ယာဂန်ကလော့ဟာ ယနေ့ည လီဗာပူး တို့ ဆဲဟတ်ပက် ကို သွားရောက် ကစားတဲ့ အခါ စိတ်အားထက်သန် နေမယ့် ခရစ်စတယ်ပဲလေ့စ် နဲ့ သူတို့ရဲ့ အိမ်ကွင်း ပရိတ်သတ် ကို မျှော်လင့် နေပါတယ်။ လီဗာပူး ဟာ နိုင်ငံတကာ ပွဲစဉ်တွေ ပြီးဆုံး ပြီးနောက် အဆင့် ၁၂ နေရာက ခရစ်စတယ်ပဲလေ့စ် နဲ့ အစမ်းသပ် ခံရတော့မှာ ဖြစ်ပါတယ်။

အီးဂဲလ် တို့ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ် နဲ့ တိုက်စစ်ပိုင်း ခြိမ်းခြောက်မှု အန္တရာယ် တွေကြောင့် ကလော့ က သူ့ ကစားသမားတွေ အနေနဲ့ အနိုင် ၃ မှတ် ရယူ နိုင်ဖို့ အတွက် ဆိုရင် အကောင်းဆုံး ပုံစံ ရနေမှ ဖြစ်မယ် ဆိုတာ ကောင်းကောင်း သဘောပေါက် နေပါတယ်။

ကလော့ က “ဒါဟာ သူတို့ရဲ့ အရည်အသွေး ပါပဲ။ သူတို့ရဲ့ အိမ်ကွင်း ပွဲတွေဟာ တကယ့် စပယ်ရှယ် ပါပဲ။ ဘာလို့လဲ ဆိုတော့ ဆဲဟတ်ပက်ရဲ့ အငွေ့အသက်ဟာ တကယ် ကောင်းပြီး သူတို့ဟာ ပြိုင်ဘက်ကို ခက်ခဲ စေပါတယ်။ ဒါဟာ စပယ်ရှယ် နေရာ ဆိုတာ ၁၀၀% သေချာ ပါတယ်။ သူတို့ဟာ နွေရာသီ တုန်းက အရမ်း ကောင်းတဲ့ အပြောင်းအရွေ့တွေ မလုပ် ခဲ့ပေမယ့် သူတို့ရဲ့ အတူတကွ အလုပ်လုပ်တာ ကြာနေမှု နဲ့ တစ်ဦး အကြောင်း တစ်ဦး ပိုသိလာခြင်းဟာ အသင်းကို တိုးတက် စေပါတယ်။ အထူးသဖြင့် ရွိုင်းလို ဝါရင် မန်နေဂျာ ရှိနေတာ ကြောင့်ပါ။ ဒါဟာ အတော် အလုပ် ဖြစ်ပါတယ်။

သူတို့ဟာ ဒီရာသီ ကို ကောင်းစွာ စတင် နို်င်ခဲ့ ပေမယ့် သူတို့ တွေ့ခဲ့တဲ့ ပြိုင်ဘက် တွေဟာ အခြား သူတွေ ထင်သလောက် မရိုးရှင်း ပါဘူး။ ဒါပေမယ့် သူတို့ဟာ အားလုံးကို ခက်ခဲအောင်တော့ လုပ်နိုင် ခဲ့ပါတယ်။ လက်စတာ နဲ့ ပွဲကို ကျွန်တော် မိနစ် ၉၀ လုံး ကြည့်ဖြစ် ခဲ့တဲ့ အပြင် အခြား ပွဲတွေ မှာလည်း ကျွန်တော် တွေ့ခဲ့တာတွေ ရှိပါတယ်။ သူတို့ဟာ အခု ဆိုရင် အလုပ်အတူ တွဲလုပ်လာတာ ကြာနေပြီ ဖြစ်တဲ့ အတွက် သူတို့ရဲ့ ကစားဟန်ဟာ ပိုသိသာ လာပါပြီ။ သူတို့ ခံစစ် ဘယ်လို ကစားသလဲ ၊ ဘယ်လို တန်ပြန် တိုက်စစ် ဆင်သလဲ ဆိုတာ ကိုပေါ့။ သူတို့ဟာ ဘယ်လိုပဲ ဖြစ်ဖြစ် ခက်ခဲမှုကို ပေးနိုင်ပါတယ်။

ခရစ်စတယ်ပဲလေ့စ် အနေနဲ့ အိမ်ကွင်းမှာ ကစား ရပေမယ့် ကျွန်တော်တို့နဲ့ တွေ့ဆုံ ရာမှာ သူတို့ဟာ ဘောလုံး ပိုင်ဆိုင်မှု ၇၀% ၈၀% ရှိမယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သူတို့ဟာ ခံစစ်ကို ကျစ်လစ်စွာ ကစားပြီး သိကြတဲ့ အတိုင်းပဲ တန်ပြန် တိုက်စစ် ကနေ ကောင်းကောင်း ခြိမ်းခြောက်မှု ပေးသွား မှာပါ။ ဒါဟာ သူတို့ ရှိတဲ့ အရည်အသွေးနဲ့ အတူ ပြိုင်ဘက်ကို ခက်ခဲ စေပါတယ်။ ခင်ဗျား အနေနဲ့ ဇာဟာ ၊ တောင်ဆန်း နဲ့ အယူ တို့ရဲ့ တန်ပြန် တိုက်စစ်ကို စဉ်းစား ကြည့်မယ် ဆိုရင် သူတို့ကို တားဆီး ရတာ တကယ် ခက်ခဲမယ်လို့ပဲ တွေးမှာပါ။ ကျွန်တော်တို့ အနေနဲ့ ဒီအတွက် ဖြေရှင်းချက် ရှာဖွေ ရပါမယ်။ ဒါဟာ စိတ်ဝင်စား စရာ ပါပဲ။’ လို့ ဆိုလိုက် ပါတယ်။

လီဗာပူးဟာ ဒုတိယ နေရာကို ရယူ ထားခဲ့တဲ့ လက်စတာ စီးတီး အသင်း ထက် ၈ မှတ် အသာ ရနေတဲ့ အနေအထား ကနေ လန်ဒန်တောင်ဘက် ကို ခရီးနှင် ရမှာပါ။ ဒီလို ထိပ်ဆုံးမှာ ရပ်တည် နေပေမယ့် ကလော့ က သူ့အသင်းဟာ လာမည့် ပွဲ တစ်ပွဲချင်းစီ ကိုသာ အာရုံစိုက် သွားမယ်လို့ ဆိုလိုက် ပါတယ်။

ကလော့ က “ကျွန်တော်တို့ title race အကြောင်းကို မတွေး ပါဘူး။ ကျွန်တော်တို့ အတွက် အကြီးမားဆုံး စိန်ခေါ်မှု ကတော့ ဒါနဲ့ ပက်သက်တဲ့ မေးခွန်းတွေ တောက်လျှောက် ရင်ဆိုင် နေရတာ ပါပဲ။ ဒါက လွဲပြီး အားလုံးဟာ သာမန် ရာသီ တစ်ခု ပါပဲ။ ကျွန်တော်တို့ အနေနဲ့ ရာသီ တစ်ခုမှာ ဘယ်နေရာ မှာ ရှိနေ ရမလဲ ဘာညာ ဆိုပြီး မသတ်မှတ် ပါဘူး။

ကျွန်တော်တို့ တက်နိုင်သမျှ အကောင်းဆုံးသာ ကစား သွားမှာပါ။ ကျွန်တေ်ာတို့ တက်နိုင်သမျှ အမှတ်တွေ အများကြီး ရဖို့ အတွက် ကြိုးစား သွားမှာပါ။ စိန်ခေါ်မှု ကတော့ ကျွန်တော်တို့ ကစား သွားရမယ့် လာမည့် ၂၆ ပွဲ ပါပဲ။ နောက်စိန်ခေါ်မှု က ခရစ်စတယ်ပဲလေ့စ် ပါပဲ။ ဒါဟာ စိန်ခေါ်မှု ဆိုတာ လူတိုင်း သဘောပေါက် မှာပါ။ ဒီစိန်ခေါ်မှု တွေဟာ ကြီးမားလှ ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အခြား အရာတွေကို မလို အပ်ပါဘူး။ ကျွန်တော်တို့ အခြား ဘာမှ မတွေး ပါဘူး။” လို့ ဆိုလိုက် ပါတယ်။

SM