လီယွန်နယ် မက်ဆီဟာ မနေ့က အာဂျင်တီးနား နဲ့ ဥရုဂွေး အသင်း တို့ ၂ – ၂ စီ သရေ ကျခဲ့တဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနား အတွက် မိနစ် ကိုးဆယ်မှာ ပင်နယ်တီ ကနေ ချေပဂိုး တစ်ဂိုး သွင်းယူ ပေးနိုင် ခဲ့တာကြောင့် နိုင်ငံ့ လက်ရွေးစင် အသင်း အတွက် ဂိုးပေါင်း ၇၀ ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်းပဲ မက်ဆီဟာ အာဂျင်တီးနား ရဲ့ ခါးသီးပြိုင်ဘက် ဘရာဇီး အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှုးကြီး ပီလီ တင်ရှိ ထားခဲ့တဲ့ စံချိန် ၃ ခုကို ချိုးဖျက် နိုင်ဖို့ လက်လှမ်းမှီတဲ့ အနေအထားကို ရောက်ရှိ လာခဲ့ ပါတယ်။ ဘာစီလိုနာ စူပါစတား အနေနဲ့ လာမည့် ၂၀၂၀ ခုနှစ် အတွင်းမှာ ချိုးဖျက် နိုင်စွမ်း ရှိတဲ့ စံချိန် ၃ ခုကို ယခုလိုပဲ ဖော်ပြ ပေးလိုက် ပါတယ်။

တောင်အမေရိကတိုက်ရဲ့ သွင်းဂိုး အများဆုံး ကစားသမား

1957 ခုနှစ်မှ 1971 ခုနှစ်ထိ လက်ရွေးစင် အသင်း အတွက် ၁၅ နှစ် နီးပါး ကစား ပေးခဲ့တဲ့ ပီလီဟာ ဘရာဇီး အတွက် ပွဲပေါင်း ၉၂ ပွဲမှာ ၇၇ ဂိုးထိ သွင်းယူ ပေးထား နိုင်ခဲ့ပြီး လက်ရှိ တောင်အမေရိကတိုက် ရဲ့ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် စံချိန်တင် ထားခဲ့ ပါတယ်။ ဘလွန်းဒီအော ငါးဆုရှင် မက်ဆီ ကတော့ လက်ရှိမှာ အာဂျင်တီးနား အတွက် ဂိုး ၇၀ သွင်းထားပြီး ဖြစ်ကာ သွင်းဂိုး အများဆုံး ကစားသမား စာရင်းရဲ့ ဒုတိယ နေရာမှာ ရပ်တည် နေပါတယ်။ ဘာစီလိုနာ စတား အနေနဲ့ ၂၀၂၀ ကိုပါအမေရိက ဖလား ပြိုင်ပွဲ အပြီး မှာတင် ပီလီ ရဲ့ စံချိန်ကို ချိုးကို နံပါတ် ၁ နေရာကို ရောက်လာ နိုင်မလား ဆိုတာ ကိုတော့ စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။

ကလပ်အသင်း တစ်ခုတည်း အတွက် သွင်းဂိုး အများဆုံး ကစားသမား

မက်ဆီဟာ ပီလီ တင်ထား ခဲ့တဲ့ ကလပ် အသင်း တစ်ခုတည်း အတွက် ကလပ် သွင်းဂိုး အများဆုံး စံချိန် ကိုလည် လိုက်မှီရန် နီးစပ် လာခဲ့ပြီ ဖြစ်ပါတယ်။ ဘရာဇီး ဂန္တဝင် ကစားသမားကြီးဟာ ဆန်းတို့စ် အသင်း နဲ့ အတူ ၆၄၃ ဂိုး သွင်းယူ ထားနိုင် ခဲ့ပြီး မက်ဆီ ကတော့ ဘာစီလိုနာ အသင်းမှာ ၆၁၂ ဂိုး ရရှိ ထားခဲ့ပြီး ဖြစ်ကာ ပီလီ ရဲ့ စံချိန်ကို လိုက်မှီရန် ၃၁ ဂိုးသာ လိုအပ် ပါတော့တယ်။

ကလပ် + နိုင်ငံ နှစ်ခုပေါင်း သွင်းဂိုး အများဆုံး ကစားသမား

ပီလီဟာ ဆန်းတို့စ် နဲ့ အတူ ၆၄၃ ဂိုး ၊ ကော့စ်မို့စ် နဲ့ အတူ ၃၇ ဂိုး ၊ ဘရာဇီး လက်ရွေးစင် အသင်းမှာ ၇၇ ဂိုး သွင်းယူကာ စုစုပေါင်း ၇၅၇ ဂိုး သွင်းယူ ထားနိုင် ခဲ့ပြီး မက်ဆီ ကတော့ ဘာစီလိုနာ မှာ ၆၁၂ ဂိုး ၊ အာဂျင်တီးနား အတွက် ဂိုး ၇၀ သွင်းယူကာ စုစုပေါင်း ၆၈၂ ဂိုး သွင်းယူ ထားခဲ့ပါတယ်။ ခရစ်စတီယာနို ရော်နယ်ဒို ကလည်း ဒီမှတ်တမ်းကို ချိုးဖျက် နိုင်စွမ်း ရှိတဲ့ ကစားသမား ဖြစ်ပြီး ပေါ်တူဂီ စူပါစတား ဟာ စပို့တင်းလစ္စဘွန်း ၊ မန်ချက်စတာ ယူနိုက်တက် ၊ ရီးရဲယ်မက်ဒရစ် နဲ့ ဂျူဗင်တပ် တို့မှာ ၆၀၇ ဂိုး သွင်းယူ ထားပြီး ပေါ်တူဂီ အသင်း အတွက် ၉၉ ဂိုး သွင်းယူ ထားခဲ့ တာကြောင့် စုစုပေါင်း ၇၀၆ ဂိုး ရရှိ ထားခဲ့ပါတယ်။ ဒါ့ကြောင့် မက်ဆီ အနေနဲ့ ပီလီ ရဲ့ စံချိန်ကို ချိူးနိုင်ရန် လက်ရှိ နဲ့ လာမည့် ၂၀၂၀ နှစ် မကုန်မီ ဘာကာ နဲ့ အာဂျင်တီးနား တို့မှာ စုစုပေါင်း ၇၆ ဂိုး သွင်းယူ ရမှာ ဖြစ်ပါတယ်။

SM