လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ပြောင်းရွှေ့ ဖို့ ကောလဟာလ သတင်း တွေ ကျယ်လောင်စွာ ထွက်ပေါ် နေခဲ့ မှု အပေါ် ဘုန်းမောက် စတား ကလမ် ဝီလ်ဆင် က ပြန်လည် တုန့်ပြန် သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ဘောလုံး ရာသီ အတွင်း မှာ ကွင်းလယ် နဲ့ တိုက်စစ်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည် တွေ တိုးတက် ကောင်းမွန် လာဖို့ လိုအပ် နေ သေးတဲ့ အတွက် တိုက်စစ် နဲ့ ကွင်းလယ် ကစားသမား ကောင်းတွေ ကို စောင့်ကြည့် နေခဲ့ ပါတယ် ။

အဆိုပါ အကြောင်းအရာ နဲ့ ပတ်သက် လို့ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဆိုးလ်ရှား ကလည်း လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ကစားသမား နှစ်ဦး ခန့်ကို ခေါ်ယူ သွားနိုင်ဖွယ် ရှိ နေတဲ့ အကြောင်း မကြာ သေးခင် က အရိပ်အမြွတ် ပြောကြား ထားခဲ့ ပါ သေးတယ် ။

” ဟုတ်ပါတယ် ၊ ကျွန်တော် တို့ဟာ အလက်ဆစ် နဲ့ ရွမ် တို့ကို ထွက်ခွာ ခွင့် ပြုခဲ့ ကြ ပါတယ် ။ ဒါ့ကြောင့် ကျွန်တော် တို့ နောက်ထပ် အင်အား ဖြည့်တင်း သွားမယ့် နေရာ က တိုက်စစ် ပါပဲ ဆိုတာ ကို သိရှိ နိုင်ရေး အတွက် ဒုံးပျံ ပညာရှင် ဖြစ်နေ စရာ မလို ပါဘူး ”

” ကျွန်တော် တို့ဟာ ဖန်တီး နိုင်မုှ နဲ့ သွင်းဂိုး တွေကို ရရှိ နိုင်ဖို့ ရှေးရှု နေကြ ပါတယ် ” လို့ ဆိုးလ်ရှား က အပြောင်း အရွှေ့ နဲ့ ပတ်သက် လို့ ပြောကြား ခဲ့တာ ပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန် မှာတော့ ယူနိုက်တက် ဟာ ဒီ နေရာ အတွက် ကစားသမား အတော် များများ ကို စောင့်ကြည့် နေတယ် လို့ သတင်း တွေ ထွက် နေခဲ့ ပါတယ် ။

အဆိုပါ ကစားသမား တွေ ထဲမှာ တော့ ဘုန်းမောက် အသင်း နဲ့ အတူ ခြေစွမ်း ကောင်းတွေ ပြသရင်း အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ ပဏာမ ကစားသမား စာရင်း မှာ ရွေးချယ် ခံနေ ခဲ့ ရတဲ့ တိုက်စစ် တိုက်စစ်မှူး ကလမ် ဝီလ်ဆင် လည်း ပါဝင် ခဲ့ ပါတယ် ။

ဘုန်းမောက် စတား ဟာ ဒီ ရာသီ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ သွင်းဂိုး 5 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ ပါတယ် ။ အခုတော့ သူ့ရဲ့ အနာဂတ် အကြောင်း မေးမြန်း ခံ ရတဲ့ အချိန် မှာ ဘုန်းမောက် စတား က အပြောင်း အရွှေ့ သတင်း တွေနဲ့ ပတ်သက် လို့ ငြင်းဆန် စကား ဆိုသွား ခဲ့ ပါတယ် ။

” လူတွေ က ရေးချင် တာ ရေးသား ထားတဲ့ သတင်း တွေကို ဖတ်ရှု ပြီး ကျွန်တော့် ဆီကို ရောက်ရှိ လာတက် ကြ ပါတယ် ။ ကျွန်တော် ကတော့ ခင်ဗျား တို့ ကျွန်တော့် အကြောင်း ကို သိရှိ ထားတဲ့ အတိုင်း ပဲ အမြဲ ရှိနေ တက်တဲ့ လူစား ပါပဲ ။ အဲ့ဒီလို ကောလဟာလ သတင်း တွေကို ကျွန်တော် နားမယောင် တက် ပါဘူး ”

” ကျွန်တော် ဟာ အပြောင်း အရွှေ့ ကောလဟာလ သတင်း တွေနဲ့ ပတ်သက်တဲ့ စာဆောင် တွေ ၊ တွစ်တာ ပေါ်က သတင်း တွေကို ဖတ်လေ့ မရှိ ပါဘူး ။ ကျွန်တော် ဟာ ကိုယ့်ရဲ့ အလုပ် အပေါ် အပြည့်အဝ အာရုံစိုက် နိုင်ဖို့ ပဲ တွေးနေ တက်သူ တစ်ယောက် ပါ ”

” ကျွန်တော် ဟာ ဘုန်းမောက် အသင်း နဲ့ စာချုပ် ရှိနေ တဲ့သူ တစ်ဦး ပါ ။ ဒါ့ကြောင့် ကျွန်တော် ဒီ အသင်း အတွက် အစွမ်းကုန် ပေးဆပ် ရ ပါ့မယ် ။ ကျွန်တော့် ရဲ့ ပွဲစဉ် တွေကို ဘယ် အရာ ကမှ နှောက်ယှက် ခွင့် မပေး နိုင်အောင် ကျွန်တော် ကြိုးစား နေတက် ပါတယ် ” လို့ ဝီလ်ဆင် က အနာဂတ် အကြောင်း မေးမြန်း ခဲ့တဲ့ မေးခွန်း ကို အခုလို ပြန်လည် တုန့်ပြန် သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar