ဂန်းနားတို့ရဲ့ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါး ဟာ ဒီနေ့ခေတ် ဘောလုံးလောကမှာ အောင်မြင်မှု ကြီးကြီးမားမား ရယူ ချင်တယ်ဆိုရင် ငွေကြေး အမြောက်အမြား အသုံးပြုဖို့ လိုအပ်ကြောင်း အသင်းဟောင်း အာဆင်နယ် နုဲ့ အခြားအသင်းတွေကို သွယ်ဝိုက် သတိ ပေးသွား ခဲ့ ပါ တယ် ။

ဒါ့အပြင် အာဆင်ဝင်းဂါး က လာမယ့် နှစ်တွေမှာလည်း ငွေသုံးနိုင်တဲ့ ထိပ်တန်း အသင်းကြီး ခြောက်သင်း လေက်သာ ဥရောပ ပြိုင်ပွဲ တွေကို ဆက် လက် လွှမ်းမိုး သွား လိမ့် မယ် လို့ သုံး သပ် ပြော ကြား သွား ခဲ့ ပါ တယ် ။

အာဆင်ဝင်းဂါး က ” ကျွန်တော် ဘောလုံး အားကစား ကို နှစ်သက် ရတဲ့ အကြောင်းအရင်းက အသင်းလိုက် အားကစား နည်း မို့လို့ပါ ။ ဒါပေမယ့် ဒီနေ့ခေတ် မော်ဒန် ဘောလုံးလောက မှာတော့ တစ်ဦးတစ်ယောက်ကောင်း ပုံစံ ဆန်လာပါပြီ ၊ ကစားသမားကောင်းတွေကို စုဆောင်း ခေါ်ယူတဲ့ ခေတ်ပါ ။ ”

Arsene Wenger

” ဒီနေ့ခေတ် မှာ နော်တင်ဟမ် ဖောရက်စ် အသင်း ဥရောပ ဖလား ချန်ပီယံ ဖြစ်နိုင်ချေ ရှိသလား လို့ မေးရင် မဖြစ်နိုင်တော့ပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ သူတို့မှာ ကစားသမားကောင်းတွေကို ခေါ်ယူဖို့ တောင့်တင်းတဲ့ ဘဏ္ဍရေး အင်အား ရှိ မ နေ တော့ ပါ ဘူး ။ ”

” အခု ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘယ်အသင်း ဗိုလ်စွဲ မလဲ ဆိုတာ ခန့် မှန်း ရ မ ခက် တော့ ပါ ဘူး ။ အသင်း ဆယ်သင်း လောက် ကပဲ ချန်ပီယံ ဖြစ် နိုင် တဲ့ အ နေ အ ထား ပါ ၊ ဒီထက် တိတိကျကျ ပြော ရ မယ် ဆို ရင် တော့ ငါးသင်း ၊ ခြောက် သင်း လောက် ပဲ ရှိ တာ ပါ ။ ”

” ဘာကြောင့်လဲ ဆိုတော့ အကောင်းဆုံး ကစားသမားတွေက အသင်း တစ်သင်း တည်းမှာပဲ စုပြုံ နေကြတာပါ ။ အရင်တုန်းကလို တစ်သင်းစီ ကစားနေကြတာ မဟုတ်ပါဘူး ၊ ဒါကြောင့် မို့လို့လည်း ပြိုင်ပွဲတွေမှာ ချန်ပီယံ အသင်းကို ခန့်မှန်းရ လွယ်ကူ လာတာပါ ။ ကစားသမားကောင်းတွေ ရှိတဲ့ အသင်းက ရလဒ်ကောင်း ရဖို့ အလေးသာပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Arsene Wenger

အာဆင်ဝင်းဂါး ဟာ အာဆင်နယ် အသင်းကနေ ထွက်ခွာ ခဲ့တာဟာ တစ်နှစ်ကျော် ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း နဲ့ လမ်းခွဲ ပြီးကတည်းက အာဆင်း ဟာ ဘယ်အသင်းကိုမှ ကိုင်တွယ် နည်းပြခြင်း မရှိသေးဘဲ ရံဖန်ရံခါမှသာ ဘောလုံး အစီအစဉ်တွေမှာ ဝေဖန် သုံးသပ်သူ အဖြစ် လုပ်ကိုင် နေတာလည်း ဖြစ်ပါတယ် ။

အသက် ၆၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာဆင်ဝင်းဂါး ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာ အာဆင်နယ် အသင်းကို နည်းပြ ခဲ့ပြီး အာဆင်နယ် အသင်း နဲ့ အတူ ပရီးမီးယားလိဂ် ဖလား သုံးကြိမ် ၊ အက်ဖ်အေ ဖလား ခုနှစ်ကြိမ် အောင်မြင်မှု ရယူ နိုင်ခဲ့ပါတယ် ။

SPORTS MYANMAR