ထွက်ပေါ် လာတဲ့ သတင်း တွေ အရ ရက်ဘူး ဆဲလ်ဘတ် အသင်း ရဲ့ တောက်ပ နေတဲ့ တိုက်စစ်မှူး လေး အားလင်း ဟားလန်း ကို ဖခင် ဖြစ်သူ အဲ့လ်ဖ် အင့်ဂ် ဟားလန်း က ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ မပြောင်းရွှေ့ စေလို သေးဘူး လို့ သိရှိ ရ ပါတယ် ။

အသက် 19 နှစ်သာ ရှိနေ သေးတဲ့ တိုက်စစ် ကစားသမား ဖြစ်သူ အားလင်း ဟားလန်း ဟာ ဒီရာသီ ရက်ဘူးလ် ဆဲလ်ဘတ် အသင်း နဲ့ အတူ တစ်ကယ့် ကို ထူးခြား ကောင်းမွန် တဲ့ ခြေစွမ်း တွေကို ပြသ ထားနိုင် ခဲ့တဲ့ အတွက် ဥရောပ ထိပ်သီး ကလပ် များစွာ ရဲ့ စိတ်ဝင်စား မှုကို ရရှိ နေသူ ပဲ ဖြစ်ပါတယ် ။

အဆိုပါ အသင်း တွေ ထဲမှာ တော့ ဇန်နဝါရီ အပြောင်း အရွှေ့ မှာ တိုက်စစ် ကစားသမား တစ်ဦး ခေါ်ယူ လို နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း လည်း ပါဝင် နေခဲ့ ပါတယ် ။ ဒါအပြင် ဘာစီလိုနာ ၊ ရီးယဲ မက်ဒရစ် ၊ ဂျူဗင်တပ် နဲ့ ဘိုင်ယန် မြူးနစ် အသင်း တို့ ကလည်း သူ့ကို စောင့်ကြည့် နေကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ကစားသမား ရဲ့ ဖခင် ဖြစ်သူ ဟာ အင်္ဂလန် မြေမှာ လိဒ်စ် ၊ မန်စီးတီး အသင်းတွေ အတွက် ကစား ပေး ဖူးသူ တစ်ဦး ပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် လက်ရှိ အချိန် က သူ့ရဲ့ သား ဖြစ်သူ အတွက် ပရီးမီးယား လိဂ် ဆီ ပြောင်းရွှေ့ ဖို့ မှန်ကန် သင့်တော် တဲ့ အချိန် မဟုတ် သေးဘူး လို့ အဲ့လ်ဖ် အင့်ဂ် က ယုံကြည် နေ ပါတယ် ။

ဒါ့ကြောင့် Bild ရဲ့ ဖော်ပြချက် အရ ဟားလန်း ရဲ့ ဖခင် က သူ့ကို ရုတ်တရက် ဥရောပ ထိပ်သီး ကလပ် အသင်း ဆီကို ပြောင်းရွှေ့ သွားဖို့ ထက် အလယ်အလတ် အသင်း တစ်သင်း ဆီကို ပဲ ပြောင်းရွှေ့ စေလို နေတယ် လို့ သိရှိ ခဲ့ရ ပြီး လက်ရှိ တော့ ဂျာမန် မြေကို ပြောင်းရွှေ စေလို နေ ပါတယ် ။

အထူးသဖြင့် အဲ့လ်ဖ် အင့်ဂ် က သားဖြစ်သူ အနေ နဲ့ ထိပ်သီး အသင်း တစ်သင်း သင်းဆီ ပြောင်းရွှေ့ ပြီး ပွဲထွက် ကစား ခွင့်တွေ ပိုင်ဆိုင် နိုင်ရေး အတွက် ရုန်းကန် နေဖို့ ထက် ပုံမှန် ပွဲထွက် ကစားခွင့် တွေနဲ့ အတူ ခြေစွမ်း နောက် တစ်ဆင့် မြှင့်တင် နိုင်မယ့် အသင်း ဆီကို ပဲ ပြောင်းရွှေ့ စေလို နေ ပါတယ် ။

RB ဆဲလ်ဘတ် အသင်း ကို ပိုင်ဆိုင် ထားတဲ့ Company ဟာ ဂျာမန် ထိပ်သီး ကလပ် RB လက်ပ်ဇစ် အသင်း ကိုပါ ပူးတွဲ ပိုင်ဆိုင် ထားတဲ့ အတွက် ကြောင့် ဟားလန်း ရဲ့ အနာဂတ် ဟာ ဂျာမန် မြေဆီ ရောက်ရှိ နိုင်ဖွယ် ရှိ လာခဲ့ ပါတယ် ။

သူတို့ အသင်း နှစ်သင်း ဟာ အတိတ် တုန်းက လည်း လက်ရှိ လီဗာပူး အသင်းရဲ့ ကစားသမား တွေ ဖြစ်ကြ တဲ့ နာဘီ ကီတာ နဲ့ ဆာဒီယို မာနေး တို့ကို အသင်း အပြောင်းအလဲ လုပ်ကာ ကစားစေ ခဲ့တဲ့ သာဓက တွေ ရှိခဲ့ ဖူးကြ ပါတယ် ။ ဒါ့ကြောင့် ဟားလန်း ရဲ့ အနာဂတ် ဟာ လက်ပ်ဇစ် အသင်း မှာ ဖြစ်လာ နိုင် ပါတယ် ။

ဒီအတွက် ထူးခြားမှု တစ်ခု အနေ နဲ့ လက်ရှိ ပြောင်းရွှေ့ကြေး ပေါင် သန်း 100 ဝန်းကျင် ရှိ နေတဲ့ ဟားလန်း ကိုသာ ခေါ်ယူ မယ် ဆိုရင် လက်ပ်ဇစ် အသင်း ဟာ ပေါင် 27 သန်း မျှသာ ကုန်ကျ နိုင်ခွင့် ပိုင်ဆိုင် နေခြင်း ပါပဲ ။ ဒါဟာ လက်ပ်ဇစ် အတွက် တော့ အခွင့်ထူး တစ်ရပ် ပါပဲ ။

လက်ပ်ဇစ် အသင်း ရဲ့ အား ကစား ဒါရိုက်တာ ကိုယ်တိုင် ကလည်း အပြောင်း အရွှေ့ နဲ့ ပတ်သက် လို့ ” ကောင်လေး ဟာ တစ်ကယ့် ကစားသမား ကောင်း တစ်ဦး ပါပဲ ။ သူဟာ လိဂ်မှာ သာမက ချန်ပီယံ လိဂ် မှာပါ ခြေစွမ်း ကောင်း ပြသ နိုင်ခဲ့ ပါတယ် ။ ကျွန်တော် တို့ နွေ အပြောင်း အရွှေ့ အတွက် သူ့ကို စောင့် ကြည့် နှင့်နေ ပါပြီ ” လို့ ပြောကြား ခဲ့ဖူး ပါ သေးတယ် ။

#Sports_Myanmar