မန်ချက် စတာ ယူနိုက်တက် အသင်း နည်းပြ ဆိုးရှား ဟာ စင်္ကာပူ မှာ ကစား မယ့် အင်တာ မီလန် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်း ပွဲ ကို မကြာေ သးခင် ပြုလုပ် သွားခဲ့ ပါတယ် ။ မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယမန်နေ့ က သြစတြေးလျ ကနေ ထွက်ခွာ ပြီး စင်္ကာပူ နိုင်ငံ ကို ရောက်လာ ခဲ့တာ ဖြစ် ပါတယ် ။ မနက် ဖြန် မှာတော့ ယူနိုက်တက် ဟာ အင်တာ မီလန် အသင်း နဲ့ ယှဉ်ပြိုင် ကစား သွားမှာပါ ။

ယူနိုက်တက် တိုက်စစ်မှုး လူကာကူ ဟာ အင်တာ နဲ့ ပွဲ မှာ ပါဝင် ဖို့ ကြံ့ခိုင် မှု မပြည့်ဝ သေးပါဘူး လို့ နည်းပြ ဆိုးရှား က အတည်ပြု ပေးလိုက် သလို အပြောင်း အရွှေ့ ကိစ္စ နဲ့ ပတ်သက် လို့လည်း သတင်းသစ် မကြားရ သေးပါဘူး လို့ ဆိုသွား ခဲ့ ပါတယ် ။

စင်္ကာပူ နိုင်ငံ က ပရိသတ် တွေ ရဲ့ ကြိုဆိုမှု အပေါ် အံ့သြ ကျေနပ် ခဲ့ရပြီး ၂၀၀၁ တုန်းက ယူနိုက်တက် နဲ့ ရောက်ခဲ့ဖူး တာကို ပြန် သတိရမိ စေခဲ့တယ် လို့လည်း နည်းပြ က ဆိုသွားခဲ့ ပါတယ် ။

သြစတြေးလျ ခရီးစဉ် ကို မလိုက်ပါ နိုင်ခဲ့ ကြတဲ့ ဖရက်ဒ် နဲ့ ဒါမီယန် တို့ ကတော့ အင်္ဂလန် မှာ ပြန်လည် လေ့ကျင့် နေကြပြီ လို့ သိရ ပါတယ် ။ လိဒ် ယူနိုက်တက် နဲ့ ပွဲ မှာ မပါဝင် နိုင် ခဲ့တဲ့ ဒီဂီယာ နဲ့ လုခ် ရှော တို့ ကတော့ ပြန်လည် နေကောင်း နေကြပြီ ဖြစ်ကာ မိနစ် ၆၀ လောက် တော့ ပါဝင် နိုင်ချေ ရှိ တယ် လို့ သိရ ပါတယ် ။

အာရှ တစ်လွှား ခြေစမ်း ကစား နေစဉ် မှာ ဒေသတွင်း မှာ ရှိ နေတဲ့ အရည် အသွေး ရှိ လငယ် အာရှသား တွေ ကို လည်း ကင်းထောက် နေပါတယ် လို့ ဆိုးရှား က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အင်တာ မီလန် နဲ့ ကစားမယ့် ပွဲ မှာ ကစား သမား အချို့ ကို မိနစ် ၆၀ လောက် အထိ ကစား စေဖို့ ရည်ရွယ် ထားပြီး ပထမ ပိုင်း အပြီး မှာ တစ်သင်းလုံး လဲပစ် ဖို့ အစီ အစဉ် မရှိ ပါဘူး လို့လည်း ဆိုးရှား က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ စင်္ကာပူ ခရီးစဉ် အပြီး ဆက်လက် သွားရောက် မယ့် တရုတ် ခရီးစဉ် မှာ ယမန်နှစ် ရာသီ တုန်းက လို မဖြစ် စေ ရဖို့ အတွက် မြက်ခင်း ပြင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ကို တရုတ် မှာ ကစားမယ့် ကွင်း ဆီကို စေလွှတ် ထားတယ် လို့ သိရ ပါတယ် ။

အပြောင်း အရွှေ့ ကိစ္စ တွေ မှာတော့ သတင်း ထူး မရှိ သေးဘဲ ကောလ ဟာလ တွေ သာ ဆက်လက် ထွက်ပေါ် နေခဲ့ ပါတယ် ။ ယူဗင်တပ် ဟာ ဒီလစ် အပြီး နောက်ထပ် စတား တစ်ဦး ကို ခေါ်ယူ ဖို့ စိတ်ဝင် စား နေ သေးတယ် လို့ သိရ ပါတယ် ။

ယူဗင်တပ် ရဲ့ နောက်ထပ် စတား ပစ်မှတ် ဟာ နေမာ နဲ့ ပေါ့ဘာ တို့ အနက် က တစ်ဦး ဖြစ်လိမ့်မယ် လို့ အီတလီ သတင်းစာ တွေ က ဆိုလာ ခဲ့ကြ ပါတယ် ။ သတင်း အချို့ မှာတော့ ယူဗင်တပ် ဟာ ပေါ့ဘာ အတွက် ဒေါက် ကလပ် ကော်စတာ ၊ မာတွီဒီ နဲ့ ကန်ဆယ်လို တို့ ၃ ဦး ကို အလဲ အထပ် အဖြစ် ကမ်းလှမ်း လိမ့်မယ် လို့ ဖော်ပြ လာခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ဇူလိုင် ၂၀ ရက် နေ့ မှာ ICC ဖလား ပွဲ အဖြစ် အင်တာ မီလန် အသင်း နဲ့ ယှဉ်ပြိုင် ကစား သွားမှာ ဖြစ် ပါတယ် ။

SPORTS MYANMAR