မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ကလီဘာဆင် က လက်ရှိ အသင်း ဟောင်းရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ စီနီယာ တိုက်စစ် ကစားသမား ဟောင်း ဖြစ်သူ စီ ရော်နယ်ဒို နဲ့ ကစား ပုံ ဆင်တူ ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ဒီ ရာသီ အတွက် ရပ်ရှ်ဖို့ ဟာ အိုးလ် ထရပ်ဖို့ဒ် ရဲ့ အထူးချွန်ဆုံး ကစားသမား ဖြစ်တယ် လို့လည်း ကလီဘာဆင် က အင်္ဂလန် လက်ရွေးစင် တိုက်စစ် ကစားသမား လေးကို ဆက်လက် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

” ဒီ ဘောလုံး ရာသီ အတွင်း မှာတော့ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစားသမား ပါပဲ ။ သူဟာ တိုက်စစ် ကစား နေတဲ့ အချိန် နဲ့ ဂိုးပေါက် အရှေ့ ရောက်ရှိ သွားတဲ့ အချိန် တွေမှာ ပြိုင်ဖက် အတွက် တစ်ကယ့် ကို အန္တရာယ် တွေ ပေးစွမ်း နိုင်သူ တစ်ဦး ပါပဲ ”

” သူ ဘောလုံး ရယူ ပြီးနောက် ပြိုင်ဖက် တွေဆီ ကို ပြေးလွှား သွားတဲ့ အချိန်မှာ ခံစစ် ကစားသမား တွေက ကြောက်ရွံ့ နေတက် ကြ ပါတယ် ။ သူဟာ သန်မာ လှသလို မြန်ဆန် လွန်းတဲ့ သူ တစ်ဦး ပါပဲ ။ ဒီ ရာသီ မှာတော့ သူဟာ ဂိုးတွေ ကိုလည်း သွင်းယူ နိုင် ခဲ့တယ် လေ ”

” သူဟာ စီ ရော်နယ်ဒို ကစား ခဲ့ သလို တူညီ တဲ့ ပုံစံ တစ်ခု နဲ့ ကစား ပြနေ ခဲ့ ပါတယ် ။ သူတို့ နှစ်ယောက် မှာ တူညီ တဲ့ အချက် တစ်ခု က ဘောလုံး ရရှိ ကြတဲ့ အချိန် တွေမှာ တိုက်စစ်ဆင် ကစား ရင်းနဲ့ ပြိုင်ဖက် ကို ထိုးဖောက် ကျော်ဖြတ် နိုင်ဖို့ အားထုတ် ခြင်း ပါပဲ ”

” သူတို့ က တူညီ တဲ့ စိတ်ထား နဲ့ အတူ အသင်းဖော် တွေဆီ ယုံကြည် စိတ်တွေ ဖြစ်ပေါ် စေကြ သလို ကောင်းမွန် လှတဲ့ ဂိုး အချို့ ကိုလည်း သွင်းယူ နိုင်ကြ ပါတယ် ” လို့ ကလီဘာဆင် က ရပ်ရှ်ဖို့ နဲ့ စီ ရော်နယ်ဒို တို့ အကြား တူညီ မှု အချို့ ကို ချပြ ဖော်ပြ သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် အသင်း ရဲ့ အားထာ ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ အသင်း ပြောင်းရွှေ့ ဖို့ အတွက် သတင်း ကြီး နေခဲ့သူ တစ်ဦး ပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ကလီဘာဆင် ကတော့ ပြင်သစ် လက်ရွေးစင်ဟာ ဆိုးလ်ရှား လက်အောက်မှာ ခေါင်းဆောင် နိုင်မှု ပေးစွမ်း နိုင်မယ့် သူလို့ ညွှန်းဆို သွားခဲ့ ပါတယ် ။

” ပေါ့ဂ်ဘာ ထွက်ခွာ မလား ၊ ဆက်ရှိ နေ မလား ဆိုတာ နဲ့ ပတ်သက် လို့ ကောလဟာလ သတင်း တွေ အများကြီး ကြားခဲ့ ရ ပါတယ် ။ အိုလီ ဟာ လူငယ် ကစားသမား တွေကို အသင်း ဆီ ခေါ်ယူ နေခဲ့ ပြီးတော့ ပေါ့ဂ်ဘာ ကို ဦးဆောင် စေလို နေသူ တစ်ဦး ပါ ”

” သူဟာ ခမ်းနား တဲ့ ကောင်လေး တစ်ယောက် ဖြစ်ပြီး အသင်း က လူတွေ တိုင်းဟာ သူကို နှစ်သက် ကြ ပါတယ် ။ ဒါဟာ သူ့ အတွက် တော့ အသင်း ရဲ့ ခေါင်းဆောင် ဖြစ်နိုင် ခွင့် တစ်ခု ပါပဲ ။ သူဟာ ပြင်သစ် မှာ ချန်ပီယံ တစ်ဦး ဖြစ်ခဲ့ သလို ခေါင်းဆောင် တစ်ဦး လည်း ဖြစ်ခဲ့ ပါတယ် ။ အခုတော့ ယူနိုက်တက် ရဲ့ နောက် ရာသီ နဲ့ အနာဂတ် မှာ သူ့ကို ကျွန်တော် ခေါင်းဆောင် တစ်ဦး အဖြစ် မြင်နေ ပါတယ် ” လို့ ကလီဘာဆင် က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar