မန်စီးတီး အသင်းရဲ့ ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ် ကစားသမား လေး ဂျေးဆုက လီဗာပူး အသင်းရဲ့ အီဂျစတောင်ပံတိုက်စစ်မှူးဆာလတ်ကိုအရည်အသွေးမြင့်ကစားသမားတဦးဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ဒါ့အပြင် အသင်းဖော် တောင်ပံကစားသမား မာရက်ဇ် ကတော့ အံံ့မခန်းကောင်းမွန်တဲ့ ကစားသမား တဦးဖြစ်တယ်လို့ ဂျေးဆုက ဆိုပါတယ်။

အဆိုပါ အာဖရိက ကစားသမား ၂ဦးလုံး ဟာ ပရီးမီးယားလိဂ်ပြိုင် ပွဲမှာ အပြိုင် ခြေစွမ်းပြနေပြီး သက်ဆိုင်ရာအသင်းတွေ ရဲ့ အဓိက ကစားသမားတွေအဖြစ်ရှိနေကြပါတယ်။ဘရာဇီးလ်အသင်းဟာ အဘူဒါဘီမှာကစားခဲ့တဲ့ ခြေစမ်းပွဲမှာ တောင်ကိုရီးယားကို ၃-၀ ဂိုးနဲ့အနိုငိရခဲ့ပြီး ဂျေးဆုက အဆိုပါပွဲမတိုင်မီမှာ ဒီကစားသမားတွေရဲ့ ခြေစွမ်းကိုသုံးသပ်ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၂၂နှစ်အရွယ်ဂျေးဆု ဟာ ကစား သမားဘဝမှာ ဆာလတ်နဲ့ တွဲဖက် ကစား ဖူးခြင်းမရှိပေမယ့် ၂၀၁၇ ခုနှစ်မှာ အင်္ဂလန်ကိုတကျော့ပြန်ရောက်လာပြီး ခြေစွမ်းကောင်းပြနေတဲ့ဒီအီဂျစ်သားရဲ့ဂိုးသွင်းစွမ်းရည်တွေကို သတိပြု မိနေခဲ့တာဖြစ်ပါတယ်။

ဆာလတ် ဟာနောက်ဆုံး၂ရာသီဆက်တိုက် ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုရှင်တဦးလည်းဖြစ်ပါတယ်။မာရက်ဇ်ကိုတော့ သူနဲ့တွဲဖက်ကစားဖူးသူတွေထဲမှာ နည်းစနစ် အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် ဂျေးဆုက ယူဆနေပုံပါပဲ။

ီဒီကစားသမား ၂ဦးရဲ့ ခြေစွမ်းတွေနဲ့ ပတ်သက်ပြီး ဂျေးဆုက the National Sport နဲ့ အင်တာဗျူးမှာ – ” ပြီးခဲ့တဲ့ ၂ရာသီအတွင်း မှာ ဆာလတ်က သူ့ရဲ့ အရည်အသွေးကို ပြသထားခဲ့ပါတယ်။ဂိုးတွေလည်း အများကြီးသွင်းယူထားနိုင်ခဲ့ပါတယ်။ကျွန်တော်သူနဲ့ အတူ မလေ့ကျင့်ဖူးပေမယ့်သူ့ရဲ့ အရည်အသွေးကို သိပါတယ်။

မာရက်ဇ်နဲ့ တော့လေ့ကျင့်မှုတွေတူူတူပြုလုပ်ဖူးပါတယ်။သူဟာ ကျွန်တော်နဲ့ ကစားခဲ့ဖူးသူတွေထဲမှာ နည်းစနစ်အကောင်းဆုံးကစားသမားတွေထဲကတဦးဖြစ်ပါတယ်။သူ့ရဲ့ပထမဆုံးဘောလုံးထိချက်က တကယ့်ကို အ့ံမခန်းကောင်းမွန်ပါတယ်။သူဘယ်လောက်ကောင်းတယ်ဆိုတာလက်စတာအသင်းမှာ တကမ္ဘာလုံးသိအောင် ပြသထားပြီးပါပြီ။

သူဟာ ကျွန်တော်တို့ အသင်းမှာလည်းကောင်းကောင်း ကစားနေတာ ဖြစ်ပြီး ဂိုးတွေသွင်းယူထားနိုင်နေသလို ဂိုးဖန်တီးမှုတွေကို လည်းအချိန် ပြည့်စွမ်းဆောင် ပေးနေပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။ဆာလတ် ဟာဒီရာသီမှာလိဂ်ပွဲ ၁၁ ပွဲကစားအပြီး ၆ဂိုးသွင်းထားနိုင်ခဲ့ပေမယ့် ခြေကျင်းဝတ်ဒဏ်ရာရနေလို့ အီဂျစ် အသင်းရဲ့ ပွဲတွေကနေ လတ်တလောမှာ လွဲချော်နေခဲ့ပါတယ်။

လီဗာပူး အသင်းဟာ အခုအပတ် ပရီးမီးယားလိဂ် မှာ ပဲလေ့စ် အသင်းကို အဝေးကွင်း သွားကစားရဖို့ ရှိနေပြီး ဆာလတ်က ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။မာရက်ဇ်ကလည်း မိသားစု ကိစ္စတွေကြောင့် အခုအပတ်အတွင်းကစားခဲ့တဲ့ အယ်ဂျီးရီးယားအသင်းရဲ့ အာဖရိကဖလားခြေစစ်ပွဲ မှာပါဝင်ထားနိုင်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

မာရက်ဇ်ဟာ ဒီရာသီမှာ လိဂ်ပွဲ ၈ ပွဲကစား သွင်းဂိုး ၂ဂိုးနဲ့ ဖန်တီးမှု ၃ကြိမ် စွမ်းဆောင်ပေးထားပြီး ချဲဆီးလ် အသင်းကို အီတီဟတ်မှာ ဧည့်ခံသွားရဖို့ရှိနေတဲ့ အခုအပတ် ပွဲစဉ်မှာလည်းပါဝင် လာနိုင်ဖို့ နည်းပြကြီး ဂွာဒီယိုလာကမျှှော်လင့်နေပါတယ်။လက်ရှိချန်ပီယံမန်စီးတီးအသင်းဟာ ဒီရာသီမှာတော့ ၁၂ပွဲကစားအပြီးရမှတ်၂၅ မှတ်နဲ့ အဆင့်၄နေရာအထိကျရောက်နေပါတယ်။

SPORTS MYANMAR