ချယ်လ်ဆီး အသင်း ရဲ့ အကယ်ဒမီ ထွက် ကွင်းလယ်လူ မေဆင်မောင့် ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ဒါဘီ အသင်း ကနေ အငှား ထွက်ကစားပြီး ပြန်လာတဲ့ နောက်မှာ ချယ်လ်ဆီး စီနီယာ အသင်း အတွက် အဓိက ကွင်းလယ်လူ တဦး အနေနဲ့ ပွဲထွက်ခွင့် တွေ ရနေသလို ၊ အင်္ဂလန် လက်ရွေးစင် အသင်း နဲ့လည်း ၄င်းရဲ့ လက်ရွေးစင် ကစားသမား ဘဝ ကို စတင်နေပြီ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ကိုဆိုဗို လက်ရွေးစင် အသင်း နဲ့ ယူရို ခြေစစ် အုပ်စု နောက်ဆုံး ပွဲစဉ် မှာ မေဆင်မောင့် လူစားဝင် ကစားပြီး ခြေစွမ်းပြ ခဲ့ကာ ၊ လက်ရွေးစင် ကစားသမား ဘဝ ပထမဆုံး သွင်းဂိုး ကို ရယူ နိုင်ခဲ့ပါတယ် ။ အခုလို ကလပ် အသင်း အဆင့် မှာရော ၊ လက်ရွေးစင် အသင်း အဆင့် မှာပါ အထူး ခြေစွမ်း ပြသနေပေမယ့် မေဆင်မောင့် ဟာ တိုးတက်မှု တွေ လိုအပ်နေသေးပြီး ဘယ်နေရာ တွေမှာ ထပ်ပြီး ကြိုးစားရဦးမယ် ဆိုတာကို လီဗာပူး ကစားသမားဟောင်း စတန် ကိုလီမိုး က အခုလို အကြံပေးခဲ့ပါတယ် ။

Daily Mirror ရဲ့ ဆောင်းပါး မှာ ကိုလီမိုး က ” မေဆင်မောင့် ဟာ အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ ပွဲထွက် ကစားသမား တယောက် ဖြစ်လာဖို့ ခရီး သိပ်မဝေးတော့ပါဘူး ။ အကယ်၍ အခုလို ပုံစံကောင်း တွေသာ ဆက်လက် ပြသနေမယ် ဆိုရင် လာမယ့် နွေရာသီ ယူရို ပြိုင်ပွဲ က သူ့ကို အသင့် စောင့်ကြို နေမှာပါ ။ မေဆင်မောင့် ရဲ့ ဆရာ ဖရန့် လမ်းပတ် ကတော့ သူ့ အပေါ် မှာ အပြည့်အဝ ယုံကြည်မှု ရှိထားပါတယ် ။ ”

” အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရက် ဆောက်ဂိတ် ကလည်း မွန်တီနီဂရိုး ၊ ကိုဆိုဗို အသင်း တွေနဲ့ ယူရို ခြေစစ်ပွဲ တွေမှာ မောင့် ရဲ့ ခြေစွမ်း တွေ အပေါ် အတော်လေး ကျေနပ် အားရ နေလောက်မှာပါ ။ အသက် ၂၀ အရွယ်မှာပဲ မေဆင်မောင့် ဟာ သူ့ရဲ့ ကစားသမား ဘဝ ကြီးမားတဲ့ အလှည့်အပြောင်း ကာလ ကို ရောက်လာပါတယ် ။ သူဟာ ပွဲရဲ့ အဖြေ ကို ပြောင်းလဲ ပေးနိုင်တဲ့ ကစားသမား မဟုတ်ဘူး ဆိုတဲ့ ကျွန်တော့ ရဲ့ အတွေးတွေကို ဒီလပိုင်း အတွင်းမှာ ပြောင်းလဲ စေပါတယ် ။ ”

“ဒီလို ငယ်ငယ်ရွယ်ရွယ် နဲ့ ခြေစွမ်း အထူး တောက်ပလာတဲ့ ကစားသမား တဦး ဟာ ပြင်ပ က လူတွေရဲ့ ဝေဖန်သံ တွေကို လွယ်လွယ်နဲ့ ကြားယောင် လက်ခံတတ်ပါတယ် ။ တချို့ မီဒီယာ တွေ ၊ တချို့ လူတွေက ဂျိမ်းစ် မက်ဒီဆင် ဟာ မေဆင်မောင့် ထက် ဘောလုံး ပေးပို့ပုံ ပိုကောင်းတယ် ဆိုပြီး ပြောကြမှာပါ ။ ဒါဆို မောင့် အနေနဲ့ အခုထက် ပိုပြီး ဘောလုံးပေးပို့မှု ကောင်းဖို့ ကြိုးစားရမှာပါ ။ တချို့ လည်း ရှေ့တက် ပြီးတော့သာ ကစားလို့ အကြံပေးမှာ ဖြစ်သလို ၊ တချို့ ကလည်း ခံစစ်ပိုင်း ပိုအာရုံစိုက်နိုင်ရင် ပိုကောင်းတဲ့ ကွင်းလယ်လူ ဖြစ်လာမယ် လို့ အကြံပေးကြမှာပါ ။ ”

” တဖက်မှာ ကြည့်ပြန်ရင်လည်း ဒီ စကားသံ တွေဟာ လူငယ်ခြေတက် တွေရဲ့ အတွေး ကို ပိုပြီး ရှုပ်ထွေး စေနိုင်ပါတယ် ။ ဒီ အရာ တွေဟာ သူတို့ရဲ့ ခြေစွမ်း တိုးတက်မှု ကို အနှောင့်အယှက် သာ ပိုပေးမှာပါ ။ လူငယ် တွေဟာ ဒီလို စကားသံ တွေ ကြားယောင် မိပြီး နေရာစုံ မှာ ကစားနိုင်ဖို့ ကြိုးစားရင်း တိုးတက်မှု တွေ နှောင့်နှေး သွားမှာ ဖြစ်ပါတယ် ။ ဝိန်းရူနီ ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ အင်္ဂလန် လက်ရွေးစင် အသင်း တွေမှာ အမှန်တကယ် ကြီးကျယ်တဲ့ ကစားသမား ဘဝ မှတ်တမ်းကောင်း တွေကို ပိုင်ဆိုင် ခဲ့ပါတယ် ။ ”

” ရူနီ ငယ်ငယ်တုန်း ကလည်း အခုလို သူ့ရဲ့ ခြေစွမ်း တိုးတက်မှု နဲ့ ပတ်သက်ပြီး အကြံပေးတာ တွေ ရှိကြပါတယ် ။ ရော်နယ်ဒို လို တောင်ပံ ထွက်ကစားပြီး တကိုယ်ကောင်း နည်းနည်း ဆန်မယ် ဆို ဂိုးပိုရနိုင်တယ် တို့ ၊ ကွင်းလယ်ပိုင်း ဆင်းပြီး ကစားမယ် ဆို အခုထက် ပိုကောင်းတဲ့ ကစားသမား ဘဝ ကို ရနိုင်တယ် တို့ စသဖြင့် ငြင်းခုံ ကြတာတွေ ရှိပါတယ် ။ ဒါကြောင့် ကျွန်တော် မေဆင်မောင့် ဆီ ပေးချင်တဲ့ မက်ဆေ့ချ် က သူများ တွေရဲ့ ဝေဖန်သံ တွေ ကို နားမယောင် မိစေဖို့ပါ ။ ”

” သူ့ အနေနဲ့ တိုက်စစ်မှူး တွေနဲ့ ပိုပြီး အချိတ်အဆက် မိမိ လိုက်ပါ ကစားရမှာ ဖြစ်သလို ၊ တိုက်စစ် ကို ပိုပြီး အာရုံစိုက်ကာ ၊ တောင်ပံ တွေကနေ ၊ ကွင်းလယ် ကနေ ဖြတ်တင်ဘော များများ ပြုလုပ် ပေးနိုင်ဖို့ လိုပါတယ် ။ နောက်ပြီး သူဟာ Box-to-Box ကစားနိုင်သလို ၊ ဂိုးလည်း သွင်းပေးနိုင်တဲ့ ကွင်းလယ်လူ ဖြစ်တာကြောင့် ကျွန်တော် တို့ဟာ သူ့ကို ဒီနေရာ တွေမှာ ပြီးပြည့်စုံအောင် တိုက်တွန်း ပြောဆိုရမှာ ဖြစ်ပါတယ် ။ တကယ့် ပွဲစဉ် တွေမှာတော့ သူ့ကို ဘယ်နေရာ မှာ ထားကစားမလဲ ဆိုတာက မန်နေဂျာ တွေရဲ့ အလုပ်ပါ ။ ” လို့ ရေးသား ခဲ့ပါတယ် ။

SPORTS MYANMAR