ယမန်နှစ်ရာသီက ပရီးမီးယားလိဂ်ပြိုင် ပွဲဟာ နောက်ဆုံး ပွဲစဉ် အထိ အကြိတ် အနယ်ရှိခဲ့ ပြီး ချန်ပီယံဆု အတွက်အတော်လေးကို စိတ်လှုပ်ရှား စောင့်ကြည့်ခဲ့ကြရတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ မန်စီးတီး အသင်းက လီဗာပူးအသင်းကို ရမှတ်၁ မှတ်အသာနဲ့ ပဲ ကျော်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ အခုရာသီ အစပိုင်းမှာ လည်း အတော်လေးကို အပြိုင်အဆိုင် ဖြစ် နေခဲ့ပြီး ချန်ပီယံဆုအတွက် ရေပန်း အစားဆုံး အသင်း တွေအဖြစ် ထိပ်ဆုံး ကနေ ဆက်ပြီး ရှိနေခဲ့ကြပါတယ်။ဒါပေမယ့် နည်းပြကလော့ပ်ရဲ့ လီဗာပူး အသင်းက အခုထိ ရှုံးပွဲမရှိကစားထားပြီး ဂွာဒီယိုလာရဲ့ မန်စီးတီးတို့ကတော့ရှံုးပွဲ၃ ပွဲအထိ ကြုံတွေ့ခဲ့ပြီးပြီဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူး အသင်းကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရလို့ နှစ်သင်းကြား ရမှတ်ကွာဟချက် ၉မှတ်အထိတောင်ရှိသွားခဲ့ပါတယ်။ဒါ့အပြင် မန်စီးတီးတို့ဟာအဆင့် ၄နေရာ အထိ ကျရောက်သွားခဲ့ပြီး အဆင့် ၂မှာ ပူးတွဲရပ်တည်နေကြတဲ့ လက်စတာ၊ ချဲဆီးလ်တို့ရဲ့ အောက် ၁မှတ်လျော့နည်းနေပါတယ်။

ပွဲစဉ် ၁၂ အပြီး မှာ အခုလို အနေအထား မျိုး ရောက်နေပေမယ့် ချန်ပီယံ ဆုအတွက် ပြောဖို့ ခက်နေသေးတယ်လို့ နှစ်ဖက် အသင်းတွေနဲ့ ပတ်သက်သူတွေက အင်တာဗျူးတွေမှာအသီးသီးထုတ်ပြောထားကြပါတယ်။လီဗာပူးတို့ဟာမန်ရာသီနှစ်တုန်းကလည်း ဒုတိယရာသီဝက်အတွင်း ရမှတ်အထိဖြတ်ပြီးဦးဆောင်နိုင်ခဲ့ပေမယ့် မထိန်းနိုင်ခဲ့တဲ့ သာဓက ကြောင့်လည်း အခုလို ယူဆနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူး တို့ဟာ နှစ်ပေါင်း ၃၀ ကြာဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံ ဆုကြီးကို တဖန် ပြန်ရဖို့အတွက် အကောင်းဆုံး စိတ်ဓာတ်၊ ခြေစွမ်းတွေ နဲ့ ကြိုးစားနေပြီး ဒုတိယနေရာက လက်စတာ၊ ချဲဆီးလ် အသင်းတွေကို လည်း၈ မှတ်အထိ အသာရနေပါတယ်။ဒါကြောင့် လည်း မန်စီးတီး နည်းပြဟောင်းတဦးဖြစ်တဲ့ အဲရစ်ဆင်ကိုယ်တိုင်ကတောင် ချန်ပီယံဆုအတွက် လီဗာပူး အသင်းကို ထောက်ခံ စကားဆိုသွားခဲ့ပါတယ်။

Sky Sports နဲ့ အင်တာဗျူးမှာ အဲရစ်ဆင်က – ” ဒီရာသီဟာ သူတို့ ( လီဗာပူး ) အသင်းအတွက် ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်ဟာ လီဗာပူး ပရိသတ်တဦး ဖြစ်ပါတယ်။ ဘဝ တလျှောက်လုံးမှာသူ့တိုကိုပဲ အမြဲတမ်းအားပေးလားခဲ့တာဖြစ်ပါတယ်။

ကလော့ပ် လုပ်ဆောင်နေတာတွေက အံ့မခန်းပါပဲ။သူ့ရဲ့ လီဗာပူး အသင်းဟာအရမ်းကောင်းမွန်တဲ့ ဘောလုံး ကစားပုံနဲ့ ကစားနေပါတယ်။အရေးနိမ့်ပြီး အောက်ရောက်နေရင်တာင် ပြန်လာနိုင်ဖို့ ကြိုးစားတဲ့ အားကစားစိတ်ဓာတ်ကို ပိုင်ဆိုင်ထားပါတယ်။

 

ဒီနှစ်မှာ ပရီးမီးယား လိဂ်ဖလားကို လီဗာပူး အသင်းရရှိမယ်ဆိုတာ ကျွန်တော် ကျိန်းသေပြောရဲပါတယ်။အဲ့ဒီ အတွက် အချိန်အခါ လည်း ရောက်နေပါပြီ။သူတို့ဟာ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း
အတော်လေး ကောင်းကောင်းကို ကစားနိုင်ခဲ့ကြပါတယ်။

ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ တာကြောင့်လည်း ပိုပြီးရင့်ကျက်တဲ့ပုံပေါ်နေပြီး လုပ်ဆောင်နေတာတွေအပေါ် ယုံကြည်မှုတွေလည်း ရှိနေပါတယ်။သူတို့က အကောင်းဆုံးအသင်းဖြစ်တယ်ဆိုတာကို ယုံကြည်ချက်ရှိကြပြီး အရေးနိမ့်နေတဲ့ပွဲတွေမှာတောင်ပြန်လာနိုင်စွမ်းရှိကြပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

နိုင်ငံ တကာ ပွဲတွေကြောင့် တပတ်ကြာ ရပ်နားထားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ တွေကို အခုအပတ် စနေ ၊ တနင်္ဂနွေနဲ့ တနင်္လာ နေ့တွေ မှာ ပြန်ပြီး ကစားသွားကြမှာဖြစ်ပါတယ်။ရှံုးပွဲမရှိကစားထားပြီးအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ လီဗာပူးအသင်းကတော့ ပဲလေ့စ်ကို အဝေးကွင်းမှာသွားကစားရမှာဖြစ်ပါတယ်။

SPORTS MYANMAR