွန် အောင် လုပ်ဆောင်ရင်း ရှေ့ဆက် နိုင်ဖို့ အားထုတ် ကြရ ပါ့မယ် ။ ကျွန်တော် တို့ဟာ အကောင်းဆုံး စွမ်းဆောင်ရည် နဲ့ အတူ နိုင်ပွဲ တွေကို ရယူ နိုင်ဖို့ ကြိုးပမ်း သွားကြ မှာပါ ” လို့ ရပ်ရှ်ဖို့ က ပြောကြားရင်း တိုက်စစ် မှာ ကိန်း ၊ စတာလင်း တို့နဲ့ အတူ ကစား ရတဲ့ အပေါ် …

” ဒါဟာ တစ်ကယ့် ကို ကောင်းမွန် တဲ့ တိုက်စစ် စုဖွဲ့မှု ဆိုတာ သိသာ ထင်ရှား လှ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ဒီ တိုက်စစ် သုံးယောက် မဟုတ်တဲ့ အသင်း စာရင်း နဲ့လည်း ပူးပေါင်း ကစား ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ တွေဟာ အစုအဖွဲ့ တစ်ခု အဖြစ် တိုက်စစ်ဆင် ကစား ကြပုံက တစ်ကယ့် ကို ကြောက်မက်ဖွယ်ရာ ပါပဲ ”

” ဒါကို ကျွန်တော် တို့ဟာ အသာ ရရှိ မှု တစ်ခု အဖြစ် အသုံချ နိုင်ရ ပါ့မယ် ။ တစ်ပွဲတလေ ဒီ သုံးယောက် တိုက်စစ် က အလုပ် မဖြစ်ကောင်း မဖြစ် နိုင်တဲ့ အချိန်မှာ အခြား တစ်ယောက် က ဝင်ရောက် လာပြီး ခြားနားချက်တွေ ဖြစ်ပေါ် လာအောင် လုပ်ဆောင် ပြနိုင် ရ ပါ့မယ် ။ ဒါကို ကျွန်တော် တို့ အကျိုး ရှိအောင် အသုံးချ နိုင်ရ ပါ့မယ် ။ 100 ရာခိုင်နှုန်း အပြည့်ပေါ့ ” လို့ ရပ်ရှ်ဖို့ က အသင်း မှာ ဒီ သုံးဦး အပြင် အခြား ကောင်းမွန် လှတဲ့ တိုက်စစ် ကစားသမား တွေလည်း ရှိနေ ကြသေး ကြောင်း တစ်ဖက် လှည့်နဲ့ သတိပေး ပြောသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar