ချယ်လ်ဆီး အသင်း ဟာ ယခု တပတ် စနေနေ့ မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အဖြစ် မန်စီးတီး အသင်း ကို အီတီဟတ်ကွင်း မှာ သွားရောက် ကစား ရမှာ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဉ် ဟာ နိုင်ငံ လက်ရွေးစင် အသင်း ပွဲစဉ် တွေ အပြီးမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလာနိုင်ကာ ၊ ဘောလုံး ပရိသတ် အများအပြား ကို ဖမ်းစား နိုင်မယ့် ပွဲစဉ် ဖြစ်ဖို့ ရှိနေပါတယ် ။

မန်စီးတီး ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ဒဏ်ရာ ပြဿနာ အချို့ နဲ့ ရင်ဆိုင် နေရကာ ၊ လီဗာပူး အသင်း ရဲ့ အရမ်း တည်ငြိမ် တဲ့ စွမ်းဆောင်ရည် တွေကြောင့် ၊ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၂ခု က လိုမျိုး အင်အား တောင့်တင်း လာခြင်း မရှိတော့ပါဘူး ။ သို့ပေမယ့် လည်း ဂွာဒီယိုလာ ဟာ ထိပ်တန်း မန်နေဂျာ တဦး ဖြစ်သလို ၊ ၄င်းတို့ရဲ့ အိမ်ကွင်း အီတီဟတ် ဟာလည်း ပြိုင်ဖက် အသင်း တွေ အတွက် ခက်ခဲတဲ့ နေရာ ဖြစ်နေဆဲ အနေအထား ကို ပိုင်ဆိုုင်လျက် ရှိပါတယ် ။’

လမ်းပတ် ဦးဆောင်နေတဲ့ ချယ်လ်ဆီး အသင်း ကတော့ လူငယ် ခြေတက် အများအပြား နဲဲ့ စုဖွဲ့မှုအား ကောင်းကောင်း ကစားတတ်တဲ့ အသင်း အဖြစ် လူသိများ နေကာ ၊ ရလဒ်ကောင်း တွေနဲ့ သက်သေ ပြထားပြီး ဖြစ်ပါတယ် ။ ထို့ အတွက်ကြောင့် အပြိုင်အဆိုင် တိုက်စစ်ဖွင့် ကစားမယ့် ဒီ ၂သင်း ရဲ့ ထိပ်တိုက် ရင်ဆိုင်မှု က စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် ကစားသမား ဟောင်း တဦးလည်း ဖြစ် ၊ ချယ်လ်ဆီး အသင်း တရားဝင် ဝက်ဘ်ဆိုက် ရဲ့ ပင်တိုင် ဆောင်းပါးရှင် တဦး ဖြစ်တဲ့ ပတ်နီဗင် ကတော့ မန်စီးတီး အသင်း ဟာ လက်ရှိ အချိန် မှာ အင်အား လျော့နည်းနေလို့ မဟုတ်ပဲ ၊ လမ်းပတ် ဦးဆောင် နေတဲ့ ချယ်လ်ဆီး လူငယ် တွေရဲ့ စိတ်ဓာတ် က အရမ်း ခိုင်မြဲ မြင့်မား နေတာကြောင့် ယခု တခေါက် ထိပ်တိုက် တွေ့ဆုံမှု ကို ချယ်လ်ဆီး တို့ အခွင့်ကောင်း ယူသင့်တယ် လို့ သုံးသပ် ခဲ့ပါတယ် ။

နီဗင် က ” ပြီးခဲ့တဲ့ ရာသီ အီတီဟတ် က ၆ဂိုးပြတ် အရှုံး ဟာ ချယ်လ်ဆီး ပရိသတ်တိုင်း ရဲ့ ရင်ထဲမှာ မေ့ဖျောက်လို့ မရနိုင်တာ သေချာပါတယ် ။ ဒီလို ဂိုးပြတ် အရှုံး ရလဒ်မျိုး ဟာ ပတ် ကိုင်တွယ်တဲ့ အသင်း နဲ့ ရင်ဆိုင်ရတိုင်း ကြုံတွေ့ ရနိုင်ပါတယ် ။ ခင်ဗျား တို့ဟာ စုစည်းမှု ၊ အာရုံစိုက်မှု နည်းပြီး ၊ ခံစစ် ကစားပုံ မကောင်းဘူး ဆိုရင် သူတို့ဟာ ခင်ဗျား တို့ကို လွယ်လွယ်ကူကူ ဖျက်ဆီး နိုင်ပါတယ် ။ ”

” မန်စီးတီး လို ကလပ်မျိုး အင်္ဂလန် မှာ မရှိပါဘူး ။ သူတို့ ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တချို့ ကို ပိုင်ဆိုင် ထားသလို ၊ ကမ္ဘာ့ အလှပဆုံး ကစားဟန် နဲ့လည်း ပြသ နိုင်စွမ်း ရှိနေပါတယ် ။ အချက်အလက် ကျကျ ပြောရရင် သူတို့ မနှစ်က အီတီဟတ် မှာ ကျွန်တော် တို့နဲ့ ရင်ဆိုင်တုန်း က ကစားဟန် က ကျွန်တော် တို့ထက် အပြတ်အသက် သာပါတယ် ။ ”

” ကျွန်တော့ စိတ်ထဲမှာ ဒီ အပတ် မှာ ချယ်လ်ဆီး အဖို့ စီးတီး ကို ရင်ဆိုင်ဖို့ အကောင်းဆုံး အချိန် ကို ရောက်လာပြီ လို့ ခံစား မိပါတယ် ။ ဒါဟာ သူတို့ အသင်း ရဲ့ အင်အား လျော့နည်း နေလို့ မဟုတ်ပါဘူး ။ ကျွန်တော် တို့ ကလပ် အတွင်း ၊ ကစားသမား အစုအဖွဲ့ အတွင်း က စိတ်ဓာတ် တွေ ၊ ယုံကြည်မှု တွေက အရမ်း မြင့်မားပြီး ဖြိုဖျက် ရ ခက်ခဲ နေလို့ပါပဲ ။ ”

” ဟုတ်ပါတယ် ။ ဖရန့် လမ်းပတ် နဲ့ ချယ်လ်ဆီး တို့ဟာ ဒီ တခေါက် အီတီဟတ် မှာ ရင်ဆိုင် ရမယ့် အကျော့ မှာလည်း အနိုင်ရဖို့ ဘယ်လိုမှ ဖေးဘရိတ် မဖြစ်နေပါဘူး ။ ဒါပေမယ့် ကျွန်တော် ကတော့ သူတို့ဟာ ကိုယ့် အလုပ် ကိုယ် အကောင်းဆုံး လုပ်ပြီး လူတွေရဲ့ အမြင် ကို ပြောင်းလဲပစ်မယ် လို့ ထင်ပါတယ် ။ ” လို့ ရေးသား သုံးသပ် ခဲ့ပါတယ် ။

SPORTS MYANMAR