တော့တင် ဟမ် ဟော့စပါး အသင်း နည်းပြသစ် မော်ရင်ဟို ကတော့ ယမန်နေ့ က ပဲ အသင်းသားသစ် တွေ နဲ့ အတူ လေ့ကျင့်ခန်း စတင် ခဲ့ ပါတယ် ။ ၀က်စ်ဟမ်း နဲ့ ကစားမယ့် ပွဲ အတွက် ပြုလုပ် ခဲ့တဲ့ လေ့ကျင့်ခန်း မှာ ဟယ်ရီကိန်း ၊ အဲရစ်ဆင် ၊ ဆွန် ၊ အလီ စတဲ့ အဓိက ကစား သမားတွေ အစုံ အလင် ပါ၀င် ခဲ့ပြီး မော်ရင်ဟို ဟာ ကိန်း ၊ အလီ တို့ နဲ့ အချိန်ယူ စကား ပြောဆို ခဲ့တာ ကို တွေ့ ရှိခဲ့ရ ပါတယ် ။

မော်ရင်ဟို ဟာ စပါး အသင်း မှာ တစ်နှစ် လုပ်ခ ပေါင် ၁၅ သိန်း ရရှိ မှာ ဖြစ်ပြီး ထုတ်ပယ် ခံခဲ့ ရတဲ့ နည်းပြ ဟောင်း ပိုချက်တီနို ရခဲ့တဲ့ ပမာဏ ထက် ၂ ဆ ကျော် များပြား ခဲ့တယ်လို့ သိရ ပါတယ် ။

အာဆင်နယ် တိုက်စစ်မှုး အော်ဘားမီးယန်း ကတော့ အသင်း နဲ့ စာချုပ် သစ် ချုပ်ဆို ဖို့ ကိစ္စ ကို ရွှေ့ဆိုင်း ထားတယ် လို့ သိရ ပါတယ် ။ သတင်းတွေ က တော့ အော်ဘားမီးယန်း ဟာ ဘာစီလိုနာ ကို ပြောင်းရွှေ့ ဖို့ စိတ်ဝင်စား နေတယ် လို့ ဖော်ပြ လာခဲ့ ပါတယ် ။

လီဗာပူး ရဲ့ အားထား ရတဲ့ ကစား သမားတွေ ဖြစ်တဲ့ မိုဟာမက် ဆာလာ နဲ့ အန်ဒီ ရောဘတ်ဆန် တို့ ဟာ ယခု အပတ် ကစားမယ့် ခရစ္စတယ်ပဲလေ့စ် နဲ့ ပွဲ ကို လွဲချော် ကြမယ် လို့ ကြားသိရ ပါတယ် ။

PSG ဟာ သူတို့ ဆီမှာ လာရောက် ကစားပြီး ဂိုးတွေ သွင်းပေး နေတဲ့ အင်တာ တိုက်စစ်မှုး အီကာဒီ ကို နှစ်သက် တာ ကြောင့် ဇန်နဝါရီ မှာ ယူရို သန်း ရ၀ နဲ့ ကမ်းလှမ်း ဖို့ စီစဉ် နေပြီလို့ သိရ ပါတယ် ။

ဆန်စီရို ကွင်းကြီး ကို စွန့်ခွာပြီး ကွင်းသစ် တည်ဆောက်မယ့် အေစီ နဲ့ အင်တာ မီလန် တို့ ဟာ ကွင်းသစ် တည်နေရာ အတွက် အခက်အခဲ ဖြစ်နေကြ တယ်လို့ ကြားသိရ ပြီး ဆန်စီရို ကို ဖြိုချမယ့် အစီအစဉ် ဟာကြာမြင့် နိုင်သေးတယ် လို့ သုံးသပ် ထားကြ ပါတယ် ။

အီတလီ နည်းပြ မန်စီနီ ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ မတိုင်ခင် မှာ အင်္ဂလန် ၊ ဂျာမဏီ တို့ နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ စိတ်ကူး နေတယ်လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရုပ်သံ ဖြစ်တဲ့ MUTV ဟာ အသင်းရဲ့ လာမယ့် ယူရိုပါ လိဂ် ပွဲစဉ် အတွက် ခရီးစဉ် ကို လိုက်လံ ရိုက်ကူး မှာ ဖြစ်ပြီး မန်ချက်စတာ – လန်ဒန် – မော်စကို – အက်စတာနာ လမ်းကြောင်း တစ်လျောက် ကို ရိုက်ကူး သွားမယ်လို့ သိရ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်း ကတော့ တောင်ပံ ကစား သမား ရာဟင်း စတာလင် ကို မြောက်များတဲံ လုပ်ခ လစာ နဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆို ဖို့ စီစဉ် နေတယ်လို့ ကြားသိရ ပါတယ် ။

စပါး ဥက္ကဌ လီဗိုင်း ဟာ ပိုချက်တီနို ကို ထုတ်ပယ် ဖို့ လွန်ခဲ့တဲ့ ၁ လ လောက်ကတည်း က စိတ်ကူး ထားခဲ့ပြီး လက်စတာ နည်းပြ ရော်ဂျာ ကို ပထမ ဦးစားပေး အဖြစ် စဉ်းစား ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်း မှာတော့ စိတ်ကူး ပြောင်းလဲ ပြီး မော်ရင်ဟို ကို ခန့်အပ် ခဲ့တာ ဖြစ်တယ်လို့ သိရ ပါတယ် ။

အင်တာ မီလန် ဟာ ချဲလ်ဆီး မှာ နေရာ မရ ဖြစ်နေတဲ့ တိုက်စစ်မှုး ဂျီရူး ကို ခေါ်ယူလို ပေမယ့် လုပ်ခ လစာ နဲ့ စာချုပ် အတွက် တောင်းဆိုမှု တွေ ကို တော့ လန်ဒန် ကလပ် လို ပေးချေ နိုင်ဖွယ် မရှိဘူး လို့ အသိပေး ထားခဲ့ ပါတယ် ။

PSG တိုက်စစ်မှုး နေမာ ကတော့ သူ ဟာ ရီးရဲမက်ဒရစ် နဲ့ ကစားမယ့် ချန်ပီယံ လိဂ် ပွဲစဉ် အတွက် ကြံ့ခိုင်မှု အဆင်သင့် ဖြစ်နေ ပါပြီ လို့ ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အပါ အဝင် ဥရောပ ထိပ်သီး အသင်းတွေ နဲ့ သတင်းကြီး နေတဲ့ ရက်ဘူးဆဲလ်ဘတ် တိုက်စစ်မှုးလေး ဟာလန်း ကို အာဆင်နယ် အသင်း ကလည်း စိတ်ဝင်စား လာခဲ့ ပြီလို့ သိရ ပါတယ် ။

ဇန်နဝါရီ မှာ အာဆင်နယ် ကနေ ထွက်ခွာ ဖွယ် ရှိနေတဲ့ ကွင်းလယ်လူ ရှာကာ ကို အေစီမီလန် အသင်း ကို ချိတ်ဆက် ဖို့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

SPORTS MYANMAR