* ယခုနှစ် ဘောလုံး ရာသီ မှာမှ ပရီးမီးယားလိဂ် ကို ပြန်လည် တန်းတက် လာတဲ့ အက်စတွန် ဗီလာ အသင်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ခြေတက် ခံစစ်မှူး အီသန် အမ်ပါဒူ ကို အငှား နဲ့ ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း Talksports ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။ အမ်ပါဒူ ဟာ လာမယ့် ရာသီ ချယ်လ်ဆီး ကနေ အငှား ထွက်ဖို့ သေချာ နေပြီး ပရီးမီးယားလိဂ် ကလပ် တသင်းသင်း ကသာ ကမ်းလှမ်း လာမယ် ဆိုရင် ချယ်လ်ဆီး ဖက်က ခွင့်ပြု သွားဖို့ လည်း ရှိနေပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ဒဏ်ရာ ရ ကစားသမား ၂ဦး ဖြစ်တဲ့ နောက်ခံလူ ရူဒီဂါ နဲ့ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် တို့ရဲ့ ဒဏ်ရာ အခြေအနေ ဟာ အတော်လေး တိုးတက် စ ပြုနေပြီး ရူဒီဂါ ကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲ အမှီ ပြန်လာ နိုင်ဖို့ များသလို ၊ လော့ဖ်တပ်စ်ချိခ် ဟာလည်း ထင်ထားထက် စောပြီး ချယ်လ်ဆီး အသင်း အတွက် ကစား ပေးနိုင်ဖို့ ရှိနေပါတယ် ။

* ဂျာမန် အခြေစိုက် သတင်း တွေရဲ့ ဖော်ပြချက် အရ ဘိုင်ယန် မြူးနစ် အသင်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ကို နောက်ထပ် ချဉ်းကပ် တော့မှာ မဟုတ်ပဲ မန်စီးတီး အသင်း ကနေ ထွက်ခွာ ဖို့ များနေတဲ့ ဂျာမန် တောင်ပံ ကစားသမား လီရွိုင်း ဆာနေး ကိုသာ အရ ခေါ်ယူနိုင်ဖို့ ကြိုးစား နေကြောင်း သိရပါတယ် ။

* Tuttosport က ဦးဆောင် မယ့် Golden Boy ဆုပေးပွဲ အတွက် ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ကစားသမား ၅ဦး ဖြစ်တဲ့ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ မေဆင်မောင့်တ် ၊ အီသန် အမ်ပါဒူ ၊ ဒူဂျွန် စတားလင်း ၊ မာ့ခ် ဂွီဟီ တို့ ပါဝင် ခဲ့ကြကြောင်း သိရပါတယ် ။

* ချယ်လ်ဆီး အမျိုးသမီး အသင်း ရဲ့ Wing-back ကစားသမား အလီ ရိုင်လီ ဟာ မနေ့ကပဲ ဘိုင်ယန် မြူးနစ် အမျိုးသမီး အသင်း သို့ တရားဝင် ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ကြောင်း ချယ်လ်ဆီး အသင်း က ၄င်းတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက် မှ တဆင့် ကြေညာ ခဲ့ပါတယ် ။ ဒါ့အပြင် ဝါရင့် အမျိုးသမီး ဂိုးသမား လင်ဒါဟယ် လည်း ဝုဖ်ဘတ် အမျိုးသမီး အသင်း သို့ အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ အားကစား ဒါရိုက်တာ ဟောင်း ဖရန့် အာနီဆင်း က သူ့ အနေနဲ့ ချယ်လ်ဆီး အသင်း ရဲ့ အပြောင်းအရွှေ့ အပိတ် ခံရမှု ကို အဆိုး တခုသာ မမြင် မိကြောင်း နဲ့ ဒါဟာ လူငယ် ခြေတက် ကစားသမား တွေ အတွက် တက်လမ်း ဖြစ်သလို ၊ လမ်းပတ် ဟာ လူငယ် ကစားသမား တွေကို အကောင်းဆုံး စုစည်း ပြီး ချယ်လ်ဆီး အသင်း ကို ဆက်လက် ကိုင်တွယ် သွားမယ် လို့ ယုံကြည်ကြောင်း Sky Sports နဲ့ အင်တာဗျူး မှာ ဆိုခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ ဟောင်း အက်ရှ်လေ ကိုးလ် ဟာ မနေ့က ဂျပန် နိုင်ငံ မှာ ရှိနေတဲ့ ဖရန့် လမ်းပတ် ဦးဆောင် နေတဲ့ ချယ်လ်ဆီး အသင်း နဲ့ ပူးပေါင်းဖို့ သတင်း တွေ ထွက်လာ ခဲ့ပေမယ့် တကယ်တမ်း မှာတော့ ကိုးလ် ဟာ ယိုကိုဟားမား က စီစဉ် တဲ့ ပရိုမိုးရှင်း တခု အတွက် ရောက်လာ ခဲ့တာ ဖြစ်တယ် လို့ The Telegraph သတင်း က ဖော်ပြ ခဲ့ပါတယ် ။

* ဘွန်ဒက်စ်လီဂါ ကလပ် ဟာသာဘာလင် အသင်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ အကယ်ဒမီ ထွက် နယ်သာလန် လူငယ် တိုက်စစ် ကစားသမား ဒိုင်းရှော ရီဒန် ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စား နေကြောင်း Sky Sports ရဲ့ သတင်း ထုတ်ပြန်ချက် တွေ အရ သိရပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ဟာ လက်ရှိ အသင်း နဲ့ လာရောက် ပူးပေါင်းသေးခြင်း မရှိတဲ့ တောင်ပံ ကစားသမား ဝီလီယံ ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး မကြာခင် မှာ လူချင်း တွေ့ဆုံ ဆွေးနွေး သွားဖို့ ရှိတယ် လို့ Daily Mail ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။ ဝီလီယံ ရဲ့ စာချုပ် သက်တမ်း ဟာ လာမယ့် ဘောလုံး ရာသီ အကုန် မှာ ကုန်ဆုံး တော့မှာ ဖြစ်ပါတယ် ။

* မနေ့ည က ကစား သွားခဲ့တဲ့ အာဖရိက နိုင်ငံများ ဖလား တတိယလုပွဲ မှာ နိုင်ဂျီးရီးယား လက်ရွေးစင် အသင်း က တူနီးရှား လက်ရွေးစင် အသင်း ကို ၁ – ၀ နဲ့ အနိုင် ရခဲ့ကာ တတိယ နေရာ ကို ရရှိ ခဲ့ပြီး ဖြစ်ပါတယ် ။ ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ နိုင်ဂျီးရီးယား လက်ရွေးစင် ခံစစ်မှူး ကမ်းနက် အိုမြူရို လည်း ပွဲချိန်ပြည့် ကစား ကာ ခြေစွမ်း ပြနိုင် ခဲ့ပါတယ် ။

SPORTS MYANMAR