မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ အတွင်း အသင်းရဲ့ အားထား ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကို ဒဏ်ရာ ကြောင့် ဆုံးရှုံး ခဲ့တဲ့ နောက် အဆိုပါ နေရာ မှာ ဘရာဇီး နိုင်ငံသား ကွင်းလယ်လူ ဖရက်ဒ် ကို နေရာ ပေးပြီး ကစား စေခဲ့ ပါတယ် ။

ဒါပေမယ့် ဘရာဇီး လက်ရွေးစင် ဟာ ကွင်းထဲ မှာ အမှား များခဲ့ သလို ဘောလုံး ပေးပို့ မှု တွေဟာ လည်း တလွဲ ဖြစ်တာ များခဲ့ ရတာ ကြောင့် ပရိသတ် တွေရဲ့ ဝေဖန် မှုတွေ များစွာ ခံခဲ့ရ ပါတယ် ။ ဒါပေမယ့် ဖရက်ဒ် ဟာ နောက်ပိုင်း ပွဲစဉ် တွေမှာ ခြေစွမ်း တိုးတက် ကောင်းမွန် လာခဲ့ ပြီး အသင်း ကို အကျိုး ပြုနိုင် ခဲ့ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ကလီဘာဆင် က ဘရာဇီးသား ဖရက်ဒ် ရဲ့ တိုးတက် ကောင်းမွန် လာမှု တွေဟာ ဆိုးလ်ရှား ရဲ့ ကွင်းလယ် ကို ပိုပြီး တောင်းတင်း ကောင်းမွန် စေလိမ့်မယ် လို့ ယုံကြည် ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဘရိုက်တန် အသင်း ကို အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် တုန်းက ဆိုရင် ဆိုးလ်ရှား ကိုယ်တိုင် က ဖရက်ဒ် ဟာ အသင်း ကို အထောက်အကူ ပေးနိုင်သူ လို့ ထုတ်ဖော် ချီးကျူး သွားခဲ့ ပါ သေးတယ် ။ အခုတော့ ကလီဘာဆင် ကလည်း ယူနိုက်တက် ကွင်းလယ် အတွက် ဖရက်ဒ် နဲ့ ပါရဲရား တို့ဟာ အပေါင်း လက္ခဏာ ဆောင်စေ လိမ့်မယ် လို့ ပြော သွားခဲ့ ပါတယ် ။

” ဖရက်ဒ် ဟာ အရည်အသွေး အနည်းငယ် ပြသ နိုင် ခဲ့ခြင်း နဲ့ အတူ လက်ရှိ အချိန် မှာ လူတွေ ရဲ့ မျှော်လင့် ခံရ မှုတွေ များစွာ ပိုင်ဆိုင် နေခဲ့ ပါတယ် ။ သူဟာ ဘောလုံး ကို ကိုင်ပြီး ကောင်းကောင်း ကစားပြ နေတက် ပါပြီ ။ ဒါ့အပြင် ပြိုင်ဖက် ကွင်းလယ် ကစားသမား တွေ အတွက် နေရာလွတ် တွေ ကိုလည်း ပိတ်ဆို့ နိုင်တက် ပါပြီ ”

” သူဟာ အန်ဒရိစ် ပါရဲရား နဲ့ စတင် ကစား ခဲ့တဲ့ အချိန် မှာ သူတို့ ရုန်းကန် ခဲ့ကြ ရ ပါတယ် ။ ဒါပေမယ့် သူတို့ ဟာ လက်ရှိ အချိန် ပရီးမီးယား လိဂ်မှာ အရှိန် တစ်ခု ကို စတင် ရရှိ နေကြ ပါပြီ ။ သူတို့ တွေဟာ ကိုယ်ပိုင် အရည်အသွေး တွေကို စတင် ပြသ နိုင်ခဲ့ ကြ ပါပြီ ”

” သူဟာ ဆက်လက် တိုးတက် နိုင်ပါ သေးတယ် ။ ဒါပေမယ့် ဘောလုံး မှာ အရာရာ တိုင်းက ပြောင်းလဲ လာနိုင် ပါတယ် ။ ဒီ အတွက် သူဟာ ယုံကြည်မှု တွေ ဆက်လက် ရှိနေ ဖို့ လိုအပ်ပြီး နေရာ တစ်ခု အပိုင် ရအောင် ကြိုးစား ထိန်းသိမ်း ရပါ့မယ် ။ သူ နေရာ တစ်ခု မြဲဖို့ အတွက် အသင်း ရဲ့ ရလဒ် ကလည်း အရေး ပါတယ် လေ ” လို့ ကလီဘာဆင် က ပြောလိုက်ပြီး ယူနိုက်တက် ရဲ့ လက်ရှိ လူ စာရင်း နဲ့ ပတ်သက်လို့ …

” လက်ရှိ ယူနိုက်တက် တို့ ပိုင်ဆိုင် ထားတဲ့ လူ စာရင်း နဲ့ ဆိုရင် သူတို့ တွေဟာ ထိပ်သီး လေးသင်း စာရင်း ကို သေချာပေါက် ဝင်ရောက် နိုင် ပါတယ် ။ သူတို့ တွေ အတွက် ကတော့ ချန်ပီယံ လိဂ် မှာ ဝင်ရောက် နိုင်ရေး ဆိုတာ တစ်ကယ့် ကို အရေး ကြီးလှ ပါတယ် ”

” အိုလီ နဲ့ ဆိုရင် တော့ သူဟာ လက်ရှိ ပိုင်ဆိုင် ထားတဲ့ လူ စာရင်း နဲ့ အတူ မှန်ကန် တဲ့ လမ်းကြောင်း တစ်ခု အပေါ် လျှောက်လှမ်းရင်း နောက် ရာသီ ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိ ရေး အတွက် ယှဉ်ပြိုင် နေ ပါတယ် ။ ဒါဟာ သူတို့ အတွက် ဒီ ရာသီ အတွင်း အသက် တမျှ အရေး ပါတဲ့ အရာ တစ်ခု ပါပဲ ” လို့ ကဘီဘာဆင် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar