ဒီ တစ်ပါတ် အတွင်း ပရီးမီးယား လိဂ်မှာ အထူး ပြောစရာ ဖြစ်ခဲ့ ရတာ ကတော့ တော့တင်ဟမ် ဟော့ စပါး အသင်း မှ ငါးနှစ်ခွဲ အထိ ကိုင်တွယ် ပြီး ချန်ပီယံ လိဂ် ဖိုင်နယ် အဆင့် ထိ ရောက်ရှိ အောင် ကူညီ ပေးနိုင် ခဲ့တဲ့ နည်းပြ ပိုချက်တီနို ကို ရာထူး မှ ရုတ်တရက် ထုတ်ပယ် လိုက်ခြင်း ပါပဲ ။

ဒါ့အပြင် စပါး အသင်း ရဲ့ ဥက္ကဋ္ဌ ဒန်နီယယ် လီဗီ မှ ပိုချက်တီနို ကို ထုတ်ပယ် အပြီး 24 နာရီ အတွင်း မှာပဲ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့ရဲ့ နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို ကို နည်းပြ အသစ် အဖြစ် ထင်မှတ် မထားပဲ ခန့်အပ် လိုက်ခြင်း က ပိုပြီး ပြောစရာ ဖြစ်ခဲ့ ရ ပါတယ် ။

မော်ရင်ဟို ဟာ ယူနိုက်တက် အသင်း မှ ထွက်ခွာ ခဲ့ပြီး နောက် 11 လ အကြာ အထိ နည်းပြ လောက နဲ့ ကင်းကွာ ခဲ့ပြီး သတင်း သုံးသပ်သူ တစ်ဦး အဖြစ် Sky Sports မှာ လုပ်ကိုင် နေခဲ့ သူပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ မြက်ခင်းစိမ်း နဲ့ ပြန်လည် ထိတွေ့ ခွင့် ရရှိ ပါ တော့မယ် ။

တော့တင်ဟမ် ဟာ စနေ နေ့ ညရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ဝက်စ်ဟမ်း အသင်း နဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပြီး ဒါဟာ မော်ရင်ဟို အတွက် စပါး နည်းပြ ဘဝ ပထမဆုံး ကိုင်တွယ် ရမယ့် ပွဲစဉ် ဖြစ်တာ ကြောင့် အဝေး ကွင်းမှာ တာထွက် ကောင်းဖို့ လိုအပ် နေ ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ မော်ရင်ဟို က သူဟာ အကယ်ဒမီ ကစားသမား တွေကို တိုးတက် ကောင်းမွန်အောင် လုပ်ပေူ ရမယ့် သူ မဟုတ်ကြောင်း ၊ ယူနိုက်တက် ကို ကိုင်တွယ် ခဲ့စဉ် ယူ 23 အသင်း မှ တန်းဆင်း ခဲ့ရ ခြင်းက စိတ်ပျက်ဖွယ် ဖြစ်ခဲ့ ရကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” လူငယ် ကစားသမား တွေ အတွက် ပိုမို ကောင်းမွန် တဲ့ အခွင့် အရေး နဲ့ အနေအထား တွေကို ဖန်တီး ပေးနိုင်စွမ်း ရှိတဲ့ အသင်း တွေ ရှိနေ ကြ ပါတယ် ။ ဥပမာ အနေနဲ့ ပြောကြား ရမယ် ဆိုရင် ကျွန်တော် ယူနိုက်တက် ကို ရောက်ရှိ ခဲ့စဉ် တုန်းက ယူ 23 အသင်း ဟာ တန်းဆင်း နေခဲ့ တယ်လေ ”

” အသင်း တစ်သင်း ဟာ တန်းဆင်း နေပြီ ဆို ကတည်းက အဲ့ဒီမှာ အရည်အသွေး ကောင်းတွေ မရှိလို့ ဆိုတာ အလွယ်လေး သိမြင် နိုင် ပါတယ် ။ လူငယ် တွေရဲ့ အရည်အသွေး ကောင်း တွေဟာ ဘယ်မှာ ရှိနေ ခဲ့ သလဲ ? ”

” ဒါ့ကြောင့်လည်း ကျွန်တော် တို့ တွေဟာ လူငယ် ကစားသမားလေး တွေကို အသင်းကြီး ဆီ ခေါ်ဆောင်ခြင်း ၊ ရာသီ ကြို အတွင်း US မှာ ကစား စေခြင်း ၊ တစ်ကယ့် ထိပ်တန်း အသင်း တွေ ဖြစ် ကြတဲ့ ရီးယဲ မက်ဒရစ် ၊ လီဗာပူး ၊ အေစီ မီလန် အသင်း တွေနဲ့ ပွဲမှာ ထည့်သွင်း ကစား စေရင်း နောက် တစ်ဆင့် တက်ရောက် စေလို ခဲ့ကြ ပါတယ် ”

” တစ်ကယ်တမ်း မှာတော့ လူငယ် ကစားသမား ဆိုတာ ကပဲ အခြား သူတွေ ထက် ပိုပြီး အလားအလာ ကောင်းတဲ့ မျိုးဆက် တစ်ခု ဖြစ် ကြတယ် လေ ” လို့ ဟိုဆေး မော်ရင်ဟို က လူငယ် ကစားသမား တွေနဲ့ ပတ်သက်လို့ ပြောကြားရင်း အသင်းဟောင်း ကို ပါးပါးလေး ပုတ်သွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar