ဥရောပချန်ပီယံလိဂ်ဖလားကြီးကို ၃နှစ်ဆက်ရယူနိုင်ခဲ့တဲ့ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ တဲ့ရာသီမှာတော့ အခြေအနေအတော်လေးကိုဆိုးရွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း နည်းပြအပြောင်းအလဲ၃ကြိမ်အထိပြုလုပ်ခဲ့ရပြီး နည်းပြဟောင်းတဦးဖြစ်တဲ့ ဇီဒန်း ကို ပဲ ပြန်လည်တာဝန်ပေးထားခဲ့ရတာဖြစ်ပါတယ်။ ရီးရဲလ် အသင်းဟာ အခုနွေရာသီ ဈေးကွက် အတွင်းမှာ အားဖြည့်မှုတွေကို ခပ်သွက်သွက်လေးပြုလုပ်နေခဲ့ပြီး ဟာဇက် အပါအဝင် ကြယ်ပွင့် ကစားသမား ၆ ဦးအတွက် စုစုပေါင်း ယူရိုသန်း၃၀၀ ကျော်သုံးစွဲထားပြီးပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ကွင်းလယ်လူပေါ့ ဘာ၊ စပါးကွင်းလယ်လူအဲရစ်ဆင်နဲ့ PSG တိုက်စစ် အတွဲဖြစ်တဲ့ နေမာနဲ့ အမ်ဘာပေ တို့ကိုလည်းချိတ်ဆက်နေသေး တယ်လို့ သိရပါတယ်။ ဘာနေဗျူးကိုရောက်လာတဲ့ ခံစစ်ကစား သမားသစ် မန်ဒီကြောင့် အသင်းကနေ ထွက်ခွာဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့မာဆယ်လိုကတော့ ရာသီသစ်အတွက် တသင်းလုံးကြိုးစားနေပြီး ဆု ဖလားတိုင်းကို ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ရီးရဲလ်နဲ့ ၁၄ရာသီမြောက် အဖြစ်ဖြတ် သန်းတော့မယ့် မာဆယ်လိုက – ” ကျွန်တော်တို့ဟာ အလုပ်ကြိုးစားနေကြပါတယ်။အသင်းအတွက်အကောင်းဆုံးပေးဆပ်ချင်နေပြီး အားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်က ဆုဖလားတွေအကုန်လုံးကို ရနိုင်ဖို့ဖြစ်ပါတယ်။ကျွန်တော်တို့ အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကောင်းတွေရှိနေရင် တရာသီလုံးအတွက် အထောက်အကူရမှာဖြစ်ပါတယ်။

ရာသီကြိုပွဲတွေမှာကတည်းက ပရိသတ်တွေကို ပျော်ရွှင်မှုတွေပေးနိုင်အောင်ကစားမှာဖြစ်ပါတယ် ” လို့ Real TV ကိုပြောခဲ့တာဖြစ်ပါတယ်။ သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးထွက်နေ တဲ့ ကောလဟလတွေအပေါ်မေးမြန်းရာမှာတော့ – ” ကျွန်တော် အမြဲတမ်း ပြော ဆိုထားခဲ့ ဖူးသလိုပါပဲ၊ ကျွန်တော်ဟာ ကမ္ဘာပေါ်က အကောင်းဆုံး အသင်းမှာ ရှိနေပြီး ကိုယ့်ရဲ့အိပ်မက်တွေကို ဖြည့်ဆည်းခွင့်ရနေတာဖြစ်ပါတယ်။လာမယ့်ရာသီဟာ ဒီအသင်းမှာ ၁၄ရာသီမြောက် အဖြစ်ရှိနေတာဖြစ်ပြီး ဒီကိုစရောက်စဉ် က စိတ်အားထက်သန်မှုမျိုး အတူတူရှိနေဆဲဖြစ်ပါတယ်။ဒါဟာဘယ်တော့မှ မပြောင်းလဲပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

လူငယ်တွေကိုဦးဆောင်ပြီး ကစားသွားရဖို့ ရှိနေတဲ့ အပေါ် မာဆယ်လိုက – ” ကျွန်တော်ဟာ အသင်းမှာ ရှိတဲ့ လူတိုင်းကို ကူညီနိုင်ဖို့ အမြဲကြိုးစားပါတယ်။ ကွင်းပြင်မှာလည်း အတူတူပဲဖြစ်ပါတယ်။အသင်းကို ရောက်လာတဲ့ ကစားသမား တွေ လျင်လျင်မြန်မြန်နဲ့ကောင်းကောင်းမွန်မွန် အသားကျနိုင်ဖို့ အကူအညီပေးတာဟာ တကယ်ကို အရေးကြီးတဲ့ အရာတခုဖြစ်ပါတယ်။ ဒီလို အကူအညီတွေ ပေးသွားဖို့ အသင်း ရဲ့ တာဝန်ရှိသူတွေက တောင်းဆိုလာရင် တော့ ကျွန်တော်တယောက်တည်းလုပ်ရမှာမဟုတ်ပါဘူး။ရာမို့စ်၊ ဘန်ဇီမာ၊ ဗာရာနေး နဲ့ နာချိုတို့ လည်းရှိပါတယ်။ကျွန်တော်တို့ တွေ အားလုံးဟာဒီအသင်း မှာရှိနေတာအတော်လေးကို ကြာပြီဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SM