နည်းပြ ယာဂန်ကလော့ က ဂျိုရယ်မာတစ် ဒဏ်ရာ ရခဲ့ပြီးနောက်ပိုင်း အသင်းမှာ နေရာ ပြန်ရ လာခဲ့ပြီး ခြေစွမ်းပြ နေတဲ့ နောက်ခံလူ ဒီဂျန်လော့ဗရန် ရဲ့ ခြေစွမ်း နဲ့ ပက်သက်ပြီး သူ့ဘက်က အံ့သြမှု မရှိဘူးလို့ ဆိုလိုက် ပါတယ်။

 

 

အန်ဖီးမှာ ပွဲကစားခွင့် နည်းပါး နေတာကြောင့် အနာဂတ် မတည်မငြိမ် ဖြစ်နေတယ်လို့ သတင်းတွေ ထွက်နေ ပေမယ့် ယာဂန်ကလော့က ဇာဒန် ရှကီရီဟာ လီဗာပူး မှာ အနာဂတ် ရှိနေ တယ်လို့ ပြောလိုက် ပါတယ်။

ဆာလား / ရောဘတ်ဆန် တို့နဲ့ ပက်သက်ပြီး ပဲလေ့စ် နည်းပြ ရွိုင်းဟော့ဆန် က “သူတို့ ပါ၀င် ကစားမှ မဟုတ်ဘူး ဆိုတဲ့ team sheet ကို မမြင်ရချိန် အထိ ကျွန်တော်တို့ ကတော့ သူတို့ ကစားမယ်လို့ တွက်ထား ပါတယ်။ ဒဏ်ရာကြောင့် မဖြစ်မနေ ချန်ထား ခဲ့ရတာက လွဲလို့ ယာဂန်ကလော့ဟာ သူ့ရဲ့ အတောင့်တင်းဆုံး အသင်းကို ထုတ်သုံး သွားနိုင်မယ်လို့ ကျွန်တော် မှန်းဆ ထားပါတယ်။” လို့ ဆိုသွား ပါတယ်။

လီဗာပူး ယူ ၂၃ အသင်းဟာ မနေ့က ပရီးမီးယားလိဂ် ၂ ပွဲစဉ် မှာ ဘရိုက်တန် အသင်းကို ၅ ဂိုး ၃ ဂိုးနဲ့ အနိုင် ရရှိ ခဲ့ပြီး ဂိုးတွေ ကိုတော့ ကာတစ်ဂျုံး (၂ဂိုး) ၊ ဟာဗေးအီလီယော့ ၊ ခရစ်စတီးဒေဗီးစ် ၊ လူးဝစ် လောင်းစတပ် တို့က သွင်းယူ ပေးခဲ့ ကြပါတယ်။

လီဗာပူးဟာ ပဲလေ့စ်နဲ့ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲစလုံး ကို အနို်င် ကစား ထားခဲ့ပြီး မာနေး ဟာ ဒီပွဲ အားလုံးမှာ ဂိုးသွင်း နိုင်ခဲ့ကာ ဒါဟာ ပဲလေ့စ် နဲ့ တွေ့ဆုံ ရာမှာ ဆက်တိုက် ဂိုးသွင်းမှု အများဆုံး စံချိန် ဖြစ်ပါတယ်။ အီးဂဲလ် တို့နဲ့ ကစားသမား ၁၀ ပွဲ တွေ့ဆုံ ခဲ့ရာမှာ မာမနေး ဟာ ရ ဂိုးထိ သွင်းယူ ထားခဲ့ပြီး ဒါဟာ ၎င်းရဲ့ ကစားသမား ဘဝ အခြား အသင်းတွေထက် သွင်းဂိုး ပိုမို ရခဲ့တာ ဖြစ်ပါတယ်။

ကြံ့ခိုင်မှု မပြည့်ဝသေးတာကြောင့် ပဲလေ့စ် နဲ့ ပွဲကို လွဲချော် နိုင်ခြေ ရှိနေတယ်လို့ သတင်း ထွက်နေတဲ့ မိုဟာမက် ဆာလား ဟာ ခရစ်စတယ် ပဲလေ့စ် နဲ့ ကစား ရမယ့် ပွဲစဉ် အတွက် လန်ဒန် ကို လီဗာပူး အသင်းနဲ့ အတူ လိုက်ပါ လာမယ်လို့ သိရပါတယ်။

အီဂျစ် အသင်း ခြေစစ်ပွဲ အောင်ခဲ့ ပြီးနောက် ယာဂန်ကလော့ က လာမည့် နွေရာသီ အိုလံပစ် ပြိုင်ပွဲ အတွက် မိုဟာမက် ဆာလား ဘယ်လို စီစဉ် ထားသလဲ ဆိုတာကို စကား ပြောဆို သွားမှာ ဖြစ်တယ်လို့ ထုတ်ဖော် လိုက်ပါတယ်။ အမျိုးသား အိုလံပစ် ဘောလုံးပြိုင်ပွဲဟာ လာမည့် ဇူလိုင် ၂၃ မှ သြဂုတ်လ် ၈ ရက်နေ့ အထိ တိုကျိုမှာ ကျင်းပ သွားမှာ ဖြစ်ပြီး ဒါဟာ ဆာလား ရဲ့ ရာသီကြို ပြင်ဆင်မှု အပြင် ပရီးမီးယားလိဂ် ရာသီအစ ပွဲတွေကိုလည်း လွဲချော် သွားမှာ ဖြစ်ပါတယ်။

ခရစ်စတယ်ပဲလေ့စ် နဲ့ လီဗာပူး တို့ရဲ့ ပွဲကို ကွင်းလယ်ဒိုင် ဖြစ်သူ ကယ်ဗင်ဖရန့်က ကိုင်တွယ် သွားမှာ ဖြစ်ပြီး VAR ဒိုင် အဖြစ် တာဝန်ကျ တာကတော့ ခရစ်ကာဗာနက်ချ် ပဲ ဖြစ်ပါတယ်။

ယာဂန်ကလော့ က သူ့ရဲ့ အသင်း အနေနဲ့ လက်ရှိ သူတို့ရဲ့ အကောင်းဆုံး ရလဒ် မှတ်တမ်းကို ဆက်လက် ရှေ့ဆက် နိုင်အောင် လုပ်နိုင်မယ်လို့ မျှော်လင့် ထားပေမယ့် အကယ်၍ သူတို့သာ ဒီရာသီ အမှတ်ပေးဖလား ကို မဆွတ်ခူး နိုင်ခဲ့ဘူး ဆိုရင် ဘာမှ အကြောင်းပြချက် ပေးသွားလို့ ရမှာ မဟုတ်ဘူးလို့ ၀န်ခံ လိုက်ပါတယ်။

ယာဂန်ကလော့ က သူတို့ အသင်း မန်စီးတီး ကို အကောင်းဆုံး စွမ်းဆောင်ရည် နဲ့ အနိုင် ရခဲ့ပြီးနောက် စိတ်ခံစားမှုပိုင်း ဆိုင်ရာ အမြင့်ဆုံး ဖြစ်နေ ချိန်မှာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် တွေဟာ သူတို့ရဲ့ အရှိန်အဟုန် ကို တန့်သွား စေခဲ့တယ်လို့ ပြောခဲ့ ပါတယ်။

ပက်ဂွာဒီယိုလာ က “ကျွန်တော်တို့ အခု ပြိုင်ဆိုင် နေရတဲ့ အသင်းဟာ လုံးဝ ရပ်တန့်လို့ မရလောက်တဲ့ ပုံစံ နဲ့ ထိပ်တန်း ပုံစံ ရနေတဲ့ လီဗာပူး အသင်းပါ။ သူတို့ဟာ ဥရောပ ရဲ့ လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုမှ နို၀င်ဘာလပဲ ရှိနေ ပါသေးတယ်။”

SM