တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ နည်းပြ သစ် ဖြစ်လာ ခဲ့တဲ့ ဟိုဆေး မော်ရင်ဟို က မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ကျရှုံး ခဲ့ခြင်း က သူ ကိုယ်တိုင် အပေါ် ပဲ မူတည် ခဲ့ကြောင်း အသင်း သစ်ရဲ့ ပထမဆုံး အင်တာဗျူး အစီအစဉ် မှာ ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဟိုဆေး မော်ရင်ဟို ဟာ 2018 ဒီဇင်ဘာ လ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ကို ကိုင်တွယ် ခဲ့စဉ် တုန်းက ချန်ပီယံ လိဂ် ဝင်ခွင့် အောက် 11 မှတ် အကွာ ကို ရောက်ရှိ ခဲ့တဲ့ အချိန် မန်ချက်စတာ ယူနိုက်တက် မှ ထုတ်ပယ် ခံခဲ့ ရသူ ပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် တော့တင်ဟမ် ဟော့ စပါး အသင်း ကို ကိုင်တွယ် တဲ့ အချိန် မှာတော့ အရာရာ ဟာ ခြားနား လာ တော့မှာ ဖြစ်တဲ့ အကြောင်း မော်ရင်ဟို က ပြောကြား သွားခဲ့ လိုက် ပါတယ် ။ သူဟာ လွန်ခဲ့တဲ့ 11 လ တုန်းက ထက် ပိုကောင်းတဲ့ မန်နေဂျာ တစ်ဦး ဖြစ်လာ လိမ့်မယ် လို့ ယုံကြည် သလား ဆိုတာ အမေး ခံလိုက် ရတဲ့ အချိန် …

” ကျွန်တော် ကတော့ အဲ့လိုပဲ ထင်ပါတယ် ။ ကျွန်တော် ဟာ ကျွန်တော် ပါပဲ ၊ ဒါပေမယ့် ကျွန်တော့် ရဲ့ အခြေ အနေ တွေကို တွေးတော ချင့်ချိန် ဖို့ အတွက် အချိန် ရခဲ့ ပါတယ် ။ ကျွန်တော့် ရဲ့ နည်းပြ ဘဝ တစ်လျောက် မှာ အမှား တွေကို ကျူးလွန် ခဲ့တယ် ဆိုတာ ကျွန်တော် သိမြင် နားလည် ခဲ့ ပါတယ် ”

” ဒါ့ကြောင့် ကျွန်တော် ဟာ တူညီ တဲ့ အမှား တွေကို ဆက်လက် ကျူးလွန် တော့မှာ မဟုတ်တော့ ပါဘူး ။ ကျွန်တော် ဟာ သစ်လွင် တဲ့ အမှား တွေ ကိုပဲ ကျူးလွန် တော့မှာ ပါ ။ ကျွန်တော် နှိမ့်ချ ပြီး နေခဲ့ ပါတယ် ။ ကျွန်တော့် ရဲ့ နည်းပြ ဘဝ ကို ပြန်လည် ချင့်ချိန် ခဲ့တဲ့ အချိန် တွေမှာ ကျွန်တော် နှိမ့်ချ တွေးတော ခဲ့ ပါတယ် ”

” ကျွန်တော် ဟာ ပြီးခဲ့တဲ့ ခုနှစ် ( ယူနိုက်တက် အကြောင်း ) တစ်ခု ကိုပဲ တွေးနေ ခဲ့တာ မဟုတ် ပါဘူး ။ ကြံုတွေ့ ခဲ့တဲ့ ပြသနာ အားလုံး နဲ့ အဖြေ တွေရဲ့ အကြောင်း တွေကို တွေးတော နေခဲ့ တာပါ ။ ကျွန်တော် အခု လို ခွဲခြမ်း စိတ်ဖြာ ပြီး သုံးသပ် တဲ့ အခါ အခြေခံ ကျတဲ့ စည်းမျဉ်း တစ်ခု ကို ဘယ်သူ့ ကိုမှ အပြစ် မတင်ခြင်း ပါပဲ ”

” ကျွန်တော် က လူတွေ ကို အကြံပေး ရမယ့်သူ မဟုတ် ပါဘူး ။ ခေတ္တ အနားယူ ခဲ့ခြင်း တွေက ကျွန်တော့် အတွက် အရမ်း ကို အပေါင်း လက္ခဏာ ဆန်ခဲ့ ပါတယ် ။ အလုပ် မရှိ တဲ့ နွေ ရာသီ ကို ပိုင်ဆိုင် ခြင်းက ကျွန်တော့် အတွက် မကောင်း ပါဘူး ။ ကျွန်တော် ဒီ အချိန် တွေမှာ ပျောက်ဆုံး နေခဲ့ ပါတယ် ”

” ဒါပေမယ့် အဲ့တာ တွေက ကျွန်တော့် အတွက် ကောင်းခဲ့ ပါတယ် ။ ဒီ အချိန် တွေမှာ သတင်း တွေကို ဘယ်လို သုံးသပ် ရ သလဲ ဆိုတာ ကျွန်တော် လေ့လာ သိရှိ နိုင်ခဲ့ တယ်လေ ။ 11 လ ဆိုတာ ကျွန်တော့် အတွက် အချိန် ဖြုန်းခြင်း မဖြစ် ခဲ့ဘူး လို့ တွေးတော ခဲ့ ပါတယ် ။ ကျွန်တော့် အတွက် တွေးတော ဖို့ ၊ ပြင်ဆင် ဖို့ ၊ ခွဲခြမ်း စိတ်ဖြာ ဖို့ အချိန် တွေ ပိုင်ဆိုင် ခဲ့ရ ပါတယ် ”

” ခင်ဗျား ရဲ့ DNA ၊ ခင်ဗျား ရဲ့ အမှတ်အသား တွေကို ပျောက်ဆုံး သွားလို့ မရ ပါဘူး ။ ကောင်းတဲ့ အရာ တွေပဲ ဖြစ်ဖြစ် ၊ ဆိုးတဲ့ အရာ တွေပဲ ဖြစ်ဖြစ် ၊ ခင်ဗျား က ခင်ဗျား ပါပဲ ။ အနားယူချိန် တွေမှာ ကျွန်တော့် ရဲ့ ဘဝ အတွင်း အမှား တွေ များစွား ကျူးလွန် ခဲ့တယ် ၊ ဒါတွေ ရှေ့ဆက် မဖြစ်အောင် လုပ်ရမယ် ဆိုတာ ကို ကျွန်တော် ချင့်ချိန် သိမြင် ခဲ့ ပါတယ် ”

” ကျွန်တော် ပိုပြီး သန်စွမ်း လာခဲ့ ပါပြီ ။ ပိုပြီး သင့်တော် လာခဲ့ တာတော့ မဟုတ် ပါဘူး ၊ အသင့် အတင့် လောက် ပါပဲ ။ ဒါပေမယ့် စိတ် ခံစားချက်ပိုင်း ဆိုင်ရာ တွေမှာ ကျွန်တော် ဟာ ပိုပြီး သန်စွမ်း နိုင်ခဲ့ ပါပြီ ။ ကျွန်တော် ဟာ အေးအေးဆေးဆေး ပါပဲ ။ ဒါပေမယ့် ပိုမို တက်ကြွ နေ ပါတယ် ”

” ကျွန်တော် အသင့် ဖြစ်နေ ပါပြီ ၊ ဒါကို ကစားသမား တွေ နှစ်ရက် အတွင်း ခံစား သိမြင် ရပါ လိမ့်မယ် ။ ကျွန်တော် သူတို့ တွေကို ကူညီ ပေးဖို့ အသင့် ဖြစ်နေ ပြီ ဆိုတာ သူတို့ ခံစား မိပါ လိမ့်မယ် ။ ဒါဟာ ကျွန်တော့် အကြောင်း ပြော နေတာ မဟုတ်ဘူး နော် ”

” ဒါဟာ ကျွန်တော့် အကြောင်း တွေး နေရ တော့မယ် အခိုက်အတန့် တွေ မဟုတ်တော့ ပါဘူး ။ ဒါဟာ အသင်း ၊ ပရိသတ် တွေနဲ့ ကစားသမား တွေ အကြောင်း တွေးတော ရမယ့် အခိုက်အတန့် ပါပဲ ။ ကျွန်တော် ဒီမှာ ကြိုးစား ပြီး အားလုံး ကို ကူညီ နိုင်ဖို့ လုပ်ဆောင်ရ တော့မှာပါ ” လို့ မော်ရင်ဟို က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar