ယာဂန်ကလော့ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလက လီဗာပူး အသင်းကို စတင် တာဝန်ယူ ကိုင်တွယ် ခဲ့ပြီး နောက်ပိုင်း အန်ဖီးကို ပြိုင်ဘက် အသင်းတွေ စိုးရိမ် ကြောက်လန့်ဖွယ် ကောင်းလောက်အောင် စွမ်းဆောင် ပြထား ခဲ့ပါတယ်။ ကလော့ရဲ့ လက်ထက် လီဗာပူးဟာ အန်ဖီးမှာ သမိုင်းဝင် comeback တွေကို လုပ်ပြ နိုင်ခဲ့ပြီး ပရိတ်သတ်တွေ အနေနဲ့ ဒေ့ါမွန်နဲ့ ယူရိုပါလိဂ်ပွဲ ၊ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ် တွေကိုတော့ ကောင်းကောင်း မှတ်မိ နေကြမှာပါ။

ဒ့ါအပြင် လီဗာပူးဟာ ပြီးခဲ့တဲ့ တစ်ပတ်က မန်ချက်စတာစီးတီး ကို အန်ဖီးမှာ ၃-၁ နဲ့ အနိုင် ရရှိ ခဲ့ပြီးနောက် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလ နောက်ပိုင်း ပရီးမီးယားလိဂ် မှာ အိမ်ကွင်း ၄၆ ပွဲ (၃၆ ပွဲနိုင် ၊ ၁၀ ပွဲ သရေ) လုံးဝ ရှုံးပွဲ မရှိ ခဲ့ဘဲ အန်ဖီးကို ခံစစ် အသွင် ပြောင်းထား နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူး မန်နေဂျာ ယာဂန်ကလော့ မှာလည်း သူ သွားရောက် ရင်ဆိုင် ရတာ မုန်းတီးတဲ့ ကွင်း ရှိနေ ခဲ့ပါ သေးတယ်။

ကလော့က သူ သွားရောက် ကစား ရတာ အမုန်းဆုံး အသင်းဟာ ဆီဗီလာ အသင်းရဲ့ ကွင်း ဖြစ်တယ်လို့ ဝန်ခံ လိုက်ပြီး လာလီဂါ ကလပ်ကို ချီးကျူး ပြောဆိုမှု လုပ်ခဲ့ ပါတယ်။ ကလော့ဟာ ၎င်းရဲ့ မန်နေဂျာ ဘဝ ၁၈ နှစ်တာ ကာလ အတွင်း မိန့်ဇ် ၊ ဘိုရပ်ရှား ဒေါ့မွန် ၊ လီဗာပူး တို့ကို ကိုင်တွယ် ခဲ့ပြီး ၎င်းရဲ့ အသင်း တွေဟာ တကယ့် ထိပ်တန်း ကွင်းကြီးတွေ သာမက ကွင်းမျိုးစုံမှာ သွားရောက် ကစား ခဲ့ရ ပါတယ်။

ဒါပေမယ့် ဘယ်ကွင်းကို သွားရောက် ရင်ဆိုင် ရတာ အမုန်းဆုံး ဖြစ်မလဲ ဆိုတဲ့ မေးခွန်း ကို ကလော့ က ဆီဗီလာ အသင်းရဲ့ Ramon Sanchez Pizjuan Stadium ဖြစ်တယ်လို့ ဖြေကြား ခဲ့ပါတယ်။

ဒီအကြောင်းရင်းကို ကလော့ က “Ramon Sanchez Pizjuan ဟာ အခြား သူတွေ အတွက် ကစား ရတာ အကောင်းဆုံးကွင်း ဖြစ်မလား ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော် သွားရောက် ရင်ဆိုင် ရတာ လုံးဝ မနှစ် သက်တဲ့ ကွင်း ကတော့ ဆီဗီလာ ရဲ့ ကွင်း ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီက ပတ်ဝန်းကျင် အငွေ့ အသက် တွေကို ပြိုင်ဘက် အတွက် အတော့်ကို ခက်ခဲ စေပါတယ်။ ဒါဟာ ချီးကျူး စရာပါ။” လို့ ဆိုသွား ပါတယ်။

ကလော့ ဟာ သူ့ရဲ့ မန်နေဂျာ ဘဝမှာ ဆီဗီလာ ရဲ့ အိမ်ကွင်းမှာ တစ်ကြိမ် တစ်ခါမှ အနိုင် မရဖူး သေးပါဘူး။ ဂျာမန် နည်းပြဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဆီဗီလာ နဲ့ နောက်ဆုံး တွေ့ဆုံ ခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ အသင်း လီဗာပူး ဟာ ၃-၀ နဲ့ ဦးဆောင် ထားခဲ့ ပေမယ့် ဆီဗီလာ ဟာ နောက်ကနေ လိုက်ကစားကာ ပွဲအပြီးမှာ ၃ ဂိုးစီ သရေ ကျခဲ့ ပါတယ်။

လီဗာပူးဟာ နာရီဝက် အတွင်း မှာတင် အိမ်ရှင် အသင်းကို ၃ ဂိုး အသာနဲ့ ဦးဆောင် နေခဲ့တာ ဖြစ်ပေမယ့် ဘန်ယက်ဒါရဲ့ ဒုတိယပိုင်း သွင်းဂိုး ၂ ဂိုး နဲ့ နာကျင် အချိန်ပို ချေပဂိုး တို့ဟာ ကလော့ ကို သရေ တစ်မှတ် နဲ့သာ အိမ်ပြန် စေခဲ့ ရပါတယ်။

SM