ချယ်လ်ဆီး အသင်း ဟာ မနက်ဖြန် ည ၁၂ နာရီ မှာ အမှတ်ပေး ဇယား အဆင့် ၄ နေရာ က လက်ရှိ ချန်ပီယံ မန်စီးတီး အသင်း ကို အီတီဟတ်ကွင်း မှာ သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ် ။ International break မတိုင်ခင် မှာ ဒီ ၂သင်း ရဲ့ ပရီးမီးယားလိဂ် အဆင့် ရပ်တည်မှု ပြောင်းလဲ ခဲ့ရပြီး ယခု တခေါက် ထိပ်တိုက် ရင်ဆိုင်မှု မှာ ဘယ် အသင်း က အသာစီး ရသွားမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

အိမ်ရှင် မန်စီးတီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ အဓိက ကစားသမား ၂ဦး ဖြစ်တဲ့ ခံစစ်မှူး လာပေါ့တ် ၊ တောင်ပံ တိုက်စစ် ကစားသမား လီရွိုင်း ဆာနေး တို့ကို ကာလရှည် ဒဏ်ရာ တွေနဲ့ အသီးသီး လက်လွှတ် ထားခဲ့ရပါတယ် ။ ဆာနေး ထက် စာရင် ခံစစ် မှာ မရှိမဖြစ် လိုအပ်တဲ့ လာပေါ့တ် ကို ဆုံးရှုံး လိုက်ရပြီး နောက်ပိုင်း မှာ မန်စီးတီး အသင်း ရဲ့ တည်ငြိမ်မှု တွေ လျော့ကျ လာခဲ့ပါတယ် ။

တဖက်မှာ ချယ်လ်ဆီး အသင်း ကတော့ လီဗာပူး ကို အိမ်ကွင်း မှာ အရေးနိမ့် အပြီး တောက်လျှောက် ရလဒ် တွေ ကောင်းမွန် နေခဲ့ကာ ၊ အခုလို အဆင့် ၃ နေရာ ကို တက်ရောက် လာခဲ့ပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ ခရစ်စတယ် ပဲလေ့စ် အသင်း နဲ့ ပွဲစဉ် မှာ အားထား ရတဲ့ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် တင်ကြွက်သား ဒဏ်ရာ ရခဲ့ပါတယ် ။

အမေရိကန် လက်ရွေးစင် အသင်း ကလည်း ၎င်းတို့ရဲ့ အဓိက ကစားသမား တဦး ဖြစ်တဲ့ ပူလီဆစ် ကို ရေရှည် ဒဏ်ရာ မဖြစ်စေချင်တာကြောင့် လန်ဒန် သို့ ပြန်လည် စေလွှတ်ပြီး အနားယူ စေခဲ့ပါတယ် ။ အခြား လူငယ် တောင်ပံ ကစားသမား တယောက် ဖြစ်တဲ့ ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ကစားပေးရင်း ပေါင်ကြွက်သား ဒဏ်ရာ ရလာခဲ့တယ် လို့ လမ်းပတ် က ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲ မှာ အတည်ပြု ပြောဆို ခဲ့ပါတယ် ။

ပူလီဆစ် ကတော့ မနက်ဖြန် ပွဲစဉ် မှာ ပြန်ပါနိုင်ကြောင်း ကို လမ်းပတ် က ” ခရစ်တီယန် ဟာ နိုင်ငံ ပွဲစဉ် တွေ အတွက် မကစားပေးခဲ့ရပါဘူး ။ ကျွန်တော် တို့ဟာ အမေရိကန် လက်ရွေးစင် အသင်း နည်းပြ နဲ့ ဆေးအဖွဲ့ဝင် တွေနဲ့ စကား ပြောကြည့်ခဲ့ပြီး ၂ဦး ၂ဖက် အပြန်အလှန် လေးစားမှု နဲ့ ခရစ်တီယန် ကို အနားပေး ခဲ့တာ ဖြစ်ပါတယ် ။ သူဟာ နောက်ဆုံး ကစားခဲ့တဲ့ ခရစ်စတယ် ပဲလေ့စ် နဲ့ ပွဲစဉ် မှာ အနည်းငယ် ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ် ။ ”

” သူ့ကို ကြည့်ရတာ ပွဲအတွင်း ရုန်းကန် ခဲ့ရသလိုပါပဲ ။ ဒါကြောင့်မို့ ဂိုးသွင်းပြီးပြီးချင်း သူ့ကို လူစားလဲ ခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမယ့် ခရစ်တီယန် ဟာ အခု တပတ် မှာ ပြန်ပြီး လေ့ကျင့်မှု တွေ စတင် နေပါပြီ ။ ဒါကြောင့်မို့ မနက်ဖြန် ပွဲစဉ် အတွက် သူ ပြန်ပါနိုင်ပါတယ် ။ ကော်လမ် ( ဟတ်ဒ်ဆန် အိုဒွိုင်း ) ကတော့ အင်္ဂလန် လက်ရွေးစင် အသင်း နဲ့ ပူးပေါင်း ပြီးတဲ့နောက် ပေါင်ခြံ အပိုင်းမှာ ပြဿနာ တချို့ ရှိနေပါတယ် ။ ”

” ဒီ တပတ် ပွဲစဉ် အတွက်တော့ သူ ကစား ပေးနိုင်ဦးမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် သူ့ ဒဏ်ရာ က အချိန်တို အတွင်း ပျောက်ကင်းဖို့တော့ မျှော်လင့် ထားပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ပြိုင်ဖက် မန်စီးတီး အသင်း ဖက်ကတော့ အဓိက တောင်ပံ ကစားသမား ဘာနာဒို ဆေးလ်ဗား ဟာ အသင်းဖော် မန်ဒီ ကို လူမျိုးရေး ခွဲခြားမှု ကြောင့် မနက်ဖြန် ပွဲစဉ် ကို လွဲချော်မှာ ဖြစ်ပေမယ့် လီဗာပူး နဲ့ ပွဲကို ဒဏ်ရာကြောင့် လွဲချော် ခဲ့တဲ့ ဂိုးသမား အီဒါဆင် ကတော့ ချယ်လ်ဆီး နဲ့ ပွဲမှာ ပြန်ပါမယ် လို့ မန်စီးတီး နည်းပြ ပတ် ဂွာဒီယိုလာ က အတည်ပြု ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR