အင်္ဂလန် လက်ရွေးစင် ကစားသမား ဖြစ်သူ ဟယ်ရီ မက်ဂွားယား ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက လက်စတာ စီးတီး အသင်း မှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ခံစစ် ကစားသမား တစ်ဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ် ဖြစ်တဲ့ ပေါင် သန်း 80 နဲ့ ပြောင်းရွှေ့ လာခဲ့ သူပဲ ဖြစ်ပါတယ် ။

အခုတော့ အလှည့် ကြုံသလို ယူနိုက်တက် ရဲ့ အသင်း ခေါင်းဆောင် အဖြစ် ပါဝင် ကစား ပေးခွင့် တွေကို ရရှိ နေခဲ့တဲ့ မက်ဂွားယား ကိုယ်တိုင် က သူဟာ ဒီ ပြောင်းရွှေ့ကြေး နဲ့ ထိုက်တန် တဲ့ အကြောင်း ပြသ ဖို့ ဒီထက် ပိုကောင်းအောင် ၊ အသင်း လိုက် ကစား ပုံ တိုးတက် ကောင်းမွန် လာအောင် လုပ်ဆောင် ပေးဖို့ လိုအပ် ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ဟာ လက်စတာ စီးတီး အသင်း နဲ့ အတူ ကာလရှည် စာချုပ် တစ်ခု ရှိနေ ခဲ့တဲ့ အချိန် တစ်ခုကို ပိုင်ဆိုင် ခဲ့ရ ပါတယ် ။ သူတို့ တွေက ကျွန်တော့် ကို ဆက်လက် ထိန်းသိမ်း လိုခဲ့ ကြ သလို ယူနိုက်တက် ကလည်း ခေါ်ယူ လိုခဲ့ ပါတယ် ။ နောက်ဆုံးတော့ နှစ်သင်းလုံး အတွက် ကောင်းမွန် တဲ့ စီးပွားရေး သဘော တူညီမှု တစ်ခု ရရှိ ခဲ့ကြ ပါတယ် ”

” လက်ရှိ အချိန် မှာတော့ ယူနိုက်တက် တို့ ဒီ ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ခဲ့တယ် ဆိုတာ ထိုက်တန် ကြောင်း ပြသရေး ဆိုတာ က ကျွန်တော် ရဲ့ ရည်မှန်းချက် ပါပဲ ။ တစ်ကိုယ်တော် စွမ်းရည် နဲ့တင် မဟုတ် ပါဘူး ၊ အသင်း လိုက် ကစားဟန် နဲ့ပါ ပြသ နိုင်ရ ပါ့မယ် ။ ကျွန်တော် ဟာ ဒီ အသင်း ကို ဆက်လက် တိုးတက် ကောင်းမွန် စေလို နေပြီး ရှိနေ သင့်တဲ့ နေရာ တစ်ခု ဆီကို ပြန်လည် ရောက်စေ လိုနေ ပါတယ် ” လို့ မက်ဂွားယား က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ဟာ ကစားသမား ဘဝ အတွင်း ဒီ အသင်း နဲ့ အတူ အောင်မြင် မှုတွေ များစွာ ရယူ ဆွတ်ခူး နိုင်ခဲ့ သလို အခု နည်းပြ ဘဝ မှာလည်း အောင်မြင် မှုတွေ ရယူ နိုင်ရေး အတွက် စိတ်အား ထက်သန် နေသူ ပဲ ဖြစ်ပါတယ် ။

2019 – 20 ဘောလုံး ရာသီ အစ အတွင်း ယူနိုက်တက် တို့ ရလဒ် တွေ ဆက်တိုက် ဆိုးရွား ခဲ့စဉ် တုန်းက ဆိုးလ်ရှား ဟာ အသင်း အတွက် ထိုက်တန် တဲ့ နည်းပြ တစ်ဦး ဖြစ်သလား ဆိုတဲ့ မေးခွန်း တွေ ထွက်ပေါ် လာခဲ့ သေးသလို ဆိုးလ်ရှား အောက် ဆိုတဲ့ ဖိအား တွေ အောက်လည်း ကျရောက် ခဲ့ ပါတယ် ။

အခုတော့ မက်ဂွားယား က နည်းပြ ဖြစ်သူ ဖက်မှ ကာကွယ် စကား ဆိုသွား ခဲ့ သလို သူ့ရဲ့ ကစားသမား ဘဝ အတွင်း ရယူ ခဲ့တဲ့ အောင်မြင်မှု တွေနဲ့ 1999 ခုနှစ် ချန်ပီယံ လိဂ် ဖိုင်နယ် တုန်းက အသင်း အတွက် အနိုင်ဂိုး သွင်းယူ ပေးနိုင် ခဲ့တဲ့ နည်းပြ ဟာ အောင်မြင် နိုင် လိမ့်မယ် လို့ ထောက်ခံ သွားခဲ့ လိုက် ပါတယ် ။

” အဲ့ဒီ တုန်းက သူဟာ ကွင်းထဲ မှာ ရှိနေ ခဲ့ပြီး အသင်း အတွက် အရေး အပါဆုံး သွင်းဂိုး ၊ အကြီးမားဆုံး ဆု ဖလား အောင်ပွဲ ကို ရယူ ပေးနိုင် ခဲ့ ပါတယ် ။ ဒါ့ကြောင့် ကျွန်တော် တို့တွေလည်း ကြိုးစား ပြီး သူ့ရဲ့ ခြေရာ ကို ဆက်ခံ နိုင်အောင် လုပ်ဆောင် ကြရ ပါ့မယ် ”

” သူရဲ့ လက်အောက် မှာ ကစား ရတာ တစ်ကယ် ပဲ ခမ်းနား လှ ပါတယ် ။ ကျွန်တော် အသင်း ဆီကို ရောက်ရှိ ခဲ့စဉ် ကတည်းက သူဟာ တစ်ကယ်ပဲ ကောင်းမွန် ခဲ့ ပါတယ် ။ သူရဲ့ လက်အောက် မှာ အလုပ် လုပ်ရခြင်း က ကစားသမား တွေ အတွက် တစ်ကယ် ပဲ စိတ်လှုပ်ရှားဖွယ် ကောင်းလှ ပါတယ် ” လို့ မက်ဂွားယား က မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် ပရီးမီးယား လိဂ် အမှတ်ပေး ဇယား အဆင့် 7 နေရာ မှာ ရပ်တည် နေခဲ့ ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ တစ်ပါတ် မှာတော့ ပရီးမီးယား လိဂ်ရဲ့ ခံစစ် အကောင်းဆုံး အသင်း တစ်သင်း ဖြစ်တဲ့ မက်ဂွားယား ရဲ့ အသင်း ဟောင်း ရှက်ဖီး ယူနိုက်တက် နဲ့ ရင်ဆိုင် ရဖို့ ရှိနေ ပါတယ် ။

#Sports_Myanmar