မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က အသင်း မှ ထွက်ခွာ သွားတဲ့ ကွင်းလယ်လူ ဟာရဲရား ရဲ့ နေရာ ကို အစား ထိုးဖို့ အတွက် ဈေးကွက် ထဲကို ဝင်ရောက် ဖို့ မလိုကြောင်း ၊ အဆိုပါ နေရာ ကို အင်အား ဖြည့်တင်း ဖို့ ယူနိုက်တက် မှာ ကစားသမား တစ်ဦး မဟုတ် ၊ နှစ်ဦး အထိ တောင် ရှိနေ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဟာ ကွင်းလယ် ကစားသမား ဖြစ်သူ ဟာရဲရား ကို စာချုပ် သက်တမ်း တိုးမြှင့် ဖို့ ကြန့်ကြာ ခဲ့တဲ့ အတွက် စပိန် သားဟာ အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားတဲ့ အခါ PSG အသင်း ဆီ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ထွက်ခွာ သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် ဟာ အဆိုပါ နေရာ ကို အစား ထိုးဖို့ အတွက် နယူးကာဆယ် အသင်း မှ ကွင်းလယ်လူ ရှောင် လောင်းစတက်ဖ် ကို အလိုရှိ နေခဲ့ ပါ သေးတယ် ။ ဒါပေမယ့် နယူးကာဆယ် အသင်း မှ စီနီယာ အသင်း အတွက် 11 ပွဲသာ ကစားပေး ထားခဲ့ သေးတဲ့ ကစားသမား အတွက် ပေါင် သန်း 50 အထိ တောင်းဆို နေ ခဲ့တဲ့ အတွက် ကြန့်ကြာ နေခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က လက်ရှိ အသင်း ရဲ့ ကွင်းလယ် ကစားသမား နှစ်ဦး ဖြစ်ကြ တဲ့ အန်ဒရိစ် ပါရဲရား နဲ့ စကော့ မက် တော်မီနေး တို့ဟာ ဟာရဲရား ရဲ့ နေရာ ကို ဖြည့်တင်း ကစား ပေး နိုင်ကြ မယ့် ကစားသမား တွေ ဖြစ်ကြ တယ်လို့ ယုံကြည် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ပြီးခဲ့တဲ့ ပါ့သ် ဂလိုရီ နဲ့ ခြေစမ်း ပွဲစဉ် တုန်းက ယူနိုက်တက် အသင်း အတွက် တစ်ဂိုး သွင်းယူ ပေးထား ခဲ့တဲ့ ကွင်းလယ် ကစားသမား လေး ဂျိမ်းစ် ဂါနာ ကိုလည်း ဆိုးလ်ရှား က နေရာ ပေး သွားလို့ ရနိုင် တဲ့ အကြောင်း ပြောကြား သွားခဲ့ ပါ သေးတယ် ။

” ဂျင်မီ (ဂါနာ) ဟာ အသက် အတော်လေး ငယ်ရွယ် ပါ သေးတယ် ။ သူဟာ အခုမှ 18 နှစ်ပဲ ရှိနေ ပါတယ် ။ ဒါ့ကြောင့် ခင်ဗျား တို့ သူ့ဆီ က အများကြီး မျှော်လင့် ထားလို့ တော့ မရနိုင် သေးပါဘူး ။ ဒါပေမယ့် သူဟာ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်နိုင် ခြေ ပိုင်ဆိုင် နေတယ် ဆိုတာ ကိုတော့ ခင်ဗျား မြင်နိုင် ပါတယ် ”

” ကျွန်တော် ကတော့ အန်ဒရိစ် ပါရဲရား နဲ့ စကော့ မက် တော်မီနေး တို့ ဆီက ပိုပြီး မျှော်လင့် ထား ပါတယ် ။ သူတို့ နှစ်ဦးဟာ ဆိုရင် ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက တစ်ယောက် ကို 15 – 20 ပွဲစီ လောက် ပါဝင် ကစား ပေး ထားနိုင် ခဲ့ကြ တယ်လို့ ကျွန်တော် ထင် ပါတယ် ”

” ခင်ဗျား အနေ နဲ့ သူတို့ တွေကို နှစ်စဉ် အနည်းဆုံး ပွဲစဉ် 20 လောက် ကစားစေ ချင်မှာပါ ။ အဲ့ထက်တောင် ပိုချင် ပိုနေ ပါ ဦးမယ် ။ သူတို့ နှစ်ဦး ထဲက အနည်းဆုံး တစ်ယောက် ကတော့ အန်ဒါ ဟာရဲရား ရဲ့ နေရာ ကို အစားထိုး နိုင်မှာပါ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနွေ အပြောင်း အရွှေ့ အဖြစ် ဆွမ်ဆီး အသင်း မှာ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဒန်နီယယ် ဂျိမ်းစ် နဲ့ ခရစ္စတယ် ပဲလေ့စ် အသင်း မှ ညာ နောက်ခံလူ ဝမ် ဘစ်ဆာကာ တို့ကို ခေါ်ယူ ထားခဲ့ ပါတယ် ။ ဆိုးလ်ရှား ကတော့ နောက်ထပ် ကစားသမား ခေါ်ယူ ဖို့ ရည်ရွယ် နေပါ သေးတယ် ။

လက်ရှိ အချိန် မှာတော့ ယူနိုက်တက် အသင်း ဟာ ဗဟို ခံစစ် ကစားသမား တစ်ဦး အလိုရှိ နေပြီး အဆိုပါ နေရာ အတွက် လက်စတာ စီးတီး အသင်း မှ ဟာရီ မက်ဂွားယား ကို အလို ရှိနေ တယ်လို့ သိရှိ ရ ပါတယ် ။ လက်စတာ ကတော့ မက်ဂွားယား အတွက် ပေါင် သန်း 80 အထိ ဈေးခေါ် ထား ပါတယ် ။

#Sports_Myanmar