ဝေးလ် လက်ရွေးစင် အသင်း ရဲ့ နည်းပြ တာဝန် ထမ်းဆောင် နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဟောင်း ရိုင်ယန် ဂစ်က သူနဲ့ အသင်း ဟောင်းရဲ့ ဂန္ဓဝင် နည်းပြ ဆာ အဲလက်စ် ဖာဂူဆန် အကြား ကောင်းမွန်တဲ့ ဆက်ဆံရေး တွေ ရှိနေ သေးဆဲ ဖြစ်သလို အမြဲ အဆက် အသွယ် ထားရှိ နေဆဲ ဖြစ်ကြောင်း ဖွင့်ဟ သွားခဲ့ ပါတယ် ။

ဒါ့အပြင် သူဟာ ဝေးလ် အသင်း ရဲ့ ပွဲစဉ်တိုင်း မတိုင်မီ နည်းပြ ဟောင်း ဖြစ်သူ ဆီက အသေးစိတ် အချက် အလက် တွေကို မက်ဆေ့ ရရှိ လေ့ ရှိနေ ခဲ့ကြောင်း ၊ နည်းပြ ဟောင်း ဖြစ်သူ က ကံကောင်း ပါစေ လို့ အမြဲလို မက်ဆေ့ ပို့ပေး လေ့ ရှိကြောင်း ရိုင်ယန် ဂစ်က ဆက်လက် ဝန်ခံ သွားခဲ့ လိုက် ပါတယ် ။

” သူဟာ ပွဲစဉ် ရှိတဲ့ အခါတိုင်း တွေမှာ ကျွန်တော့် ဆီကို ကံကောင်း ပါစေ လို့ မက်ဆေ့ ပို့တက် ပါတယ် ။ ဒါဟာ သူ အမြဲလို လုပ်ဆောင်လေ့ ရှိတဲ့ အရာ တစ်ခု ပါပဲ ။ ပွဲစဉ် တွေ ဆိုတာ ကျွန်တော် တို့ အတွက် တော့ စိတ်လှုပ် ရှားဖွယ် ကောင်းတဲ့ စိန်ခေါ် မှုတွေ ပါ ။ ပွဲ အဖြေ ပြောင်းလဲ နိုင်ဖို့ ဆိုတာ ကျွန်တော် တို့ လက်ထဲ ရှိ နေတယ် လေ ”

” ကျွန်တော် တို့ တွေဟာ လက်ရှိ အချိန် တစ်ကယ့် ကို ကောင်းမွန် လှတဲ့ နေရာ တစ်ခု ဆီ ရောက်ရှိ နေကြ ပါတယ် ။ ဒါဟာ နေရာ ကောင်း တစ်ခု ဖြစ်နေ ပေမယ့် ကျွန်တော် တို့ဟာ နောက်ဆုံး အဆုံးအဖြတ် ပွဲစဉ် တစ်ပွဲ ကစား ကြရ ပါ ဦးမယ် ”

” လက်ရှိ ကျွန်တော် တို့ အသင်း ရဲ့ ကွင်း အတွင်း အနေအထား ဟာ တစ်ကယ် ပဲ ကောင်းမွန် နေ သလို ကစားသမား တွေ ဟာလည်း ပုံစံ ကောင်း ပိုင်ဆိုင် နေကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့သာ အလုပ် ကောင်းကောင်း အဆုံး မသတ် နိုင်ရင် ဒါကို ထည့်တွက် နေလို့ မရ နိုင် ပါဘူး ” လို့ ဂစ်က ပြောခဲ့ လိုက် ပါတယ် ။

လက်ရှိ အချိန် အုပ်စု E ရဲ့ အမှတ်ပေး ဇယား ရပ်တည်မှု မှာ ခရိုအေးရှား ( 17 မှတ် ) ဟာ ခြေစစ်ပွဲ ကို အုပ်စု ဗိုလ် အဖြစ် နဲ့ အောင်မြင် သွားခဲ့ ပါပြီ ။ သူရဲ့ နောက် မှာတော့ တစ်ပွဲစီ ကစား ရဖို့ ကျန်ရှိ နေကြ သေးတဲ့ ဟန်ဂေရီ (12 မှတ်) ၊ ဝေးလ် (11 မှတ်) ၊ ဆလိုဗားကီးယား ( 10 မှတ် ) တို့က ခြေစစ်ပွဲ အောင်ဖို့ အကြိတ်အနယ် တိုက်ပွဲ ဝင်ကြ ရပါ ဦးမယ် ။

အဲ့ဒီ ထဲမှာ တော့ ဝေးလ် ဟာ ဟန်ဂေရီ အသင်း ကို အိမ်ကွင်း မှာ အဆုံး အဖြတ် ပွဲစဉ် ကစား ရမှာ ဖြစ်တာ ကြောင့် ပြိုင်ဖက် တွေထက် တစ်ပန်း သာနေ ခဲ့ ပါတယ် ။ လက်ရှိ အချိန် မှာလည်း ဝေးလ် ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ် 5 ပွဲမှာ 3 ပွဲနိုင် ၊ 2 ပွဲ သရေ ရလဒ် နဲ့ ရှုံးပွဲ မရှိ ပုံစံ ကောင်း ပိုင်ဆိုင် ထားခဲ့ ပါတယ် ။

” ကျွန်တော် မြင်တွေ့ ခဲ့တဲ့ အရာ တစ်ခု က အသင်း ဆီ လူငယ် ကစားသမား တွေ ရောက်ရှိ လာခဲ့ ကြပြီး အကြောက် အရွံ့ ကင်းမဲ့တဲ့ ပုံစံ နဲ့ ကစား ခဲ့ကြ ပါတယ် ။ ကျွန်တော် ကိုယ်တိုင် ကလည်း လူငယ် ကစားသမား ဘဝ တုန်းက အခွင့် အရေး ပေးခံ ခဲ့ရ ဖူးသူ တစ်ဦး လေ ”

” ဒါ့ကြောင့် လူငယ် ကစားသမား လေးတွေ ကို အခွင့် အရေး ပေးမယ် ဆိုရင် ၊ လူငယ် ကစားသမား လေးတွေ ရဲ့ အရည်အသွေး အပေါ် ယုံကြည် မှုတွေ ပေးမယ် ဆိုရင် သူတို့ တွေဟာ ခင်ဗျား ကို စိတ်ပျက် စေမှာ မဟုတ် ကြဘူး လို့ ကျွန်တော် လက်ခံ ယုံကြည် ထားခဲ့ ပါတယ် ”

” ကျွန်တော့် အတွက် ကတော့ အသက်အရွယ် ဆိုတာ ပြသနာ တစ်ခု မဟုတ် ပါဘူး ။ ကျွန်တော့် အတွက် ကတော့ ကွင်း ထဲမှာ ပုံစံကောင်း တစ်ခု ၊ ကောင်းမွန် တဲ့ စိတ်ဓါတ် နဲ့ ကစား နိုင်ဖို့ တွေပဲ လိုအပ် လှ ပါတယ် ” လို့ ရိုင်ယန် ဂစ်က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar