အလန်ရှီးယားရား က အကယ်လို့များ သူသာ ယူရို ၂၀၂၀ မှာ အင်္ဂလန် အသင်းကို တာဝန်ယူ ကိုင်တွယ် ရတဲ့ နည်းပြ ဆိုရင် လီဗာပူး ရဲ့ ဂျိုးဂိုးမက်ဇ် ကို ဗဟို ခံစစ်မှာ ဟယ်ရီမက်ဂွိုင်းယား နဲ့ တွဲဖက် စေကာ နောက်ထပ် လီဗာပူး ကစားသမား ဖြစ်တဲ့ အဲလက်စ် အောက်စလိတ် ချိန်ဘာလိန် ကို အင်္ဂလန် ကွင်းလယ်မှာ နေရာ တစ်နေရာ ပေးသွားမှာ ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။

နည်းပြ ဂါရက် ဆောက်ဂိတ်ဟာ ပြီးဆုံး သွားခဲ့ပြီ ဖြစ်တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲ အတွက် ခြေစစ်ပွဲမှာ အင်္ဂလန်ကို ၈ ပွဲကစား နိုင်ပွဲ ၇ ပွဲထိ ရယူ ပေးကာ အုပ်စု ထိပ်ဆုံးနေရာနဲ့ ခြေစစ်ပွဲ အောင်စေ ခဲ့ပါတယ်။ ဒါပေမယ့် ဆောက်ဂိတ် အနေနဲ့ လူရွေးချယ်မှုပိုင်း ခေါင်းကိုက်စရာတွေ ရှိနေပြီး ခြေစစ်ပွဲ တစ်လျှောက် အင်္ဂလန် ကစားသမား အနည်းငယ် ကသာ ၎င်းရဲ့ ပွဲထွက်စာရင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိ ခဲ့ကြ ပါတယ်။

အင်္ဂလန် ရဲ့ ၃ ဦးတွဲ တိုက်စစ် မှာတော့ ၂ ဦးက ပွဲထွက် စာရင်းမှာ သေချာတဲ့ အနေအထား ဖြစ်နေပြီး ဟယ်ရီကိန်း နဲ့ ရာဟင်း စတားလင်း တို့ ဖြစ်ကြ ပါတယ်။ ၎င်းတို့နဲ့ တွဲဖက် ရမယ့် နောက်ဆုံး တစ်နေရာစာ ကိုတော့ ရှီးယားရားဟာ မန်ယူနိုက်တက် ရဲ့ မားကပ်ရပ်ဖို့ဒ်ကို ရွေးချယ် ခဲ့ပါတယ်။

ရှီးယားရား က “ဘယ် မန်နေဂျာ မဆို သူတို့ အသင်းရဲ့ တိုက်စစ်မှာ ဟယ်ရီကိန်း ၊ စတားလင်း နဲ့ ရပ်ဖို့ဒ် တို့ကို ရှိစေ ချင်မှာပါ။ ဒါပေမယ့် ဆောက်ဂိတ် အနေနဲ့ ကာလမ် ဟတ်ဆန်အိုဒိုရီ ၊ မေဆင်မောင့် ၊ ဂျေဒွန်ဆန်ချို ၊ အောက်စလိတ် ချိန်ဘာလိန် ၊ တမ်မီ အေဗရာဟမ် ၊ ဂျိမ်းမက်ဒီဆင် နဲ့ အခြား ထဲကနေလည်း ရွေးချယ် နိုင်ခွင့် ရှိနေ ပါတယ်။ အင်္ဂလန် ရဲ့ တိုက်စစ် ကစားဟန် နဲ့ ဒီလို လူရွေးချယ်စရာတွေ ရှိနေတာကြောင် သူတို့ဟာ ဘယ်အသင်းကို မဆို ဂိုးသွင်းယူ နိုင်စွမ်း ရှိနေ ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က စတားလင်း နဲ့ ဖြစ်ပွား ခဲ့တဲ့ ပြသနာကြောင့် ဘူဂေးရီးယား ကို နိုင်ခဲ့တဲ့ ပွဲမှာ အင်္ဂလန် ပရိတ်သတ် အချို့ရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ ရတဲ့ ဂိုးမက်ဇ် ဟာ အန်ဖီးမှာသာ ပုံမှန် ပွဲကစားခွင့် ပြန်ရ လာခဲ့မယ် ဆိုရင် ရှီးယားရား ရဲ့ ရွေးချယ်မှုမှာ မက်ဂွိုင်းယား နဲ့ အတူ ပါဝင် လာမှာ ဖြစ်ပါတယ်။ ဂိုးမက်ဇ် ဟာ ပြီးခဲ့တဲ့ ရာသီက ပြင်းထန်တဲ့ ဒဏ်ရာ မရမီ ဗာဂျယ်ဗန်ဒိုက် နဲ့ အကောင်းဆုံး တွဲဖက် ကစား နိုင်ခ့သူ ဖြစ်ပြီး ရှီးယားရား က လီဗာပူး နောက်ခံလူ ရဲ့ နေရာစုံ ကစား နိုင်စွမ်းဟာ ဆောက်ဂိတ် အတွက် အရေးပါ လာနိုင်တယ်လို့ သုံးသပ် သွားပါတယ်။

ရှီးယားရား က “မက်ဂွိုင်းယား နဲ့ တွဲဖက် ရမယ့် တွဲဖက် အဖြစ် ဂိုးမက်ဇ် ဟာ အချိန်ယူ ဆုံးဖြတ် သွားရမယ့် အနေအထားပဲ ရှိပါသေးတယ်။ အကယ်၍ ဂိုးမက်ဇ်သာ လီဗာပူး အတွက် ပုံမှန် ပြန်ကစားခွင့် ရရှိ ခဲ့မယ် ဆိုရင် ဒါဟာ သူ့ကို အတော် အကူအညီ ဖြစ်စေ မှာပါ။ လက်ရှိ အနေအထားဟာ သူ့အတွက် ခက်ခဲမှာပါ။ ဒါပေမယ့် သူဟာ ညာနောက်ခံလူ အဖြစ်လည်း ကစား နိုင်စွမ်း ရှိပါတယ်။” လို့ ဆိုသွား ပါတယ်။

ကွင်းလယ်ပိုင်း အတွက် ကိုတော့ အင်္ဂလန် တိုက်စစ်မှုးဟောင်းက လူငယ် ကစားသမားတွေ အတွက် အခွင့်အရေးတွေ ရှိနေဆဲလို့ ဆိုလိုက်ပြီး လက်စတာ ရဲ့ မက်ဒီဆင် ကတော့ ထိပ်ဆုံး ကနေ ရေပန်းစား နေတယ်လို့ သုံးသပ် သွားပါတယ်။

နယူးကာဆယ် တိုက်စစ်မှုးဟောင်း က “ကွင်းလယ် တိုက်စစ် နေရာတွေ မှာတော့ ဂျိမ်းမက်ဒီဆင်ဟာ အခွင့်အရေး အပြည့်အဝ မရသေး ပါဘူး။ ဒါပေမယ့် သူဟာ နွေရာသီ မတိုင်မီ အရမ်းကို ကောင်းတဲ့ အခွင့်အရေး ရှိနေ ပါတယ်။ သူ့ရဲ့ အရည်အသွေး ကတော့ သံသယ ဖြစ်စရာ မရှိပါဘူး။ ဂျက်ဂရီလစ် အတွက်လည်း ဒီအတိုင်း ပါပဲ။ ဒါပေမယ့် စီးတီး မှာ နေရာ ရဖို့ အတွက် ဖီးလ်ဖိုဒန် အတွက် အရမ်း ခက်ခဲမှာ ဖြစ်တာကြောင့် သူ့ကတော့ ရေရာမှု မရှိပါဘူး။” လို့ ဆိုလိုက် ပါတယ်။

ရှီးယားရား ရဲ့ စိတ်ကြိုက် XI – ပစ်ဖို့ဒ် ၊ အလက်ဇန်းဒါးအာနိုး ၊ ဂိုးမက်ဇ် ၊ မက်ဂွိုင်းယား ၊ ချီဝဲလ် ၊ ဝင့် ၊ ဟန်ဒါဆန် ၊ အဲလက်စ် အောက်စလိတ်ချိန်ဘာလိန် ၊ ရပ်ဖို့ဒ် ၊ ကိန်း ၊ စတားလင်း

SM