လီဗာပူး အသင်းရဲ့ နည်းပြ ကလော့ပ် ကတော့ သူသာ အသင်းမှာ အချိန်တွေ အကြာကြီး ဆက်ရှိဖြစ်မယ် ဆိုရင် မေလ်နာ လို ကစားသမားမျိုး အတွက် လူငယ်အသင်းမှာ နည်းပြလုပ်ဖို့ တံခါးဖွင့်ထားမယ့် အကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

မေလ်နာ ဟာ လက်ရှိမှာ အသက် 33 နှစ် အရွယ် ရှိနေပြီ ဖြစ်သော်လဲ ၊ လီဗာပူး အသင်းသားတွေ အကြားမှာ ကြံ့ခိုင်မှု အကောင်းဆုံး ဘောလုံးသမား အဖြစ် ရှိနေဆဲ ဖြစ်သလို ၊ ကွင်းလယ် တစ်ကြောမှာ မမောမပန်း နဲ့ မာမာထန်ထန် ကစားပြလျှက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဘရန်းဖို့ဒ် အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး 2 ဂိုးကိုလဲ 3 မီးနစ် အတွင်းမှာ ဆက်တိုက် သွင်းယူ ပေးခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ သူ့ရဲ့ ကောင်းမွန်လွန်းတဲ့ ကြံ့ခိုင်မှု အနေအထားကြောင့် ယခင်က စွယ်စုံရ ကစားသမားကြီး ရဲ့ နေရာမှာ စက်ရုပ်လူသားကြီးလို့ လီဗာပူး ပရိသတ်တွေက ခေါ်ဝေါ် သမုတ်လျှက် ရှိနေပါတယ်။

မနေ့ညက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မေလ်နာ သာ ဘောလုံး သမားဘ၀ က အနားယူသွားခဲ့ရင် ၊ ကလပ် အနေနဲ့ ဘယ်လို အစီအစဉ်တွေ နဲ့ ကမ်းလှမ်းဖို့ စိတ်ကူးထားလဲ လို့ မေးမြန်းရာမှာတော့ ကလော့ပ် က

“ မေလ်နာ လို ဘောလုံး သမား တစ်ယောက်ကို အလွတ်နဲ့ ခေါ်ယူလို့ ရရဲ့ သားနဲ့ အခြား ပရီးမီးယားလိဂ် ကလပ်တွေက ခေါ်ယူဖို့ တွန့်ဆုတ်နေခဲ့ကြလဲ မသိဘူးဗျ။ သူ့ရဲ့ အသင်းဟောင်းတွေ ကတောင် လေစ မထိုးခဲ့ပါဘူး ထင်ပါတယ်။။ ဒီလို အနေအထားမှာ လီဗာပူးက ယုံယုံကြည်ကြည် နဲ့ ခေါ်ယူလိုက်တဲ့ အတွက် ၊ ကောင်းမွန်တဲ့ လှုပ်ရှားမှု တစ်ခုလို့ ချီးကျူး ရမှာပါ။

အခုချိန်မှာ လီဗာပူးဟာ မေလ်နာကို အခမဲ့ ခေါ်ယူခဲ့တာလို့ ပြောရင် ၊ ဘောလုံး ပရိသတ်တွေ အားလုံး အံ့အားသင့်နေကြဦးမှာ သေချာပါတယ်။

သူဟာ ကျနော် တို့ အတွက် အရမ်း အရမ်းကို အရေးပါတဲ့ ဘောလုံး သမားတစ်ယောက်ပါ။ လွန်ခဲ့တဲ့ နှစ်နှစ် လောက်က သူဟာ ဘယ်နောက်ခံလူနေရာမှာတောင် ကစားပေးခဲ့သေးတာလေ။

အခုချိန် ပြန်စဉ်းစားကြည့်တော့ အဲဒီလို နေရာ ပြောင်းကစားလိုက်တာ ကလဲ သူ့အတွက် အထောက်အကူတွေ အများကြီး ဖြစ်သွားခဲ့ ပါတယ်။

စိတ်နေစိတ်ထားတွေ ၊ အလုပ်အပေါ် အာရုံစိုက်မှုတွေ ၊ စီနီယာ ကစားသမား ပီသမှုတွေ ကတော့ ပြိုင်စံရှားပါပဲ။ အားကစား ဆိုတော့ 33 နှစ် လောက်ရောက်တာနဲ့ အသက်အရွယ် ကြီးလာပြီလို့ သတ်မှတ်ကြပေမယ့် ၊ မနေ့က သူ့ရဲ့ ဓါတ်ပုံကို ခင်ဗျားတို့ မြင်လိုက်ရတယ်မို့လား။ (ရယ်လျှက်)

ကျနော့် စိတ်ထဲမှာတော့ သူဟာ လက်ရှိ ခြေစွမ်းမျိုး နဲ့ နှစ် အနည်းငယ် ကစားပေးနိုင်ဦးမှာပါ။ သူက ဘောလုံး သမားဘ၀ အနားယူသွားတဲ့ အချိန်ရောက်ရင် ဘယ်လို စီစဉ်ထားလဲ ဆိုတာ သေချာ မသိပေမယ့် ၊ ကျနော့် ဘက်ကတော့ သူ့လို စိတ်ဓါတ်ခံယူချက် လူတစ်ယောက် အတွက် ၊ အသင်းမှာ နေရာ တစ်နေရာ ပြန်လည် ဖန်တီးပေးဖို့ အမြဲတမ်း အသင့်ပါပဲဗျာ။ ကျနော်ကလဲ နည်းပြ အဖြစ် ဆက်ရှိနေတဲ့ အချိန်မျိုး ဆိုရင်ပေါ့…..

သေချာတာက လီဗာပူး ရဲ့ လက်ရှိ တိုးတက်မှု အနေအထားတွေဟာ မေလ်နာ လို ဘောလုံးသမား တစ်ယောက်ရဲ့ အကူအညီ မပါပဲ လုံးဝ ကို မဖြစ်နိုင်ပါဘူး။ ကျနော် ဆို အ၀တ်လဲခန်းထဲမှာ MotivationTalk တွေ ပြောဖို့ လိုအပ်လာပြီ ထင်တဲ့ အချိန်မျိုး ဆိုရင် မေလ်နာ ကို မကြာခဏ ပြောခိုင်းလေ့ ရှိပါတယ်။

သူဟာ အသင်းရဲ့ Leader တွေထဲက တစ်ယောက် ဖြစ်သလို ၊ ဘယ်တော့မှာ အလုပ်ကို လျှော့ပြီး လုပ်တတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ ကွင်းထဲမှာ ကစားတဲ့ သူ့ပုံစံအတိုင်း ၊ လေ့ကျင့်ရေးကွင်းမှာလဲ ကစားလေ့ရှိတဲ့သူပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM