လက်ရှိ နည်းပြ ဆိုးလ်ရှား လက်အောက် မှာ လူငယ် ကစား သမား လေးတွေ နဲ့ ပတ်သက်လို့ လုပ်ဆောင် နေတဲ့ အလုပ် တွေ အပေါ် သူဟာ အားပေး တိုက်တွန်း ကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် နည်းပြ ဟောင်း ဖြစ်သူ ဆာ အဲလက်စ် ဖာဂူဆန် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဂန္ဓဝင် ဖြစ်တဲ့ ဆာ အဲလက်စ် ဖာဂူဆန် ဟာ နည်းပြ ဘဝ အတွင်း အောင်မြင် မှုတွေ များစွာ ရယူ ထားနိုင် ခဲ့တာ ကြောင့် ကျော်ကြား ခဲ့ သလို သူ့ရဲ့ လူငယ် ကစားသမား လေးတွေ ကို နေရာ ပေး ကစား စေခြင်း ကလည်း အောင်မြင်ခြင်း ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဖြစ်လာ ခဲ့တဲ့ ဆိုးလ်ရှား ဟာလည်း အသင်း မှာ ရပ်ရှ်ဖို့ ၊ တော်မီနေး ၊ ဂရင်းဝုဒ် ၊ တာဟစ်ချောင် ၊ အိန်ဂျယ် ဂိုးမက်စ် ၊ ဂျိမ်းစ် ဂါနာ ၊ တွမ်ဇီဘီ ၊ ဘရန်ဒန် ဝီလီယံ အစ ရှိတဲ့ လူငယ် ကစားသမား လေးတွေ ကို နေရာ ပေးရင်း နောက် တစ်ဆင့် တက်နိုင်အောင် ကူညီ ပေးနေ ခဲ့ ပါတယ် ။

တပည့် ဖြစ်သူ မှ အခုလို လုပ်ဆောင် နေခြင်း တွေနဲ့ ပတ်သက်လို့ နည်းပြ ဟောင်း ဖြစ်တဲ့ ဖာဂူဆန် က …

” သူတို့ အားလုံး အလုပ် ကောင်းကောင် လုပ်ပြ နေခဲ့ ကြ ပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် တော့ ကောင်းမွန် တဲ့ စုဖွဲ့မှု ပါပဲ ။ ယူနိုက်တက် ဆီကို သွားရောက် လိုတဲ့ လူငယ် တိုင်း အတွက် ဒါဟာ သင့်တော် ကောင်းမွန် လှတဲ့ ခမ်းနား တဲ့ အသင်း တစ်သင်း ပါပဲ ”

” အင်္ဂလန် ဟာ လက်ရွေးစင် အသင်း အထိ ခေါ်ယူ ကစား ပေးလို့ ရရှိ နိုင်မယ် အရည် အသွေး မြင့် လူငယ် ကစားသမား လေးတွေ ကို မွေးထုတ် ပေးနေ ခဲ့ ပါတယ် ။ သူတို့ တွေဟာ ပိုမို ကောင်းမွန် လာဖို့ ပဲ ရှိနေ ပါတယ် ။ စကော့တလန် ဟာလည်း အဲ့တာ ကို လိုက်လုပ် နိုင်ဖို့ ကျွန်တော် မျှော်လင့် နေ ပါတယ် ”

” လူငယ် ကစားသမား လေးတွေ နဲ့ ပတ်သက်လို့ ပြောကြား ရမယ် ဆိုရင် သူတို့ ကစား နေတဲ့ အသင်း က ဘယ်လောက် ပဲ ကြီးမား နေ ပါစေ ၊ ဒီ အသင်း အတွက် စတင် ကစား ပေး ရတဲ့ အချိန် မှာ သူတို့ တွေဟာ ခင်ဗျား ကို စိတ်ဓါတ် ကျ စေမှာ မဟုတ် ပါဘူး ။ သူတို့ တွေမှာ ခြေစွမ်း ပြဖို့ စိတ်အား ထက်သန် မှု အပြည့် ရှိ ကြတယ် လေ ” လို့ ဖာဂူဆန် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ဖာဂူဆန် က သူ့ရဲ့ ယူနိုက်တက် နည်းပြ ဘဝ တုန်းက အကြောင်း အရာ အချို့ ကို ဖွင့်ဟ ပြောကြား သွားခဲ့ ပြီး အသင်း အတွက် အကယ်ဒမီ ဟာ ဘယ်လောက် အထိ အရေး ပါတဲ့ ကဏ္ဍ တစ်ရပ် မှ ပါဝင် နိုင်ခဲ့ သလဲ ဆိုတဲ့ အကြောင်း ကို ရှင်းပြ သွားခဲ့ လိုက် ပါတယ် ။

” အကယ်လို့ ကျွန်တော် တို့ 92 ခုနှစ် တုန်းက လူငယ် ကစား သမား လေးတွေ အကြောင်း ပြောကြား ကြမယ် ဆိုရင် ကျွန်တော် တို့ဟာ သူတို့ ကို ပရိသတ် 75,000 အကြား ကစား ခွင့် ရရှိ ဖို့ အခွင့် အရေး ပေးခဲ့ ကြ ပါတယ် ။ သူတို့ တွေ ကလည်း ဒီလို အခွင့်အရေး မျိုးကို လက်လွတ် မခံချင် ကြဘူး လေ ”

” အဲ့တာ ပြီးတော့ သူတို့ အားလုံး က အလုပ် ကို တစ်ကယ်ပဲ ကောင်းမွန်စွာ လုပ်ဆောင် နိုင်ခဲ့ ကြ ပါတယ် ။ ဒါ့အပြင် သူတို့ အားလုံး က တစ်ကယ့် လူကောင်း တွေလည်း ဖြစ်ခဲ့ ကြ ပါတယ် ” လို့ ဖာဂူဆန် က သူ့ကို အောင်မြင် မှုတွေ ရရှိ ရေးမှာ အရေးပါ ခဲ့ ကြတဲ့ တပည့်ဟောင်း တွေကို ချီးကျူး သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar