ဝေဖန်ရေးမှာ ကျွမ်းကျင်လှတဲ့ ဟိုဆေး မော်ရင်ဟို ရဲ့ ဝေဖန်ပြောဆို မှု ကို လတ်လတ် ဆတ်ဆတ် ခံယူထားတဲ့ သူကတော့ သရဲနီ တို့ရဲ့ ကပ္ပတိန်ကြီး တိုနီဗွီ ( အန်တိုနီိယို ဗလင်စီယာ ) ပါပဲ ။ အိုးထရက်ဖိုဒ့် ရဲ့ သစ္စာတော် ခံ ညာနောက်ခံလူ ကြီး ဟာ အသင်း အတွက် ဘယ်တုန်းကမှ ခိုကပ် ခဲ့ခြင်း မရှိခဲ့ ပါဘူး ။ ဒါပေမယ့် ရာသီကြို ခြေစမ်းပွဲ မှာ ဒဏ်ရာ ရရှိ အပြီး မှာတော့ မော်ရင်ဟို ရဲ့ ဝေဖန်တက်တဲ့ နှုတ်ခမ်းတွေ နဲ့ မိတ်ဆက် ရပါတော့ တယ် . . .

“အန်တိုနီယို ဗလင်စီယာ ဟာ အနား ပေးထား တာကနေ ပြန်ရောက် လာတာပါ ။ သူ နားရက် အများကြီး ရခဲ့ တယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ အခြေအနေ က အားရလောက် အောင် မရှိ ပါဘူး ၊ ခု သူ ဒဏ်ရာ ရသွား ပါပီ” လို့ လီဗာပူး ကို ၄ – ၁ ဖြင့် ရှုံးနိမ့် ခဲ့တဲ့ ပွဲ အပြီး မှာ မော်ရင်ဟို က ဝေဖန် ပြောဆို လိုက်တာ ဖြစ် ပါတယ် ။

ဗလင်စီယာ က တော့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် တွေ ကို လွဲချော် ဖွယ် ရှိနေပြီး ညာနောက်ခံလူ နေရာ အတွက် မော်ရင်ဟို ကို ခေါင်း ခဲ့စေ ခဲ့တယ် လို့ သိရ ပါတယ် ။

Mourinho VS Anthony Martial
မော်ရင်ဟို နဲ့ တောက်လျောက် အဆင် မပြေဖြစ် နေတဲ့ ပြင်သစ် တောင်ပံ ကစားသမားလေး အဖို့ ကတော့ ဒီ ဝေဖန် စကားတွေ ဟာ ရိုးအီ နေလောက် ပါပီ ။ ရာသီကြို ခရီးစဉ် ကနေ ဇနီးသည် ရဲ့ မီးဖွားမှု အတွက် ပြင်သစ် ကို ပြန်သွား ခဲ့တာ ကြောင့် ကစား သမား မစုံလင် ခဲ့တဲ့ မော်ရင်ဟို ရဲ့ ဝေဖန်မှုကို ခံ ခဲ့ရ သူ ဖြစ် ပါတယ် ။

“လူတစ်ယောက် က ဖခင် တစ်ယောက် ဖြစ်လာ တော့မယ် ဆိုရင် ဒီလို ကိစ္စ မျိုးတွေ မှာ လူတွေ က သူတို့ တွေးတာပဲ မှန်တယ် လို့ ထင်တက် ကြပါတယ် ။ မာရှယ် အတွက် တော့ ဒါဟာ ဒုတိယ အကြိမ် ဖခင် ဖြစ်ရတဲ့ ကိစ္စ ပါ ။ သူ့ အတွက်တော့ သွားဖို့ ဆုံးဖြတ်တာ မှန်တယ်လို့ ထင်မှာပါပဲ ၊ ဒီတော့ သူ့ကို တားလို့လည်း ရမှာ မဟုတ် ပါဘူး”

မာရှယ် ဟာ ဇနီးသည် အောင်မြင်စွာ မွေးဖွားပြီးသည့် တိုင် ( ယနေ့ထိ ) အသင်းထံ ပြန်ရောက်လာခြင်း မရှိ ခဲ့ မှု ကိုလည်း မော်ရင်ဟို ထပ်မံ ဝေဖန် ခဲ့ပါသေးတယ် ။

ယူနိုက်တက် ရဲ့ ခံစစ်မှုး ၂ ဦး ဟာလည်း ပေါ်တူဂီ နည်းပြကြီး ရဲ့ ပြောဆိုမှု နဲ့ မလွတ်ကင်း ခဲ့ ပါဘူး ။ ၂၀၁၆ – ၂၀၁၇ ဘောလုံး ရာသီ အဆုံးသတ် ခါနီး ၊ မန်ချက်စတာ ဒါဘီပွဲ မတိုင်မီ မှာ နည်းပြကြီး ဟာ ခံစစ်မှုး ၂ ဦး ကို ဝေဖန်ပြောဆို ခဲ့တာပဲ ဖြစ် ပါတယ် ။

အဆိုပါ အချိန် က မားကိုစ့် ရိုဟို ဟာ ဒဏ်ရာ ကြောင့် နားနေရချိန် ဖြစ်ပြီး စမောလင်း နဲ့ ဂျုံးစ်တို့ ဟာလည်း ဒဏ်ရာ မကြာခဏ ရရှိနေတာ ကြောင့် မော်ရင်ဟို ရဲ့ စကားလုံးတွေ ပွင့်ဟ ထွက်ပေါ် လာခဲ့တာပဲ ဖြစ် ပါတယ်

“အတွေး အခေါ် ပိုင်း အရရော ၊ စိတ်ဓါတ် ခံယူချက် အပိုင်း အရ ပါ အဆင်သင့် ဖြစ်နေရ မှာပါ ။ နိုးကြား ရမယ် ၊ နိုးကြားရမယ် ၊ နိုးကြားနေရ ပါမယ် ။ ဒီလို ခံယူချက်မျိုး တွေ ရှိနေ ရမှာပါ ။ ဒါဟာ ကစား သမား တစ်ယောက် ရဲ့ တန်ဖိုး ပါပဲ ။ ဒါဟာ အလုပ် တစ်ခု ကို လုပ်ကိုင် ရမယ့် ခံယူချက် ပါပဲ” လို့ ဟိုဆေး က ဝေဖန်ခဲ့တာ ဖြစ် ပါတယ် ။

Mourinho VS Luke Shaw
ယူနိုက်တက် နည်ပြ ဖြစ်နေစဉ် အတွင်း မော်ရင်ဟို ရဲ့ ဝေဖန်မှု ကို အများဆုံး ခံ ခဲ့ရသူ ကတော့ အင်္ဂလန် ဘယ်နောက်ခံလူ လုခ်ရှော ပဲ ဖြစ် ပါလိမ့်မယ် ။ ပေါ်တူဂီ နည်းပြကြီး ကိုင်တွယ် နေစဉ် အတော အတွင်းမှာ ရှော ဟာ ဒဏ်ရာ တွေ နဲ့ လုံးပန်း နေရ သလို နေရာပေး ခံရခြင်း လည်း မရှိတာ ကြောင့် မှောင်မိုက်တဲ့ အိုးထရက်ဖိုဒ့် နေ့စွဲ တွေ ကို ကျော်ဖြတ် ခဲ့ရ ပါတယ် ။

မော်ရင်ဟို ရဲ့ ပထမဆုံး ရာသီ အစ ၊ ဆွမ်းဆိ နဲ့ ပွဲကို လုခ်ရှော မကစား ခဲ့မှု ဟာ ဒီလို အတောမသတ် ဝေဖန်မှု တွေ ရဲ့ အစဖြစ် ခဲ့ မယ်ဆိုတာ ကို ရှော ကိုယ်တိုင် ကြိုတင် သိမြင်နေခဲ့ မှာ မဟုတ်တာ တော့ သေချာ ခဲ့ ပါတယ် ။

“သူ့ အနေ အထား ဟာ ပွဲကစားဖို့ အဆင်သင့် မဖြစ်ဘူး လို့ လုခ်ရှော က ဒီမနက် မှာ ကျွန်တော့ကို ပြောခဲ့ ပါတယ် ။ ဒါက ဘာပဲ ပေးဆပ်ရ ပေးဆပ် ရ ဆိုတဲ့ ရဲရင့်တဲ့ သူတွေ နဲ့ နာကျင်မှု သေးသေးလေး ကို အကြောင်းပြ တက်တဲ့သူတွေ ရဲ့ ကြားက ကွာခြားချက် ပါပဲ” လို့ မော်ရင်ဟို စတင် ဝေဖန် ခဲ့ပြီး နောက်ပိုင်း မှာလည်း ရှော နဲ့ ပတ်သက်တဲ့ မော်ရင်ဟို ရဲ့ ပြောဆို ဝေဖန်မှု တွေ ကို မကြာခဏ ကြားခဲ့ ကြရ ပါတယ် ။

မော်ရင်ဟို ရောက်ရှိ လာ အပြီး နေရာ ပျောက်ခဲ့သူတွေ ထဲ မှာ တိုက်စစ်မှုးလေး မားကပ် ၇က်ဖိုဒ့် လည်း တစ်ဦး အပါ အ၀င် ဖြစ်ခဲ့ ပါတယ် ။ ပြီးခဲ့တဲ့ ရာသီ အစ ပိုင်းက မာရှယ် နဲ့ တစ်လှည့်စီ ဘယ်တောင်ပံ မှာ ကစား ခွင့် ရရှိ ခဲ့ပေမယ့် ဆန်းချက် ရောက်ရှိ လာ အပြီး မှာတော့ ရက်ဖိုဒ့် ရဲ့ ပွဲ ကစားခွင့်တွေ ဟာ ပိုမို ကန့်သတ် လာခဲ့ ပါတယ် ။ အထောင် တိုက်စစ်မှုး နေရာမှာလည်း လူကာကူ က ပွဲတိုင်း ကစားနေရာ တာ ကြောင့် ရက်ဖိုဒ့် ကို နေရာ ပေးဖို့ တောင်းဆိုမှု တွေ ရှိလာခဲ့ ပါတယ် ။

ရက်ဖိုဒ့် အတွက် အခွင့်အရေး ပေါ်လာခဲ့ချိန် ကတော့ လူကာကူ ဒဏ်ရာ ရခဲ့ပြီး ရာသီ ပြီးဆုံးခါနီး မှာ ယှဉ်ပြိုင် ရတဲ့ ဘရိုက်တန် နဲ့ ပွဲကို လွဲချော် ချိန် ဖြစ်လာခဲ့ ပါတယ် ။ ဒါပေမယ့် ရက်ဖိုဒ့် ဟာ ယူနိုက်တက် အတွက် ပုံစံ ကောင်း မပြနိုင် ခဲ့ဘဲ အသင်းက လည်း ရှုံးနိမ့် ခဲ့ရ ပါတယ် ။ ပွဲ အပြီး မှာတော့ လူကာကူ ကို ပွဲတိုင်း အသုံးပြု နေမှု အပေါ် ဝေဖန် ခဲ့တဲ့ သူတွေ ကို မော်ရင်ဟို က တုန့်ပြန် သွားပါတော့ တယ် ။

“ဘာလို့ လူကာကူ ပဲ ဖြစ်နေ ရတာလဲ ၊ ဘာလို့ လူကာကူပဲ ကစား နေရတာလဲ ? အခု ခင်ဗျားတို့ မှာ အဖြေ ရ သွား လောက် ပါပီ ။ ကျွန်တော်တို့ ဟာ လူတွေ ထင်သလောက် ကောင်းနေတဲ့ တော်နေတဲ့ သူတွေ မဟုတ် ဘူးဆိုတာ အခု သိသွားကြ လောက် ပါပီ”

“ကစား သမား တစ်ယောက် ရဲ့ နေရာကို ၀င်လာတဲ့ နောက်တစ်ယောက် က အရင် တစ်ယောက် လိုမျိုး စွမ်းဆောင် နိုင်ခြင်း မရှိ ခဲ့ ပါဘူး ။ ဒါက အသင်း ကို ကောင်းမွန်တဲ့ အဆင့် တစ်ခု မှာ ကစားပြ နေဖို့ အတွက် ခက်ခဲ စေခဲ့ပါတယ်”

“အခု ဘာကြောင့် ကစား သမား အချို့ က အချို့ ထက် ပိုပြီး ကစား ခွင့် ရနေ သလဲ ဆိုတာ အားလုံး သဘော ပေါက်လောက် မယ် လို့ ထင်ပါတယ်” လို့ မော်ရင်ဟို က ပြောဆို တုန့်ပြန် သွားခဲ့တာ ဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ လက်ကျန် ခြေစမ်းပွဲတွေ နဲ့ ရာသီအဖွင့် ပွဲစဉ် ၃ ပွဲ –

၁-၈-၁၈ ။ မန်ယူနိုက်တက် – ရီးရဲမက်ဒရစ် ( ICC )
၅-၈-၁၈ ။ မန်ယူနိုက်တက် – ဘိုင်ယန်မြုးနစ် ( ခြေစမ်းပွဲ )
၁၀-၈-၁၈ ။ မန်ယူနိုက်တက် – လက်စတာ စီးတီး ( EPL )
၁၉-၈-၁၈ ။ ဘရိုက်တန် – မန်ယူနိုက်တက် ( EPL )
၂၇-၈-၁၈ ။ မန်ယူနိုက်တက် – စပါး ( EPL )

ဘယ်သူတွေ ဆက်လက် ဝေဖန် ခံရဦးမလဲ ?

Ref : Daily Mail
SPORTS MYANMAR