လက်တလော အချိန် မှာတော့ တော့တင်ဟမ် ဟော့ စပါး အသင်း မှ နည်းပြ ပိုချက်တီနို ထွက်ခွာ သွားတဲ့ နောက် အာဂျင်တိုင်းသား ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြ သစ် ဖြစ်လာ နိုင်ဖို့ အထူး ရေပန်းစား နေခဲ့ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် တိုက်စစ် ကစားသမား လေး ဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ က လက်ရှိ နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား သာ အသင်း ကို ရှေ့ဆက် နိုင်အောင် ဦးဆောင် ပေမယ့် အမှန်ကန်ဆုံး နည်းပြ ဖြစ်တဲ့ အကြောင်း ထောက်ခံ စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် ရပ်ရှ်ဖို့ ဟာ နည်းပြ ဆိုးလ်ရှား လက်အောက် မှာ ဘောလုံး ရာသီ တွေကို ပျော်ရွှင် ခံစား နေရ သူ ဖြစ်ပြီး သူ အသင်း နဲ့ စာချုပ် သက်တမ်း တိုးမြှင့် ခဲ့ရ ခြင်းရဲ့ အဓိက အကြောင်း ပြချက် က ဆိုးလ်ရှား ပဲ ဖြစ်ကြောင့် ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော့် အတွက် တော့ အသင်း နဲ့ စာချုပ် သက်တမ်း တိုးမြှင့် နိုင်ဖို့ အတွက် တွေဝေ တွန့်ဆုတ် နေရစရာ အကြောင်း ကို မရှိခဲ့ ပါဘူး ။ ပြီးတော့ အိုလီ နဲ့ ပတ်သက် လို့လည်း ကျွန်တော် တွေဝေ တွန့်ဆုတ် စရာ လုံးဝ မရှိ ခဲ့ ပါဘူး ”

” သူဟာ ဘယ်ကို ဦးတည် နေသလဲ ဆိုတာ ကျွန်တော် ကောင်းကောင်း မြင်တွေ့ နေခဲ့ ရ ပါတယ် ။ သူဟာ အသင်း ကို ဘယ်လောက် အထိ တိုးတက် စေဖို့ လုပ်ဆောင် နေသလဲ ဆိုတာ မြင်တွေ့ နေခဲ့ ရ ပါတယ် ။ ဒါဟာ ကျွန်တော့် အတွက် နှစ်ခါပြန် တွေးစရာ တောင် မလိုခဲ့ ပါဘူး ”

” ကျွန်တော် တို့ဟာ တူညီ တဲ့ စာမျက်နှာ တစ်ခု အပေါ် မှာ ရှိ နေခဲ့ ကြပြီး အသင်း အတွက် တူညီ တဲ့ အရာ တွေကို လုပ်ဆောင် လိုခဲ့ ကြ ပါတယ် ။ အိုလီ ဟာ ခမ်းနား တဲ့ လူသား တစ်ဦး ဖြစ်သလို အသင်း ရဲ့ နှလုံးသား ထဲမှာ တောင် ရှိနေ ခဲ့ဖူး သူ ပါ ။ ဒါ့ကြောင့် ဒီ အသင်း အတွက် သူ့ထက် ပိုကောင်း တဲ့သူ ဆိုတာ လုံးဝ မရှိဘူး လို့ ကျွန်တော် ထင် ပါတယ် ” လို့ ရပ်ရှ်ဖို့ က နည်းပြ ဖြစ်သူ ဖက်မှ ကာကွယ် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် ဒီ ရာသီ အတွက် ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိ ရေးက အသင်း အတွက် လုံလောက် တဲ့ အရာ တစ်ခု မဟုတ်ကြောင်း ရပ်ရှ်ဖို့ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် ဟာ ဆု ဖလား တွေကို ဆွတ်ခူး တဲ့ အသင်း မျိုးပါ ။ ကျွန်တော် တို့ ဆု ဖလား မရတာ 18 လ ကျော်လောက် ရှိပြီ လို့ ထင်ပါတယ် ။ အကယ်လို့ ကျွန်တော် တို့ဟာ ထိပ်သီး လေးသင်း စာရင်း ဝင်နိုင် ပြီး ဆု ဖလား မရ နိုင်ဘူး ဆိုရင် ကျွန်တော် ပျော်ရွှင် နေမှာ မဟုတ် ပါဘူး ”

” အကယ်လို့ ကျွန်တော် တို့ဟာ ထိပ်သီး လေးသင်း ဝင်ရောက် နိုင်တဲ့ အပြင် ဆု ဖလား ကိုပါ ရယူ နိုင်မယ် ဆိုရင် ဒါကို အောင်မြင် တဲ့ ဘောလုံး ရာသီ တစ်ခု လို့ သေချာပေါက် ပြောလို့ ရနိုင် ပါ့မယ် ။ ဒီအတွက် ကျွန်တော် တို့ဟာ အစွမ်းကုန် ကြိုးစား ကြဖို့ လိုအပ် ပါ လိမ့်မယ် ”

” အိုလီ ကလည်း သူလို ချင်တဲ့ အရာ တွေကို တစ်ည ထဲနဲ့ ရရှိ နိုင်မှာ မဟုတ် ပါဘူး ။ ကျွန်တော် တို့ စိတ်ရှည် ကြရ ပါ့မယ် ။ ကျွန်တော် တို့ အလုပ် ကြိုးစား ပြီး ရာနှုန်းပြည့် ပေးဆပ် ကစား ကြမယ် ဆိုရင် ကျွန်တော် တို့ အဆင် ပြေသွား လိမ့်မယ် လို့ ထင်ပါတယ် ” လို့ ရပ်ရှ်ဖို့ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar