နိုင်ငံ တကာ ပွဲစဉ်တွေ ကြောင့် ရပ်နားထားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တွေကို အခုအပတ် Weekends နေ့ တွေမှာ ပြန်ပြီး ကစားသွား ကြတော့ မှာဖြစ်ပါတယ်။ နာမည်ကြီး ယူနိုက်တက် အသင်းကတော့ တန်းတက် ရှက်ဖီးလ် အသင်းကို အဝေးကွင်းမှာ သွားရောက်ရင် ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ပုံမှန် အားဖြင့် ယူနိုက်တက် လို အသင်း မျိုးအတွက် လွယ်ကူတဲ့ ပွဲတပွဲ ဖြစ်လာနိုင်မယ် လို့ ယူဆနိုင်စရာရှိပေမယ့် ရှက်ဖီးလ် အသင်းရဲ့ လက်တလော ခြေစွမ်းနဲ့ ရလဒ်တွေကြောင့် ယူနိုက်တက်တို့ ပွဲကျပ်ရင်ဆိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ရှက်ဖီးလ်အသင်းဟာ နောက်ဆုံး ပရီးပရီးမီးယားလိဂ် ၅ပွဲမှာရှုံးပွဲ မရှိကစားထားပြီး အဆင့်၅နေရာအထိကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

သူတို့ဟာ ဒီရာသီမှာ အဲဗာတန်၊ အာဆင်နယ်တို့ကို အနိုင်ရရှိထားပြီး ချဲဆီးလ်နဲ့ စပါးတို့ကို သရေ ရလဒ်ရရှိအောင်စွမ်းဆောင်ထားတဲ့ အသင်းတသင်းလည်းဖြစ်ပါတယ်။ဒီလို အသင်းမျိုးနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖွယ်ရှိနေတဲ့ယူနိုက်တက် အသင်းမှာ စိုးရိမ်စရာအကြောင်းရင်းတခုကလည်းရှိနေပါတယ်။

ဒါကတော့အသင်းရဲ့ ကစားသမားတွေမှာ ဒဏ်ရာပြသနာတွေ များပြားနေတဲ့ ကိစ္စ ဖြစ်ပါတယ်။နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ သတင်းတွေ အရ သူတို့အသင်းရဲ့ အဓိက ကစားသမား ၆ဦးအထိ ဒဏ်ရာပြသနာတွေကြံုတွေ့ခံစားနေရတယ်လို့ လည်းသိရပါတယ်။

လီဗာပူး နဲ့ ၁ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲမတိုင်မီ မှာ ဒဏ်ရာ ရသွားခဲ့တဲ့ တူရန်ဇီဘီ ဟာ နလန်ထလာဖို့ နီးစပ်နေပေမယ့် တော်မီနေး ကတော့ ဘရိုက်တန်နဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဆက်ပြီးအနားယူရဖွယ်ရှိနေပါသေးတယ်။ဒီစကော့တလန်သားလေးဟာ အဆိုပါဒဏ်ရာကြောင့် ဆိုက်ပရက်စ်၊ အာဖဂန်နစ္စတန် တို့နဲ့ ကစားခဲ့တဲ့ ပွဲတွေကိုလည်းလွဲချော်ထားခဲ့ပါသေးတယ်။

အသင်းရဲ့ နောက်ထပ် အဓိက ကစား သမား တွေ ဖြစ်တဲ့ မာတစ်နဲ့ လုခ်ရှောလ်တို့ ကတော့ သက်ဆိုင်ရာ ဒဏ်ရာပြသနာတွေကနေ ပြန်လာနိုင်ကြဖို့ ရှိနေပြီလို့နည်းပြကြီး ဆိုးလ်ရှားက ယူဆဖွယ်ရှိနေပါတယ်။ဒါပေမယ့် သူတို့ရဲ့ နောက်ဆုံး အခြေအနေကိုတော့ သောကြာနေ့ မီဒီယာတွေ့ဆုံပွဲရောက်မှာ ဒီနော်ဝေသား ကြီးက အတည်ပြုဖွယ်ရှိနေပါတယ်။

ဒါးလော့တ် တယောက် ဒဏ်ရာကနေ သက်သာလာနေခဲ့ပြီဖြစ် လို့ မကြာခင်ပြန်ကစားနိုင်တော့မယ် လို့ ယူဆလို့ ရပေမယ့် အခုတနင်္ဂနွေ နေ့ပွဲစဉ်ကတော့ သူ့အတွက် စောလွန်းနေသေးတာဖြစ်ပါတယ်။ပေါ့ဘာရဲ့ အခြေအနေကလည်းဆက်ပြီး သက်သာနေပေမယ့် ဒီဇင်ဘာလလောက် အထိတော့ အသုံးပြုနိုင်ဦးမယ့်ပုံမှာ မရှိသေးပါဘူး။

ပွဲပယ် ပြစ်ဒဏ်ကနေ လွတ်မြောက်လာပြီ ဖြစ်တဲ့ အက်ရှ်လေယန်း ကတော့ အခုပွဲစဉ်မှာ ပြန်ပြီး ကစားခွင့် ရှိမှာဖြစ်ပါတယ်။ယူနိုက်တက် အသင်းကံကောင်းတာကတော့ ရှက်ဖီးလ်အသင်းထံကို အငှားချထားတဲ့ ဂိုးသမားလေး ဟန်ဒါဆန်ကို ပြန်ပြီးရင်ဆိုင်ရဖို့ မရှိတဲ့ အချက်ပဲဖြစ်ပါတယ်။

ရှက်ဖီးလ် အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပေးဂိုး ၉ဂိုးသာရှိထားသေးတာဖြစ်ပြီး လက်စတာအသင်းရဲ့ နောက်ဒုတိယအနည်းဆုံးအဖြစ်ရပ်တည်နေပါတယ်။အခုပွဲမှာတော့ဟန်ဒါဆန်ကို အသုံးပြုခွင့်မရှိလို့ ရှက်ဖီးလ်အသင်းဟာ အခြားဂိုးသမားတဦးကို အသုံးပြုရမှာဖြစ်ပါတယ်။

နည်းပြကြီး ခရစ်ဝယ်ဒါလ် အနေနဲ့ အင်္ဂလန် ဂိုးသမားလေး ဆိုင်မွန်မိုးလ် နဲ့ ဟော်လန်သားလေး မိုက်ကယ်ဗားရစ် ဘယ်သူ့ကို ပွဲထွက်စေမယ်ဆိုတာဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။ယူရိုခြေစစ်ပွဲတွေမှာ အိုင်ယာလန် အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရခဲ့တဲ့ ခံစစ်မှူး အီဂန်ကတော့ယူနိုက်တက်နဲ့ ပွဲကို ပါဝင်နိုင်ဖို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။